Prince of Persia: The Sands of Time သရုပ်ဆောင် ဂျိတ်ခ် ဂယ်လင်ဟားလ် နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်းဝယ်ယူ

Prince of Persia: The Sands of Time သရုပ်ဆောင် ဂျိတ်ခ် ဂယ်လင်ဟားလ် နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်းဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Jun 2017 11:38 am တွင် တင်ခဲ့သည်
976 ကြိမ် ကြည့်ရှု့ပြီး
နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်သော ဂျိတ်ခ် ဂယ်လင်ဟားလ်သည် နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ် အနုပညာရှင်များ စုဝေးရာ
နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်း
တစ်ခန်းဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက်
အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျိတ်ခ် ဂယ်လင်ဟားလ်သည် Prince of Persia: The Sands of
Time၊ The Day After Tomorrow (2004) အစရှိသည့်
ရုပ်ရှင်များအပြင် အခြားရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အမေရိကန်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

Brokeback Mountain ဇာတ်ကားတွင် အကောင်းဆုံးဇာတ်ပို့
အော်စကာဆု ဇကာတင်အမည်စာရင်းတင်သွင်းခံခဲ့ရသည်။
ဂရင်းဝစ်ခ်ျရွာ ၊ အမှတ် ၄၄၃ အဆောက်အအုံကြီးရှိ
ကွန်ဒိုခန်းကို ဝယ်ယူလိုက်ခြင်းဖြစ်ပြီး အဆိုပါအဆောက်အအုံတွင် အခြားနာမည်ကျော်များစွာ နေထိုင်လျက်ရှိကြသည်။
အိပ်ခန်း ၃ ခန်းပါ ကွန်ဒိုခန်းအတွက် အရောင်း
အဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၆၃ သန်း
ဖြစ်သည်ဟု ဆိုသည်။

ဂယ်လင်ဟားလ်သည် Woodrow Trust ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်အိမ်ခြံမြေ မှတ်ပုံတင် မှတ်တမ်းများ တွင် ဖော်ပြသည်။

နေအိမ်ခန်းအကျယ်အဝန်းမှာ ၂၈၆၈ စတုရန်းပေရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။
မစ္စတာ ဂယ်လင်ဟားလ်၏ ကိုယ်စားလှယ်တစ်ဦးကမူ အဆိုပါအရောင်းအဝယ်နောက်တွင် ဂယ်လင်ဟားလ်ရှိကြောင်း အတည်ပြုချက်ပေးရန် ငြင်းပယ်ထားသည်။

အဆောက်အအုံတွင် ၂၄ နာရီ လုံခြုံရေးနှင့် မန်နေဂျာတို့ ထားရှိထားပြီး အလျား ၇၁ ပေရှိ ရေကူးကန်၊ ကလေးကစားကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဝိုင်သို့လှောင်ခန်းတစ်ခု၊ စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသော အမိုးပေါ် လသာဆောင်တို့ ပါဝင်သည်။

မက်ဂ်ရိုင်ယန်၊ ဂျပ်စတင် တင်းဘားလိတ်ခ်၊ ဂျက်ဆီကာ ဘိုင်ရယ်၊ ရိုင်ယန်ရေးနိုး၊ ဘလိတ်ခ် လစ်ဗ်လီ၊ ဂျနီဖာလောရင့်စ်နှင့် ဟယ်ရီစတိုင်တို့လည်း အဆိုပါအဆောက်အအုံတွင် နေထိုင်ကြသည်။

လက်ရှိအားဖြင့် အဆိုပါအဆောက်အအုံတွင် အခန်း ၇ ခန်းဝယ်ယူရရှိနိုင်သေးပြီး အိပ်ခန်း ၃ ခန်းပါ အခန်း ၄ ခန်း၊ အိပ်ခန်း ၄ ခန်းပါအခန်း ၂ ခန်းနှင့် အိပ်ခန်း ၅ ခန်းပါ penthouse တစ်ခန်းတို့ဖြစ်ပြီး penthouse ခန်းမှာ ကန်ဒေါ်လာ ၅၅ သန်း ဈေးခေါ်ထားသည် ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Prince of Persia: The Sands of Time သရုပ်ဆောင် ဂျိတ်ခ် ဂယ်လင်ဟားလ် နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်းဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
Prince of Persia: The Sands of Time သရုပ်ဆောင် ဂျိတ်ခ် ဂယ်လင်ဟားလ် နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်းဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
Prince of Persia: The Sands of Time သရုပ်ဆောင် ဂျိတ်ခ် ဂယ်လင်ဟားလ် နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်းဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
Prince of Persia: The Sands of Time သရုပ်ဆောင် ဂျိတ်ခ် ဂယ်လင်ဟားလ် နာမည်ကျော် ဂရင်းဝစ်ခ်ျရွာတွင် နေအိမ်ခန်းဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service