အခွန်တံဆိပ် မကပ်သည့် ရွှေဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည်

အခွန်တံဆိပ် မကပ်သည့် ရွှေဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
26 Jun 2017 10:24 am တွင် တင်ခဲ့သည်
2365 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအတွင်းရှိ ရွှေဆိုင်များကို ရွှေအရောင်းပြေစာများတွင် ရွှေ အခွန် အမှတ် တံဆိပ်များ ကပ်ရန် ညွန်ကြားထားပြီးဖြစ်ရာ လိုက်နာခြင်း မရှိသည့် ဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအခွန် ဦးစီးဌာနထံမှ သိရသည်။

ရွှေထည်ပစ္စည်း အရောင်းပြေစာများတွင် ရွှေခွန် အမှတ်တံဆိပ်များ ကပ်ရန် ဇွန်လ (၁) ရက်နေ့ကစ၍ အသိပေးထားပြီး ရွှေခွန် အမှတ်တံဆိပ်များကို လည်း ရွှေဆိုင်များသို့ ထုတ်ထားပေးပြီးဖြစ်ကြောင်း၊ ဇွန်လ တစ်လလုံးကို ပ ညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေပြီး လိုက်နာခြင်းမရှိသူများကို သတိပေးမှုများသာ ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

“အရင် အခွန်စည်းကြပ်တဲ့စနစ်က သူတို့တင်ပြတဲ့အပေါ်မှာ မူတည်ပြီးတာ့ စည်းကြပ်ရတာပေါ့။ သူတို့က ဖျောက်ထားရင်လည်း ကိုယ်တို့က အတင်းအ ကျပ် ကြီး လုပ်လို့မရဘူး။ သူတိုတင်ပြတဲ့အတိုင်း စစ်ရတာ။ အခုက ဆွဲကြိုး တစ်ကုံး ရောင်းလိုက်ရင် သူရဲ့ တန်ဖိုးက ပြေစာမှာပေါ်တယ်။ အဲဒီမှာ တံဆ ပ်ခေါင်း ကပ်ပေးလိုက်ရမှာပေါ့။ ကိုယ်တိုင် အခွန်ဆောင်တဲ့စနစ်ကို စတင် ကျင့်သုံးတဲ့သဘောပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဇွန်လ ၁ ရက်နေ့မှ စတင် လုပ်ဆောင်နေခြင်းဖြစ်ရာ သတ်မှတ်စည်းကမ်း မလိုက်နာပါက ကုန်သွယ်ခွန် ဥပဒေဖြင့် ဒဏ်ငွေ ပေးဆောင်စေခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ ဒဏ်ေ ငွ မည်မျှဆောင်ရမည်ကို လတ်တလောတွင် ညွန်ကြားထားခြင်း မရှိသေးေ ကြာင်း အခွန်ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ရွှေဆိုင်များတွင် ရွှေထည်ပစ္စည်း သီးသန့် ရောင်းရငွေ၏ တစ်ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံမည်ဖြစ်ကာ ရွှေထည်တွင် ကျောက်ပါဝင်ပါက ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ထပ်ဆောင်း ကောက်ယူသွား မည်ဖြစ်ေ ကြာင်း၊ ရွှေအခွန် အမှတ်တံဆိပ်များကို ၁၀ဝ တန်၊ ၂၀ဝ တန်၊ ၅၀ဝ တန်၊ ၁၀ဝ၀ တန်၊ ၅၀ဝ၀ တန်နှင့် တစ်သောင်းတန် တံဆိပ်ခေါင်းများအဖြစ် ထုတ်ဝေပေးထားကြောင်း မန္တလေး တိုင်းအခွန်ဦးစီးဌာနထံမှ သိရသည်။

“အခွန်က ဝယ်သူတွေဆီကနေ ရတာ မှန်တယ်။ တကယ်တမ်းက တစ်ကျပ် သား၊ နှစ်ကျပ်သားလောက်က သိပ်ပြီး မသိသာဘူး။ များတဲ့အခါမှာ သိသာ တယ်ပေါ့။ အဲ့ဒီအခါမှာ လူတွေကအင်လာကြတယ် မပေးချင်တော့ဘူး။ ဒါက လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေပေါ့။ အခုတော့ ဆောင်နေကြတာပဲ။ အဆင်ပြေနေတယ်ပေါ့”ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

လက်ရှိတွင် အခွန်စည်းကမ်းများ မလိုက်နာသည့် စားသောက်ဆိုင်များကို အရေးယူမှုများ ပြုလုပ်နေရာ ဇွန်လနောက်ဆုံးပတ်အထိ ဆိုင်ပေါင်း ၂၁ ဆိုင်ကို အရေးယူထားကြောင်း မန္တလေးတိုင်း အခွန် ဦးစီးဌာနထံမှ ထပ်မံ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service