ထိုင်း-တရုတ်မီးရထားလမ်း ဆောက်လုပ်ရာတွင် တရုတ်ကုမ္ပဏီတစ်ခုခုကို တာဝန်ပေးရန် ထိုင်းဝန်ကြီးချုပ်က ပုဒ်မ ၄၄ ကို ကိုင်တွယ်ကာ အမိန့်ထုတ်ပြန်

ထိုင်း-တရုတ်မီးရထားလမ်း ဆောက်လုပ်ရာတွင် တရုတ်ကုမ္ပဏီတစ်ခုခုကို တာဝန်ပေးရန် ထိုင်းဝန်ကြီးချုပ်က ပုဒ်မ ၄၄ ကို ကိုင်တွယ်ကာ အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
19 Jun 2017 11:56 am တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်မှ နခွန် ရပ်ချာစီမာအကြား ဖောက်လုပ်မည့် ထိုင်း-တရုတ် မြန်နှုန်းမြှင့် မီးရထားလမ်းပိုင်းကို ယခု ၂၀၁၇ ခုနှစ်အတွင် လုပ်ငန်းများ စတင်နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာက ပုဒ်မ ၄၄ ကိုကိုင်တွယ်ကာ အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက် ချူလာလောင်ကွန်းတက္ကသိုလ်မှ ဥပဒေဆရာများက ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပေးခဲ့ကြသည်။
အဆိုပါ ကြားဖြတ်ဖွဲ့စည်းပုံတွင် ပါရှိသည့် ပုဒ်မ ၄၄ မှာ ဝန်ကြီးချုပ် ပရာယုအနေဖြင့် ပြည်သူများအတွင်း စည်းလုံးမှုကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးကို ယိုယွင်းစေမည့်လုပ်ရပ်များကို ကာကွယ်ရန် လိုအပ်သည့် မည်သည့်အမိန့်ကိုမဆို ထုတ်ပြန်နိုင်သည့် အကြွင်းမဲ့အာဏာ ပေးအပ်ထားသည်။

ဝန်ကြီးချုပ် ပရာယုဦးဆောင်သည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီမှ ထုတ်ပြန်လိုက်သော အမိန့်အမှတ် ၃၀/၂၀၁၇ သည် ၂၅၂ ကီလိုမီတာရှည်လျားသည့် မီးရထားလမ်းပိုင်းဖောက်လုပ်ရေးတွင် နှောင့်နှေးစေမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာနှင့် ဥပဒေဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန် ဖြစ်သည်ဟု ဆိုသည်။

အမိန့်အမှတ် ၃၀/၂၀၁၇ ကို ထိုင်းအစိုးရထုတ် Royal Gazette တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

အဆိုပါအမိန့်တွင် ညွှန်ကြားထားသည်မှာ ထိုင်းအစိုးရမီးရထားလုပ်ငန်း (SRT) အနေဖြင့် ထိုင်း-တရုတ် မီးရထားလမ်း ဆောက်လုပ်မှုကို ကွပ်ကဲရေးအတွက် တရုတ်ကုမ္ပဏီတစ်ခုခုကို ငှားရမ်းရန် ညွှန်ကြားထားသည်။

ငှားရမ်းမည့် ကုမ္ပဏီသည် တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကော်မရှင်၏ အသိအမှတ်ပြုလက်မှတ် ရရှိသူဖြစ်ရမည် ဟူသည့်အချက်လည်း ပါဝင်သည်။

ငှားရမ်းမည့် ကုမ္ပဏီသည် မီးရထားလမ်း အခြေခံအဆောက်အအုံဒီဇိုင်းအပြင် လျှပ်စစ်စနစ်များကိုပါ ကြီးကြပ်ကွပ်ကဲပေးရမည် ဖြစ်သည်။
စီမံကိန်း ဆောက်လုပ်ရေးအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ယူရမည့်အပြင် စီမံကိန်းဝန်ထမ်းများကိုလည်း လေ့ကျင့်မှုများ ပြုလုပ်ပေးရမည် ဖြစ်သည်။

SRT သည် စီမံကိန်းကုန်ကျစရိတ်၊ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များ၊ ထိုင်း-တရုတ် မီးရထားလမ်းကော်မတီ၏ အစည်းအဝေး ဆွေးနွေးချက်များအပေါ် အခြေခံကာ သဘောတူစာချုပ်မှုကြမ်းရေးဆွဲရမည်ဟု ယခုအမိန့်တွင် ညွန်ကြားထားသည်။
စာချုပ်မူကြမ်းကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ်ရေးဆွဲရမည်ဟုလည်း ပါဝင်သည်။

အကယ်၍ မပြီးစီးနိုင်ပါက ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ရှင်းပြရမည်ဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီး အာခွန်က အစောပိုင်းကပင် အစီရင်ခံခဲ့သည်မှာ မိမိတို့ဝန်ကြီးဌာနသည် မီးရထားလမ်း၏ ပထမလမ်းပိုင်းတွင် နှောင့်နှေးရသည့် ပြဿနာများ ရင်ဆိုင်ရကြောင်း အစီရင်ခံခဲ့ပြီး ဝန်ကြီးချုပ်အနေဖြင့် ပုဒ်မ ၄၄ ကို အသုံးပြုပေးပါရန် တောင်းဆိုခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်း-တရုတ်မီးရထားလမ်း ဆောက်လုပ်ရာတွင် တရုတ်ကုမ္ပဏီတစ်ခုခုကို တာဝန်ပေးရန် ထိုင်းဝန်ကြီးချုပ်က ပုဒ်မ ၄၄ ကို ကိုင်တွယ်ကာ အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
ထိုင်း-တရုတ်မီးရထားလမ်း ဆောက်လုပ်ရာတွင် တရုတ်ကုမ္ပဏီတစ်ခုခုကို တာဝန်ပေးရန် ထိုင်းဝန်ကြီးချုပ်က ပုဒ်မ ၄၄ ကို ကိုင်တွယ်ကာ အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service