အခုနောက်ပိုင်း အိမ်တွင်းနံရံတွေမှာ wallpaper လှလှတွေ၊ ဒီဇိုင်းဆန်းတွေ ကို တပ်ဆင်အသုံးပြုလာကြပါတယ်။
နံရံကပ်စက္ကူတွေမှာ ကာတွန်းစက္ကူလိပ်တွေကို နံရံမှာကပ်ပြီး အလှဆင်သလို
ဖော့တုံးတွေကို အုတ်ခဲပုံစံလုပ်ပြီး အလှဆင်လာတာတွေ ရှိပါတယ်။
သည်ပစ္စည်းတွေက ကိုယ်တိုင်အလွယ်တကူတပ် ဆင်အသုံးပြုနိုင်သလို အွန် လိုင်းရှော့ပင်းတွေ၊အိမ်အလှဆင်ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးနှုန်းတွေကလည်း သင့်တင့်ပါတယ်။
သည်လိုနံရံကပ်စက္ကူဒီဇိုင်းဆန်းတွေအပြင် နံရံမှာကြယ်တွေ၊ လလေးတွေနဲ့ လည်း အလှဆင်နိုင်ပါ သေးတယ်။ ဈေးနှုန်းက ၄၀ဝ၀ ကျော်လောက် သာ ရှိပါတယ်။ သည်ကြယ်လေးတွေ၊ လလေးတွေက နေ့ဘက်မှာပုံမှန်ဖြစ်ပေမဲ့ ညဘက်မှာတော့ အလင်းရောင်တွေ့နိုင်မှာဖြစ်တယ်။
အိမ်တွင်းအလှဆင်တာတွေကို အခုနောက်ပိုင်း အများအပြား လုပ်လာကြပြီး တတ်နိုင်တဲ့ သူတွေက ခေါ်ယူပြုလုပ်ဖို့ လွယ်ကူပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ သူတွေကတော့ သည်လိုအလွယ်တကူတပ် ဆင်နိုင်တဲ့ နံရံကပ်စက္ကူေ တွကို ဝယ်ယူပြီး ကိုယ်တိုင်လွယ်လွယ်ကူကူနဲ့ မိမိအခန်းမှာအလှ ဆင်င်မှာဖြစ် ပါတယ်။
Credit: The Kumudra