စတော့အိတ်ချိန်းဈေးကွက်တွင် ကုမ္ပဏီ ၃ ခု တိုးလာရန် ရှိ

စတော့အိတ်ချိန်းဈေးကွက်တွင် ကုမ္ပဏီ ၃ ခု တိုးလာရန် ရှိ - Property News in Myanmar from iMyanmarHouse.com
26 Jun 2017 9:29 am တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် စာရင်းဝင်ကုမ္ပဏီ ၃ ခုခန့် တိုးလာရန် ပြင်ဆင် လုပ်ဆောင် နေကြောင်း ရန်ကုန်စတော့ အိတ်ချိန်း ရုံးရှိ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော် မရှင် (SECM)မှ သိရသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မ ရှင်(SECM) အဖွဲ့ဝင် ဦးဌေးချွန်က‘‘အရင်ကတော့ ကုမ္ပဏီရဲ့ အလားအ လာ ညွှန်းတမ်း စစ်တာတွေ မပါတဲ့အတွက် အခု စာရင်းဝင်နေတဲ့ ကုမ္ပဏီေ တွမှာတော့ မရှိဘူး။ အခုနောက်လာမယ့် ကုမ္ပဏီတွေမှာတော့ ကုမ္ပဏီရဲ့ အလားအလာညွှန်းတမ်းကို သေချာစစ်ရတယ်။ စာရင်းဝင်ကုမ္ပဏီ ၃ခုေ လာက် တိုးလာဖို့ ရှိပါတယ်’’ဟု ပြောသည်။

ယင်းကဲ့သို့သော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းတွင် အချက်အလက် များ ပြည့်စုံစွာ ဖော်ပြထားမှသာလျှင် စာရင်းဝင် ကုမ္ပဏီအဖြစ် ခွင့်ပြုပေး မည် ဖြစ်ပြီး အလားအလာညွှန်းတမ်း အချက်မှာ ယခင်ခွင့်ပြုထားသော စာ ရင်းဝင် ကုမ္ပဏီများတွင် ပါဝင်ခြင်း မရှိကြောင်း ၊ အများပြည်သူက ဝယ်ယူ သည့် ငွေများကို မည်သို့ သုံးစွဲမည်၊ မည်သည့်စီမံချက် ရှိပြီး ခိုင်မာမှုရှိ၊ မရှိ တို့ကို စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်းရုံး၌ စာရင်းဝင်ကုမ္ပဏီများမှာ ပထမ ပုဂ္ဂလိကဘဏ် လီမိတက်(FMI)၊ မြန်မာနိုင်ငံ သားများဘဏ် လီမိတက် (MCB)၊ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက်(FPB) နှင့် မြန်မာ သီ လဝါအက်(စ်) အီး ဇက် ဟိုး(လ်)ဒင်း (စ်)ပတ်ဘလစ်လီမိတက် (MTSH) တို့ ဖြစ်ကြသည်။

နောက်ထပ် စာရင်းဝင်ကုမ္ပဏီဖြစ်ရန် စစ်ဆေးနေသော ကုမ္ပဏီ ၃ ခုမှာ ဂ ရိတ်ဟောဂန်း ကုမ္ပဏီ၊ တယ်လီကွန်း နှင့် MAPCO တို့ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်စတော့ အိတ်ချိန်းမှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က “တချို့ ရင်းနှီးမြှုပ်နှံသူတွေက အမြတ်မရတဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိတယ်။ မြတ် ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိတယ်။ အဓိက ဆိုလိုတာက စတော့အိတ် ချိန်း ဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံမှု တခုပါ။ ကာလတိုအတွင်း အရမ်းနူးညံ့တဲ့ အချိန် အတွင်းမှာ အရမ်းကြီး မြတ်ချင်ပြီး ရောင်းကြ ၊ ဝယ်ကြမယ်ဆိုရင် ဆုံး ရှုံးနိုင်ခြေရှိတယ်။ ကာလရှည် ရင်းနှီးရမယ့် ဈေးကွက် ဖြစ်ပါတယ်” ဟု ဧရာ ဝတီနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့ဖူးသည်။

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်သည် လက်ရှိတွင် အရောင်းအဝယ်များ ကျဆင်းနေပြီး ယခုတပတ်အတွင်းFMI ရှယ်ယာ တစုလျှင် ၁၄၀၀၀ ကျပ်နှင့် ရှယ်ယာ စုစုပေါင်း ၃၈၀၀ ကျော်၊ MTSH ရှယ်ယာ တစုလျှင် ၃၉၅၀ ကျပ်နှင့် တရက်လျှင် ၂၂၀၀ ကျော် ၊ MCB ရှယ်ယာတစုလျှင် ၉၀၀၀ ကျပ်နှင့် တရက် လျှင် ရှယ်ယာ စုစုပေါင်း ၂၀၀ ကျော် ၊ FPB ရှယ်ယာ တစုလျှင် ၂၆၅၀၀ ကျပ်နှင့် တရက်လျှင် ရှယ်ယာ စုစုပေါင်း ၅၄၉ စု ရောင်းချနေရကြောင်း ရန် ကုန်စတော့ အိတ်ချိန်းရုံးမှ သိရသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်ခဲ့ပြီးနောက် First Myanmar Investment Co., Ltd. (FMI)၏ အစု ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ရက်နေ့တွင် စာရင်းဝင် အစုရှယ် ယာများ အဖြစ် ဈေးကွက်သို့ စတင်ရောင်းဝယ်နိုင်ခဲ့ကြောင်း သိရသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service