ပင်လယ်နီအတွင်းရှိ ကျွန်း ၂ ကျွန်းကို အီဂျစ်က ဆော်ဒီသို့ပေးရန် စီစဉ်နေခြင်းအပေါ် ဆန္ဒပြရန် စီစဉ်သူများအား ရဲတပ်ဖွဲ့က အီဂျစ်တစ်နိုင်ငံလုံးတွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီး

ပင်လယ်နီအတွင်းရှိ ကျွန်း ၂ ကျွန်းကို အီဂျစ်က ဆော်ဒီသို့ပေးရန် စီစဉ်နေခြင်းအပေါ် ဆန္ဒပြရန် စီစဉ်သူများအား ရဲတပ်ဖွဲ့က အီဂျစ်တစ်နိုင်ငံလုံးတွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီး - Property News in Myanmar from iMyanmarHouse.com
19 Jun 2017 12:03 pm တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး
အီဂျစ်အစိုးရသည် ပင်လယ်နီအတွင်းရှိ ကျွန်း ၂ ကျွန်းကို ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ပေးအပ်ရန် စီစဉ်လျက်ရှိခြင်းအပေါ် လူပေါင်းများစွာအုံကြွ ဆန္ဒပြကြရန် လူမှုကွန်ရက်များမှတစ်ဆင့် ဆော်သြခဲ့ကြသည့် အီဂျစ်နိုင်ငံသားများကို ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးတွင် ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခဲ့ကြောင်း အရှေ့အလယ်ပိုင်း
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အီဂျစ်ရဲတပ်ဖွဲ့သည် ကိုင်ရိုမြို့ ရှိ အတိုက်အခံနိုင်ငံရေးသမားတို့၏ နေအိမ်များအပါအဝင် နိုင်ငံတစ်ဝန်း အနည်းဆုံးပြည်နယ် ၁၀ ခုတွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀ ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ပင်လယ်နီအတွင်းရှိ ကျွန်း ၂ ကျွန်းကို ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ လွှဲပြောင်းပေးရန် လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းက သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က ယခုကဲ့သို့ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများကို နေဝင်ချိန်မတိုင်မီနှင့် နေဝင်ပြီးနောက်ပိုင်းအချိန်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှာ မွတ်စလင်များ၏ ရာမာဒါန်ဥပုသ်ချိန်ပြီးဆုံးချိန်ဖြစ်ကြောင်း ရှေ့ နေများဖြစ်သူ မိုဟာမက် အဗ္ဗဒယ်လ် အဇစ်နှင့် ဂါမဲလ် အစ်တို့က ပြောကြားသည်။

ဖမ်းဆီးခံရသူများသည် ကိုင်ရိုမြို့  တာရာရင်ပြင်တွင် အုံကြွဆန္ဒပြမှုများ ပြုလုပ်ရန် လူမှုကွန်ရက်တွင် ဆော်သြခဲ့ကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
တာရာရင်ပြင်သည် ဟို့စနီ မူဘာရက်ကို ပြုတ်ကျစေခဲ့သည့် ၂၀၁၁ နာမည်ကျော်အာရပ်နွေဦး အုံကြွမှုကြီး ပေါ်ပေါက်ခဲ့ရာ နေရာဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်းကလည်း အဆိုပါကျွန်းများအရေး ဆန္ဒပြမှုများပြုလုပ်ခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း များစွာဖြန့်ကျက်ချထားခဲ့ပြီး ဆန္ဒပြသူများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ဖူးသည်။
ကျွန်းများလွှဲပြောင်းမှုအရေးနှင့် စပ်လျဉ်း၍ ဥပဒေပြုနယ်ပယ်နှင့် တရားစီရင်ရေးနယ်ပယ်တို့အကြားတွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေသည်။

အီဂျစ် တရားရုံး ၂ ခုက ဆုံးဖြတ်ခဲ့ရာတွင် ဆော်ဒီအာရေးဘီးယားသို့ ကျွန်းများလွှဲပြောင်းပေးရေးကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း တရားရုံး ၂ ခု၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ တရားစီရင်ပိုင်ခွင့် ဘောင်အတွင်းတွင်သာ ရှိနေသည်ကို တွေ့ရကြောင်း အပြီးသတ်ဆုံးဖြတ်ခဲ့သည်။

အီဂျစ်ပါလီမန် အမတ်အများစုကမူ ဆော်ဒီအာရေးဘီးယားသို့ ကျွန်းများလွှဲပြောင်းပေးရန် ထောက်ခံမဲပေးထားကြသည်။
အီဂျစ်အစိုးရက ထုတ်ပြန်ရာတွင် အကာဘာပင်လယ်ကွေ့တွင် တည်ရှိသော တီရန်နှင့် ဆာနဖာကျွန်းများသည် ဆော်ဒီအာရေးဘီးယား၏ ကျွန်းများသာဖြစ်ပြီး ၁၉၅၀ ပြည့်လွန်ကာလများတွင် အာရပ်-အစ္စရေးတင်းမာမှုများ ဖြစ်ပွားချိန်၌ အီဂျစ်၏ ကာကွယ်မှုအောက်တွင် ထားရှိခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service