ယခုဘဏ္ဍာနှစ် ၂ လ ကျော်အတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိ

ယခုဘဏ္ဍာနှစ် ၂ လ ကျော်အတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
21 Jun 2017 9:50 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအလယ်ထိ၂ လကျော်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၆၆ခုနှင့် မြန်မာနိုင် ငံသား ရင်းနှီးမြှုပ်နှံမှု ၂၄ ခုကို ခွင့်ပြုပေးခဲ့ရာမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က “ လျှပ်စစ်လိုစီမံကိန်းတွေ ပမာဏများတာတွေ လာဖို့ရှိနေတယ်။ တန်ဖိုးများတဲ့ ဟာတွေ ဝင်လာလို့ တိုးတာဖြစ်တယ်။ နောက်ထပ် ခွင့်ပြုပေးဖို့ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံ မှုက ၂၄ ခုလောက် ရှိတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁၅၄ သန်းလောက် ရှိတယ်။ ဒါတွေကို စိစစ်နေတယ်။ တခု လောက်ပဲ ဥပဒေအဟောင်းနဲ့ ခွင့်ပြုဖို့ကျန်တော့တယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်နှင့် ဟောင်ကောင်တို့မှ CMP အထည်ချုပ် လုပ်ငန်းများကို ခွင့်ပြုပေး ရန် ကျန်ရှိနေသေးပြီး ငါး၊ ပုဇွန် အစာစပ် လုပ်ငန်းများကို ခွင့်ပြုပေးရန် စိစစ်နေကြောင်း ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး ရန်ကုန်တွင် ဇွန်လ ၁၉ ရက်နေ့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်ပြ ဋ္ဌာန်းထားသော်လည်း ယခင်နှစ်များက လျှောက် ထားခဲ့သည့် လုပ်ငန်းများနှင့် ယခုဥပဒေသစ်အတွင်း လျှောက်ထားခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ခွင့်ပြုပေး နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုခဲ့သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ယခုနှစ် ဧပြီလမှ လက်ရှိအထိ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၄၀၀၀ ကျော် ဖန်တီးပေးထားေ ကြာင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းလုပ်သားများကို စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အခြားဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ် ဓာတ်အား ကဏ္ဍလုပ်ငန်း၊ အိမ်ရာအေ ဆာက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍလုပ်ငန်း၊ မွေးမြုရေးနှင့် ရေလုပ်ငန်း ကဏ္ဍလုပ်ငန်း၊ အစာစပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယခုလ နောက်ဆုံးခွင့်ပြုပေးထားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၂ ခုတွင် စက်မှုလုပ်ငန်း ၁၀ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ လုပ် ငန်း ၁ခု၊ မွေးမြုရေးနှင့် ရေလုပ်ငန်း ၁ ခု ၊အခြားဝန်ဆောင်မှု လုပ်ငန်းမှ ၈ ခုနှင့် အိမ်ရာအဆောက်အအုံဖွံ့ဖြိုးမှု ကဏ္ဍ ၂ ခုတို့ပါဝင်ကြပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄ခုတွင် စက်မှုလုပ်ငန်း ၃ ခုနှင့် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ လုပ်ငန်း ၁ ခုတို့ ပါဝင်ကြောင်း ဒုညွန်ချုပ် ဦးဆန်းမြင့်က ပြောသည်။

ဆက်လက်၍ ၎င်းက “ ဒီလိုခွင့်ပြုတဲ့နေရာမှာ ၂ မျိုး ရှိတယ်။ ခွင့်ပြုမိန့်ထုတ်ေ ပးတဲ့ လုပ်ငန်းနဲ့ အတည်ပြုထုတ်ပေးတဲ့ လုပ်ငန်းဆိုပြီး ရှိတယ်။ နိုင်ငံခြား သားမှာဆိုရင် အခုအစည်းအဝေးမှာ ခွင့်ပြုမိန့်နဲ့က လုပ်ငန်း ၁၀ ခု၊ မြန် မာ နိုင်ငံသားက ၂ ခု ဖြစ်တယ်။ အတည်ပြု အမိန့်နဲ့က နိုင်ငံခြားသားက ၁၂ ခု၊ မြန်မာနိုင်ငံသားက ၂ ခုဖြစ်တယ်။ ဒါကြောင့် ဒီအစည်းဝေးမှာ စုစုပေါင်း ၂၆ ခု ခွင့်ပြုပေးခဲ့ပါတယ်” ဟု ရှင်းပြသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးလာနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ အနက် နယ်သာလန်နိုင်ငံက အများဆုံးဖြစ်ကာ စားသောက်ကုန်၊ အလှကုန် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများတွင် မြန် မာနိုင်ငံသား များနှင့် ဖက်စပ်လုပ်ကိုင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထို့အပြင် စင်ကာပူ၊ တရုတ်၊ မကာအို၊ ဗြိတိန်၊ ဟောင်ကောင်နှင့် ပြင်သစ် နိုင်ငံများကလည်း လာရောက် ရင်းနှီး လုပ်ကိုင် ကြသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ြေ ခကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီး ပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အ ခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်အခြေအနေ၊ ပြည်တွင်း စားသုံးရန် လို အပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပ ညာ လွှဲပြောင်းရရှိမှု ၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်း ကာကွယ်ရေးေ ဆာင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲ ဥပဒေများကို လိုက် နာခြင်းစသည့် အချက်များကို အခြေခံပြီး ခွင့်ပြုေ ပးခြင်းဖြစ်သည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service