ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် အိမ်ပိုင်မရှိသူများအတွက် ရန်ကုန်၌ မြို့သစ်စီမံကိန်းတစ်ခု စီစဉ်နေ

ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် အိမ်ပိုင်မရှိသူများအတွက် ရန်ကုန်၌ မြို့သစ်စီမံကိန်းတစ်ခု စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
21 Jun 2017 9:55 am တွင် တင်ခဲ့သည်
2399 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ အနောက်တောင်ဘက်တွင် မြေ၊ အိမ်ယာ အပိုင်မရှိသည့် အစိုးရ နှင့် ပုဂ္ဂလိက ၀န်ထမ်းများ၊ နယ်စပ်ဒေသနေပြန်လာမည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ အတွက် မြို့သစ်စီမံကိန်းတစ်ခုအကောင်အထည်ဖော်ရန်ရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ Orchid Hotel မှာပြုလုပ်ခဲ့သည့် "ကရင်ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ် စွန့်ခွာသူများရဲ့ စိုးရိမ်ပူပန်မှုများ" ခေါင်းစဉ်ဖြင့် ဇွန် ၂၀ရက်က ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်သတင်းစားရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်မြို့ရဲ့ မြို့သစ်စီမံကိန်းက ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာဖြစ်ပါတယ်။ အနောက်တောင်ဘက်အခြမ်းမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်ထဲက ဒါက မြေသိမ်းဥပဒေထုတ်ပြီးတော့ သိမ်းထားတဲ့မြေတွေပါ။ အဲ့ဒီ့မြေပေါ်မှာ အခုပြန်ပြီးတော့ စီမံကိန်းအသစ်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

အဆိုပါ မြို့သစ်စီမံကိန်းတွင် မြေ၊ အိမ်ယာ အပိုင်မရှိသည့် အစိုးရ နှင့် ပုဂ္ဂလိက ဝန်ထမ်းများ၊ နယ်စပ်ဒေသနေပြန်လာမည့် ဒုက္ခသည်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများအတွက် ရန်ကုန်တိုင်းအတွင်းမှာ မြေဧက ၂၀၀၀ ကို အကောင်အထည်ဖော်သွားပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသင်ဇာမျိုးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

နယ်စပ်ဒေသမှ ပြန်လာမည့် ကရင်ဒုက္ခသည်များအနေဖြင့်လည်း ရန်ကုန်တိုင်းအတွင်း စီးပွားရေးလုပ်ဆောင်လိုပါက အဆိုပါ တိုင်းအစိုးရအဖွဲ့မှ မြို့သစ်စီမံကိန်းတွင် နေရာချထားပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း နော်ပန်းသဉ္ဖာမျိုးကပြောဆိုသည်။

သို့သော် မြို့သစ်စီမံကိန်း အသေးစိတ် အစီအစဉ်ကိုမူ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
အဆိုပါ မြို့သစ်စီမံကိန်းမှာ အကောင်အထည်ဖော်ရမည့် အဆင့်တွင် ရောက်ရှိနေပြီးအချိန်တန်ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဟု ၎င်းကပြောသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service