မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပြန်ဖွင့်ပေးရန် တရုတ်အစိုးရ အာမခံ

မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပြန်ဖွင့်ပေးရန် တရုတ်အစိုးရ အာမခံ - Property News in Myanmar from iMyanmarHouse.com
22 Jun 2017 9:40 am တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဖွင့်လှစ်ထားသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်း (Bank Account) ၁၃၂ ခုကို ပြန်လည် ဖွင့်လှစ်ပေးမည်ဟု တရုတ်အစိုးရက အာမခံထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ဇွန်လ ၂၀ ရက်နေ့က စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီ တာဝန်ခံ Mr.Chen Chen တို့သည် ယင်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာတွင် Mr.Chen Chen က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒါနဲ့ပတ်သက်ပြီး ဇွန် ၁၇ ရက်နေ့က တရားဝင်စာပို့ပြီး ညှိထားတယ်။ တရုတ်နိုင်ငံဘက်ကလည်း စုံစမ်းရေး အထူးအဖွဲ့ ဖွဲ့ထားတယ်။ သူတို့ဘက်က စစ်ဆေးရမှာတွေလည်း ရှိတယ်။ ဒါပေမဲ့ အမြန်ဆုံး ပြန်ဖွင့်ပေးမယ်လို့ တရုတ်သံရုံးဘက်က အာမခံထားတယ်”ဟု ဦးခင်မောင်လွင်က ပြောဆိုသည်။

ထိုသို့ မြန်မာကုန်သည်များ၏ Bank Account များ ပိတ်သိမ်းခံရခြင်းကို ယူနန်ပြည်နယ် အစိုးရပင် သိရှိခြင်း မရှိဘဲ ပြန်လည် ဖွင့်လှစ်ပေးရန် အာမခံထားပြီး အမြန်ဆုံး ဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး အနေနှင့် သက်ဆိုင်ရာများကို တွန်းအားပေးနေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေလီ ဒုတိယ မြို့တော်ဝန် ဦးဆောင်သည့်အဖွဲ့က ဖြေရှင်းရန် ဆောင်ရွက်နေကြောင်း တရုတ်သံရုံး ယာယီ တာဝန်ခံ Mr.Chen Chen က ဆိုသည်။

ထိုသို့ဘဏ်အကောင့်များ ပိတ်ပင်ထားခြင်းကြောင့် မြန်မာကုန်သည်များအတွက် ကျပ်သိန်းပေါင်း များစွာ ဆုံးရှုံး နစ်နာလျက်ရှိပြီး မူဆယ် ၁၀၅ ကုန်စည် ဈေးကွက်ကိုလည်း ရပ်တန့်စေသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ Agricultural Bank of China,China Construction Bank နှင့် Commercial Bank of China ဘဏ်များတွင် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များကို ဇွန်လ ၁၅ ရက်နေ့က ယာယီ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၊ လွေမုန်ကူးပြည်နယ်၊ အန်ဝေပြည်နယ်နှင့် အင်းနားမွန်ဂိုးလီယားတို့တွင် အွန်လိုင်းမှ တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ပြီး ငွေကြေးများ တရားမဝင် လွှဲပြောင်းခြင်း၊ ငွေသွင်း၊ ငွေထုတ်လုပ်ငန်း ဆောင်ရွက်နေခြင်းတို့ကြောင့် ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲများမှ Bank Account ၃၄၉ ခုကို စစ်ဆေးရန်အတွက် ခေတ္တ ပိတ်ထားခဲ့ရာ မြန်မာနိုင်ငံသားပိုင် Bank Account ၁၃၂ ခု ပါဝင်သွားခြင်း ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service