မြန်မာနိုင်ငံ အိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း ဗဟို၏ မြို့နယ်အလုပ်အမှုဆောင်များပြန်လည်ရွေးချယ်ရာတွင် ထက်ဝက်ခန့်ပြန်လည်ရွေးချယ်ပြီးခဲ့ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုမှ ဒုတိယဥက္ကဌ ၁ ဦးသန်းဦးမှ
ပြောသည်။
""ပြန်လည်ရွေးချယ်တဲ့လုပ်ငန်းစဉ်တွေက တစ်ဝက်လောက်ပြီးနေပြီ။အရင်မြို့နယ်အမှုဆောင်တွေက အခုသုံးနှစ်ပြည့်တော့ တိုင်းအဆင့် ဗဟိုအဆင့်တွေရောက်ကုန်ပြီ။အဲဒါကြောင့် လစ်လပ်သွားတဲ့နေရာတွေအတွက်ပြန်ရွေးရတာပေါ့။အသင်းရဲ့စည်းမျဉ်းစည်းကမ်းမှာကိုကသုံးနှစ်တစိကြိမ်ပြန်လည်ရွေးချယ်ဖို့ပါတယ်လေ။စုစုပေါင်းရန်ကုန်တိုင်းဒေသကြီးမှာ ၃၈ မြို့နယ်ရှိတယ်။ဒါတွေကိုပြန်ရွေးတာပါ။""ဟု ဦးသန်းဦးမှ ဆိုသည်။
လက်ရှိပြန်လည်ရွေးချယ်ပြီးသောနေရာများမှာ ကမာရွတ်၊ အင်းစိန် ၊ လှိုင်၊မြောက်ဒဂုံ ၊ ဒဂုံအရှေ့၊ ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ဗိုလ်တထောင် ၊တာမွေ ၊ မင်္ဂလာတောင်ညွန့် ၊ မရမ်းကုန်း အစရှိသည့်နေရာများတွင်ရွေးချယ်ပြီးစီးခဲ့ကြောင်းသိရသည်။
ယခုရွေးချယ်ခဲ့သော သက်တမ်းသည် ၂၀၁၇ မှ ၂၀၂၀ အထိကြာ်မြင့်မည်ဖြစ်ကာ အသင်း၏စည်းမျဉ်း ၊ စည်းကမ်းတွင်ပြဌာန်းထားသော သုံးနှစ်တစ်ကြိမ်ဟူသော
စည်းကမ်းအရ ၂၀၂၀ ခုနှစ်တွင်ပြန်လည်ရွေးချယ်မည်ဖြစ်သည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com