ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အကောင်ထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် သိမ်းဆည်းမည့် လယ်မြေများအတွက် တစ်ဧကလျှင် လျော်ကြေး ကျပ်သိန်း ၉၀၀ ပေးလျော်
ရန် တောင်းဆိုလိုက်ကြောင်း လယ်ပိုင်ရှင်များက ပြောကြားသည်။
အဆိုပါ စီးပွားရေးဇုန် ဖော်ဆောင်ရန်အတွက် ဇွန်လ ၁၉ ရက်နေ့မှ
စတင်၍ အစိုးရအဖွဲ့၊ လယ်ပိုင်ရှင်များနှင့် စီးပွားရေးဇုန် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းရာတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
သိမ်းဆည်းမည့်ေ မြအမျိုးအစားအလိုက် လယ်မြေတစ်ဧကကို ကျပ်သိန်း ၉၀၀၊ ဥယျာဉ်မြေတစ်ဧကကို ကျပ်သိန်း ၇၀၀ နှင့် နွားစားကျက်မြေ တောင်မြေတစ်ဧကလျှင် ကျပ်သိန်း ၅၀၀ ပေးရန် တောင်းဆိုခဲ့ကြကြောင်း လယ်မြေ ၅ ဧက ပိုင်ဆိုင်သည့် လယ်ပိုင်ရှင် ဦးစောမောင်နုက ပြောဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် နေရာတွင် တည်ဆောက်မည်ဖြစ်ပြီး မြေဧက ၂၅၀ ဖြင့် စတင် အကောင်အထည်ဖော်ဆောင်ကာ စီးပွားရေးဇုန်ကို မြေဧက ၄၂၈၀ ကျော်အထိ အသုံးပြုရန် လျာထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။
အစိုးရအနေဖြင့် သိမ်းဆည်းမည့် လယ်မြေများအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊ လျော်ကြေးငွေတောင်းဆိုမှုကို ကုမ္ပဏီနှင့် ဆွေးနွေးပြီးမှသာ အကြောင်းကြားမည်ဟု ပြောဆိုခဲ့ကြောင်း ဇိုင်ချောင်းကျေးရွာမှ လယ်လုပ်ကိုင်သူ ဦးအောင်ကြီးက ရှင်းပြသည်။
Credit: The Voice