စည်းမျဉ်းတင်းကျပ်မှုကြောင့် တရုတ်အိမ်သစ်နှင့်ကြိုပွိုင့်အိမ်ဈေးကွက်များ တည်ငြိမ်ဆဲ

စည်းမျဉ်းတင်းကျပ်မှုကြောင့် တရုတ်အိမ်သစ်နှင့်ကြိုပွိုင့်အိမ်ဈေးကွက်များ တည်ငြိမ်ဆဲ - Property News in Myanmar from iMyanmarHouse.com
22 Jun 2017 10:38 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံတွင် ​ကောလာဟလများအား ထိန်းချုပ်ရန် အိမ်ခြံမြေစည်းမျဉ်းများ တင်းကျပ်ထားသော မြို့ကြီး ၁၅ မြို့၏ အိမ်သစ်ဈေးနှင့်ကြိုပွိုင့်အိမ်ဈေး ဖွံ့ဖြိုးနှုန်းများသည် ပြီးခဲ့သည့်လ (မေ) က ယမန်နှစ်မေလအောက် ကျဆင်းခဲ့ပြီး ယမန်နှစ်ဈေးအောက် နိမ့်ကျခဲ့သည့် နောက်ထပ်တစ်လအဖြစ် မှတ်တမ်းကျန်ခဲ့ပြန်ပြီ ဖြစ်သည်။ နိုင်ငံ၏ အဟော့ဆုံးအိမ်ခြံမြေဈေးကွက်များ ဆက်လက်တည်ငြိမ်ခဲ့မှု၏ သက်သေတစ်ခုပင် ဖြစ်သည်။

ပထမတန်းစားမြို့ကြီး ၄ မြို့ပါဝင်သော ၎င်းမြို့ကြီး ၁၅ မြို့၏ ယခုနှစ်မေလ အိမ်သစ်ဈေးနှင့်ကြိုပွိုင့်အိမ်ဈေး ဖွံ့ဖြိုးနှုန်းများသည် ယမန်နှစ်မေလအောက် ၀ ဒသမ ၅ မှ ၆ ဒသမ ၄ ရာခိုင်​နှုန်းအကြား လျော့ကျခဲ့ကြောင်း အဓိကမြို့ကြီး ၇၀ ၏ အိမ်သစ်ဈေးကွက်နှင့် ကြိုပွိုင့်အိမ်ဈေးကွက်များကို လေ့လာစောင့်ကြည့်ခဲ့သည့် တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဇွန် ၂၀ တွင် ထုတ်ပြန်ခဲ့သည်။

"နိုင်ငံတစ်ဝန်းရှိ ပထမတန်းစားနဲ့ ဒုတိယတန်းစားမြို့ကြီးတွေမှာ အိမ်သစ်ဈေးရော ကြိုပွိုင့်အိမ်ဈေးတွေ ဖွံ့ဖြိုးနှုန်းတွေဟာ သက်တမ်းတစ်လျှောက်အသိသာဆုံးနှုန်းနဲ့ ကျဆင်းခဲ့ပါတယ်" ဟု NBS ၏ အကြီးတန်းစာရင်းအင်းပညာရှင် လျိုကျန်းဝေက ပြောကြားခဲ့သည်။ "ဥပမာအားဖြင့်ဆို အဲ့ဒီပထမတန်စားမြို့ကြီး ၄မြို့မှာ အိမ်သစ်ဈေးဖွံ့ဖြိုးနှုန်းရော ကြိုပွိုင့်အိမ်ဈေးဖွံ့ဖြိုးနှုန်းပါ ကျဆင်းတာဟာ ဒီမေလဟာ ရှစ်လမြောက်ဆက်တိုက်ကျဆင်းတဲ့လပါ" ဟုလည်း သူက ပြောကြားခဲ့သည်။

ဒုတိယတန်းစားမြို့ကြီးများတွင်မူ အိမ်သစ်ဈေးဖွံ့ဖြိုးနှုန်း ကျဆင်းခြင်းသည် မေတွင် ခြောက်လမြောက်ဆက်တိုက်ရှိပြီဖြစ်ကာ ကြိုပွိုင့်အိမ်ဈေးဖွံ့ဖြိုးနှုန်း ကျဆင်းခြင်းသည် မေတွင် လေးလမြောက် ဆက်တိုက်ကျဆင်းခြင်း ဖြစ်ကြောင်း NBS ၏ ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။

မေ၌ မြို့ကြီး ၇၀ တွင် ယမန်နှစ်မေအောက် အိမ်သစ်ဈေးဖွံ့ဖြိုးနှုန်း ကျဆင်းသည့် မြို့ အရေအတွက် ၂၉ မြို့ ရှိခဲ့ပြီး ၃၀ မြို့ ရှိခဲ့သည့် ဧပြီအောက်လည်း မြို့အရေအတွက် ကျဆင်းခဲ့သည်။

ကြိုပွိုင့်အိမ်ဈေးဖွံ့ဖြိုးနှုန်း ကျဆင်းသည့် မြို့အရေအတွက်သည်လည်း ၁၈ မြို့ ရှိခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service