ပိုးလမ်းမ စီမံကိန်းထဲက မြန်မာ

ပိုးလမ်းမ စီမံကိန်းထဲက မြန်မာ - Property News in Myanmar from iMyanmarHouse.com
21 Jun 2017 9:43 am တွင် တင်ခဲ့သည်
2686 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံအခြေခံအဆောက်အအုံပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာနိုင်သည့် အတွက် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းကို မြန်မာ လုပ်ငန်းရှင်များက ယေ ဘုယျအားဖြင့် ကြိုဆိုကြသည်။

အများအပြားကမူ ပွင့်လင်းမြင်သာမှုရှိရန်၊ အများပြည်သူ ပူးပေါင်း ပါဝင်ရန်နှ င့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီရန်တို့ အရေးကြီးပုံကို ထောက်ပြကြ သည်။ အချို့ကလည်း ရည်မှန်းချက်ကြီးမားလွန်းသည့် တရုတ်တို့၏ ပိုးလမ်းမ စီမံကိန်းကို သံသယရှိပြီး အယုံအကြည် ကင်းမဲ့ကြောင်း ဖွင့်ဟပြောဆိုကြ သည်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံခြားကုန်သည်ကြီးများ အသင်းများကမူ ပိုးလမ်းမ စီမံကိန်းအပေါ် ပူးပေါင်းဆောင်ရွက်မှုနှင့် ကိုယ့်နိုင်ငံနှင့် သက်ဆိုင် သည့် အခန်းကဏ္ဍကို အကျိုးရှိအောင် အကောင်အထည်ဖော်သင့်သည်ဟု ဆိုကြသည်။

တရုတ်နိုင်ငံက ဒေါ်လာဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံလျက်၊ အာရှတိုက်၊ ဥရောပ တိုက်နှင့် အာဖရိကတိုက်၊ တိုက်ကြီး သုံးခုအကြား ချိတ်ဆက်ဆောင်ရွက်မည့် မဟာကုန်သွယ်မှုကွန်ရက် စီမံကိန်းကြီးဖြစ်သော ပိုးလမ်းမစီမံကိန်း၏ ရ င်းနှီးမြှုပ်နှံသည့် ငွေကြေးပမာဏကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ ရည် မှန်းချက် ကြီးမားမှုကို သိရှိနိုင်သည်။ ပိုးလမ်းမ စီမံကိန်းလမ်းကြောင်း တစ်ေ လျှာက်ရှိ စာချုပ်ချုပ်ဆိုပြီးသော နိုင်ငံပေါင်း ၆၈ နိုင်ငံတွင် တရုတ်နိုင်ငံသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်၏။ တရုတ်ဖွံ့ဖြိုးရေးဘဏ်တစ်ခုတည်းကပင်လျှင် စီမံကိန်း ၉ဝဝ ကျော်အတွက်
ဒေါ်လာ ၈၉ဝ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လျာထားသည်။

ပိုးလမ်းမစီမံကိန်းသည် မြန်မာ့အခြေခံ အဆောက်အအုံ လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်မည့် အခွင့်အလမ်း ဟုတ်/မဟုတ်နှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် အမေရိကန်ပိုင် မြ စ်လေးသွယ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ညွှန်ကြားရေးမှူး ပေါလ်ဝီလ်ဆင်က ''ဖွံ့ဖြိုး တိုးတက်ဖို့ လိုအပ်ချက်တွေများနေတဲ့ မြန်မာလို နိုင်ငံတစ်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းပေါင်းစုံကို ရှာဖွေ သင့်တယ် လို့ ကျွန်တော်ယူဆမိပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ပီတာဘေးနွန် ကမူ စိုးရိမ် ပူပန်မှု သိပ်မရှိဘဲ ပိုမိုတက်ကြွမျှော်လင့်သည့် သဘောထားရှိ ကာ မြန်မာနိုင်ငံအနေဖြင့် ပိုးလမ်းမစီမံကိန်းကြီးတွင် မိမိတို့၏အခန်းကဏ္ဍကို အတိအကျပုံဖော်ရန် လိုအပ်သည်ဟု ဆိုသည်။

''ရေရှည်မှာဆိုရင်တော့ ကုန်သွယ်မှုပမာဏ၊ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ စီးပွားေ ရးအလား အလာတွေတိုးတက်လာမယ်။ ပြောင်းရွှေ့ခံရမယ့် လူ့အဖွဲ့အ စည်းတွေ၊ နေထိုင်စားသောက်မှု အပြောင်းအလဲဖြစ်မယ့် လူတွေအတွက် စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။ ဒါပေမဲ့ ဒါဟာ ရှောင်လွှဲလို့မရဘူး။ လူဆိုတာ အပြောင်းအလဲကို ဆန့်ကျင်တတ်တဲ့ သဘာဝရှိတယ်။ ကျွန်တော်ကတော့ အကောင်းဘက်က ရှုမြင်ပါတယ်''ဟု ပီတာဘေးနွန်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှ င့် မြန်မာနိုင်ငံဆိုင်ရာ ဆူမီတိုမိုကုမ္ပဏီအုပ်စု အကြီးအကဲ ကတ်ဆူဂျီ နာကာ ဂါဝါကမူ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နို င်ငံကို မှီခိုရလိမ့်မည်ဟု အသိအမှတ် ပြု ပြောကြားသည်။

''အခုဆိုရင် မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောပါဝင်လိုကြောင်း တရုတ်နို င်ငံက သူတို့ရဲ့မူဝါဒကို ထုတ်ဖော်ပြောကြားလာပြီ။

ကာလတာရှည်ဖြစ်ပွားနေတဲ့ မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခ တည်ငြိမ် ချုပ်ငြိမ်းဖို့ရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို အားကိုးဖို့က လွဲလို့ အခြားရွေးချယ်စရာ မရှိဘူးထင်တယ်။ ပိုးလမ်းမ စီမံကိန်းအောက်မှာ ဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေးတိုးတက်ဖို့ တရုတ်ရဲ့အကူအညီ လိုရုံသာမ က ပြည်တွင်းရေးပြဿနာဖြေရှင်းရေး အတွက်လည်း တရုတ်ကို အားကိုးနေရ မှာပါ။ တရုတ်–မြန်မာဆက်ဆံရေး ဘယ်လိုအားကောင်းလာမလဲဆိုတာ ဂျ ပန် လုပ်ငန်းရှင်တွေ ဆက်လက်ပြီး ဂရုတစိုက်စောင့်ကြည့် သွားမှာဖြစ်ပါ တယ်''ဟု သူက သုံးသပ်ပြောကြားသည်။

''ဒါ့ပြင် ဂျပန်နိုင်ငံအနေနဲ့ ပိုးလမ်းမစီမံကိန်းရဲ့ အနာဂတ်လားရာနဲ့ လှုပ်ရှား မှုတွေ၊ တရုတ်နိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲ ဂ ယက်တွေကို အနီးကပ်စောင့်ကြည့်လေ့လာပြီး၊ ဂျပန်နိုင်ငံရဲ့ စီးပွားရေး မ ဟာဗျူဟာကို မှန်မှန်ကန်ကန်ချမှတ်သွားဖို့ လိုအပ်ပါတယ်''ဟု ဖြည့်စွက်ပြော ကြားသည်။

ဆိုင်မွန်မာရေးအင်န်ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ကာ ဒယ်လ်တာ ကက်ပီတယ်ြ မန်မာ၏ ဦးဆောင်အစုစပ်ဝင်တစ်ဦးဖြစ်သူ နစ်ပါဝယ်က ဆောင်ရွက်မည့် လုပ်ငန်းများမှာ စီးပွားရေး တွက်ခြေကိုက်သော စီမံကိန်းများဖြစ်သင့်ပြီး၊ အြ ခားအလားတူ အာရှဒေသများ၌ အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည့် အခြေခံအဆောက်အအုံစီမံကိန်းများကို လေ့လာသင့်ကြောင်း ထောက်ပြပြောဆိုသည်။

''တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်းဟာ မြန်မာ့ အခြေခံအဆောက်အအုံ စိန်ေ ခ်ါမှုတွေ အတွက် အခွင့်အလမ်းကောင်းတစ်ခုပါ။ ဒီနယ်ပယ်မှာတော့ တရုတ် က အဓိကငွေကြေး ထောက်ပံ့သူဖြစ်သလို အဓိကတည်ဆောက်ရေး သမား လည်း ဖြစ်တယ်။ အစိုးရအနေနဲ့ဖြစ်လာနိုင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ တရုတ်ကုမ္ပဏီတွေအတွက် နိုင်ငံရေးသြဇာသုံးမှုတွေကို သတိထားဖို့ လိုပါ တယ်။ ဒါကို ဖြေရှင်းဖို့အတွက် ဒီစီမံကိန်းတွေကို စီးပွားရေးသဘော အပေါ် မှာသာ လုံးလုံးလျားလျား အခြေခံစေပြီး၊ လုပ်ငန်းလုပ်တဲ့ အော်ပရေတာ
တွေ၊ ငွေရှင်တွေကို သက်မှတ်ကာလအတွင်း ငွေကြေးအကြေပေးချေကာ ပိုင်ဆိုင်မှုတွေကို မြန်မာနိုင်ငံကို လွှဲပြောင်းစေအောင် လုပ်ရမှာဖြစ်ပါတယ်။ အာရှမှာဆိုရင် ဒီလိုလုပ်ခဲ့ဖူးတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ထို့အတူ အလုပ်မဖြစ်တဲ့ သာဓကတွေကလည်း အာဖရိကမှာ အများအပြားရှိနေပြန် တယ်'' ဟု ၄င်းက ဆိုသည်။

ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာရွှေပြည် ထွန်စက်ကုမ္ပဏီမှ စီအီးအို ဦးခင်မောင်ဝင်းကမူ တက်ကြွစွာနှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်သင့်သော် လည်း ပွင့်လင်းမြင်သာမှုများစွာ အရေးကြီးလာပြီး အများပြည်သူ ပူးပေါင်း ပါဝင်မှုလိုသည်ဟု ဆိုသည်။

၎င်းက ''ပိုးလမ်းမစီမံကိန်းကနေ မြန်မာနိုင်ငံဟာ အကျိုးအမြတ် များစွာ ရ ရှိနိုင်ပြီး ဒီစီမံကိန်းမှာပါဝင်မယ့် မိမိနိုင်ငံရဲ့အခန်းကဏ္ဍကို ဦးဆောင်သတ် မှတ်ဖို့ ကြိုးပမ်းသင့်တယ်။ အတိတ်က အတွေ့အကြုံတွေအရဆို ဒီလို ပူးပေါင်းဆောင်ရွက်မှုကရရှိတဲ့ စီးပွားရေး အကျိုးအမြတ်တွေဟာ ဘယ်ေ လာက်ပဲ သေးငယ်စေကာမူ ပွင့်လင်းမြင်သာမှု အားနည်းခဲ့တယ်။ ဒါကြောင့် စီမံကိန်းအစောပိုင်းကာလကတည်းက အများပြည်သူ ပူးပေါင်းပါဝင်မှုရှိဖို့ အရေးကြီးပါတယ်''ဟု ပြောသည်။

ဒိုင်ဇန်မြန်မာကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး တိုမိုအာကီယာဘေးကမူ ပိုးလမ်းမစီမံကိန်းမှာ မြန်မာ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံ မှုများ တိုးတက်လာခြင်းကို ကိုယ်စားပြုနေသည်ဟု ဆိုသည်။ သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း၌ တွေ့ကြုံခဲ့သောအတွေ့အကြုံများအရ၊ ပိုးလမ်းမ စီမံ ကိန်းနှင့် သက်ဆိုင်သော စီမံကိန်းများ၊ ရင်းနှီး မြှုပ်နှံမှုများမှာ မြန်မာနိုင်ငံနှ င့် နိုင်ငံ၏ပုဂ္ဂလိကကဏ္ဍတို့အပေါ် အမှန်တကယ်အကျိုးဖြစ် ထွန်းစေလိမ့်မည် ဟု ၄င်း၏အယူအဆကို ပြောသည်။

''နည်းပညာရယ်၊ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုရယ်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စည်းမျဉ်းမူဘောင်တွေရယ် ရှိမှသာလျှင် မြန်မာနိုင်ငံဟာ ဒေသ အတွင်း အချက်အချာနိုင်ငံ အဖြစ် ပထဝီအနေအထား အားသာချက်ကို ဖမ်း ဆုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပနည်းပညာနဲ့ ပြည်တွင်းလုပ်သား အင်အားတွေဟာ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပြီး စီးပွားရေးတိုးတက်မှု ကြီးမားစေတယ်ဆိုတာ သီလဝါအထူးစီးပွားရေးဇုန်က အကောင်းဆုံးဥပမာပဲ။ သီလဝါစီမံကိန်းကို လေ့လာပြီး ကျောက်ဖြူနဲ့ တခြား ပိုးလမ်းမနဲ့ ဆက်နွှယ်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်မယ်၊ ပြည် တွင်းရော ပြည်ပကပါ စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ဖန် တီးပေးနိုင်မယ်ဆိုရင် ဒီပိုးလမ်းစီမံကိန်းကနေ မြန်မာနိုင်ငံဟာ သေချာပေါက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းရရှိလာမှာ ဖြစ်ပါတယ်''ဟု တိုမိုအာကီယာဘေး က ဆိုသည်။

ထို့အတူ အမေရိကန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံ ဥပဒေရေးရာေ က်ာမတီဥက္ကဋ္ဌ ဝီလီယံဂရင်းလီက ပိုးလမ်းမစီမံကိန်းမှ ရရှိမည့် ငွေကြေးေ ထာက်ပံ့မှုများကို တာဝန်ယူမှုရှိပြီး စီးပွားရေးအရခိုင်မာမှုရှိနေသမျှ လက် ကမ်းကြိုဆိုနေသင့်သည်ဟု မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

''အခုလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးစအချိန်မျိုးမှာ ငွေကြေး အကူအညီ အားလုံးကို ကြိုဆိုရမယ်လို့ ကျွန်တော်ထင်တယ်။ အာရှအခြေခံ အဆောက် အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) နဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်မှု ဘဏ် တို့လို အဖွဲ့အစည်းတွေက ကုန်ကျစရိတ်များတဲ့ စီမံကိန်းကြီးတွေအတွက် အ တိုးနှုန်းမများတဲ့ ချေးငွေတွေ ထုတ်ချေးပေးနိုင်လိမ့်မယ်။

ငွေကြေးအဓိကလိုအပ်နေတဲ့ အဲဒီလိုစီမံကိန်းကြီးတွေအတွက် ငွေကြေးေ ထာက်ပံ့မှုဆိုတာ တကယ့်ကို ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်''ဟု သူက ဆိုသည်။

ပါရမီစွမ်းအင်ကုမ္ပဏီ စီအီးအို ဦးကံထွန်းက ပိုးလမ်းမစီမံကိန်း၏ ရေလမ်းနှင့် ကုန်းလမ်းနှစ်ခုစလုံးတွင် မိမိနိုင်ငံ၏ မဟာဗျူဟာကျကျ အရေးပါမှုကို သတိမူ သင့်ပြီး ကြိုတင်ပြင်ဆင်သင့်သည်များကို လုပ်ဆောင်ရန်လိုကြောင်း ပြော သည်။

''ပေကျင်းထိပ်သီးအစည်းအဝေးမှာ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှု ဆိုင်ရာ ပိုးလမ်းမစီမံကိန်း မူဘောင်အပါအဝင် မြန်မာနိုင်ငံက စာချုပ် ငါးခု လက်မှတ်ထိုးခဲ့တယ်။ မြန်မာနိုင်ငံက ပိုးလမ်းမစီမံကိန်းရဲ့ အပိုင်းနှစ် ပိုင်းဖြစ်တဲ့ ရေလမ်းနဲ့ ကုန်းလမ်းနှစ်ခုလုံးမှာ မဟာဗျူဟာကျကျ အရေးပါနေ တယ်။ ပိုးလမ်းမစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာက တက် ကြွတဲ့ မူဝါဒတွေချမှတ်ပြီး ကြိုတင်ခြေလှမ်းတွေ လှမ်းသင့်ပြီ။ အထူးသဖြင့်
ပိုးလမ်းမစီမံကိန်းမှာ ပါဝင်ခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေအတွက် တခြားနိုင်ငံတွေ အထူးလုံးပမ်းနေကြတဲ့ အခုလိုအချိန်မျိုးမှာပေါ့လေ''ဟု ၄င်း ၏ အမြင်ကို ပြောသည်။

အမေရိကန်ကုန်သည်ကြီးများအသင်း၏ အစိုးရဌာနဆိုင်ရာ ကော်မတီ အ ကြီးအကဲ ဦးအေးသီဟကမူ ပိုးလမ်းမစီမံကိန်းမှာ မြန်မာနိုင်ငံ၏ ပထဝီအေ နအထား အားသာချက်တံခါးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

''စီမံကိန်းကာလကို အချိန်အတိအကျ သတ်မှတ်ပြီးတာနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အခြေခံ အဆောက်အအုံကဏ္ဍအပိုင်းကို ပိုးလမ်းမစီမံကိန်း က ဖြည့်ဆည်းပေးနိုင်မယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခြားနိုင်ငံတွေ နဲ့ ဆက်သွယ်ချိတ်ဆက်မှုပိုကောင်းလာမှာဖြစ်ပါတယ်။ ကျွန်တော်နားလည် သလောက် ပြောရရင် ဒီလိုစီမံကိန်းကြီးမျိုးမှာ ကြုံရနိုင်တဲ့ အန္တရာယ်ဆို တာေ တွ ထက် ရရှိလာမယ့် စီးပွားရေး အကျိုးအမြတ်ဆိုတာတွေက လွှမ်းမိုး နေ တတ် တာပါပဲ''ဟု ဦးအေးသီဟက ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service