ဂေါ်ရန်ဂျီမှာ သတင်းအချက်အလက်မျှဝေစင်တာနဲ့ ဝါးဘန်ဂလိုတွေ ဆောက်လုပ်

ဂေါ်ရန်ဂျီမှာ သတင်းအချက်အလက်မျှဝေစင်တာနဲ့ ဝါးဘန်ဂလိုတွေ ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
19 Jun 2017 11:25 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ ခုနှစ်အတွင်း ခရီးသွားတွေ စိတ်ဝင်စားမှုများလာတဲ့ ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသမှာရှိတဲ့ ဂေါ်ရန်ဂျီကျွန်းမှာ သဘာဝနဲ့ ကိုက်ညီတဲ့ ဝါးဘန်ဂလိုလေးတွေကို လူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့
ဒေသခံ တွေ ပူးပေါင်းပြီး ဆောက်လုပ်ထားတယ်လို့ သိရပါ တယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေကို သတင်းအချက်အလက်မျှဝေ ပေးနိုင်မယ့် သတင်းအချက်အလက်
စင်တာ တစ်ခုကိုလည်း ခရီးသွားပွင့်လင်းရာသီဖြစ်တဲ့ စက်တင်ဘာလမှာ လုပ်ငန်းစတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ငရုတ်ကောင်းဒေသရဲ့ အနောက်ဘက်ကမ်းခြေ ခရီးသွားရပ်ဝန်းဖွံ့ဖြိုးရေးအတွက် ဘန်ဂလိုတွေ တည်ဆောက်နေတာဖြစ်တယ် လို့လည်း သိရပါတယ်။

ဂေါ်ရန်ဂျီကျွန်းမှာ လက်ရှိအချိန်အထိ ခရီးသွားဝင်ရောက်မှုကို မှတ်သားထားတာ မရှိတဲ့အတွက် မကြာမီ စတင်တော့မယ့် သတင်းအချက်အလက်စင်တာကတစ်ဆင့်  သိရှိရမှာ ဖြစ်တယ်လို့ သိရ ပါတယ်။နိုင်ငံခြားသားခရီးသွားဧည့်သည်တွေရော ပြည်တွင်းခရီးသွားဧည့်သည်တွေပါ တိကျတဲ့  သတင်းအချက်အလက်တွေသိဖို့ သတင်းအချက်အလက်ဌာနကိုလည်း စက်တင်ဘာလမှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအချက်အလက်ဌာနကို နသပုကျေးရွာမှာ Another Development နဲ့ ကျေးရွာကလူတွေ ပူးပေါင်းပြီး ပြုလုပ်တာ ဖြစ်ကာ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှာ ဖေ့စ်ဘုတ်ခ်မှ တစ်ဆင့် ကြေညာသလို လက်ကမ်းစာစောင်တွေနဲ့လည်း ကြေညာသွားမှာ ဖြစ်တယ်လို့ Another Development က အ မှုဆောင်အရာရှိ ဒေါ်မို့မို့အေးက ပြောပါတယ်။

“ကျွန်မတို့ သတင်းအချက်အလက်စင် တာလေးလုပ်ပေးထားတယ်၊ ပရိဘောဂတွေ ထည့်နေတယ်၊ အဲဒီဟာ အချောသတ်နေတယ်၊ ဒေသခံတွေရဲ့ ဒေသထွက်ကုန်တွေ ၊ ပစ္စည်းတွေကို တင်သွားမယ်”လို့လည်း ဒေါ်မို့မို့အေးက ပြောပါတယ်။

အဲသည်စင်တာကနေတစ်ဆင့်ခရီးသွားတွေအတွက် ဘယ်နေရာကို ဘယ်လိုသွားရမယ်ဆိုတာကို ညွှန်ပြနိုင်မှာဖြစ်ပြီးအန္တရာယ်မရှိရအောင်လည်း သတင်းအချက်အလက်ဌာနက တစ်ဆင့်ညွှန်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။

ခရီးသွားတွေ လာရောက်တဲ့အခါမှာ ငွေထုတ်ငွေလွှဲကောင်တာတွေလည်းထားရှိနိုင်ဖို့ စီစဉ်နေတယ်လို့ လူမှုအခြေ ပြုခရီးသွားလုပ်ငန်းနဲ့တွဲပြီးလုပ်ကိုင်နေတဲ့ ဒေသခံ ဒေါ်နန့် ပြုံးချိုက ပြောပါတယ်။

‘ခရီးသွားတွေ လာတဲ့အခါမှာ ငွေထုတ်တာတွေ၊ ငွေလွှဲတာတွေအတွက် အဆင်မပြေဘူး၊ လာမယ့် ခရီးသွားနှစ်မှာတော့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်” လို့ ဒေါ်နန့်ချိုပြုံးက ပြောပါ တယ်။
ဂေါ်ရန်ဂျီကျွန်း ခရီးသွားလုပ်ငန်းဖွံ့ ဖြိုး တိုးတက်လာတဲ့အခါ ဒေသခံတစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ၊ အဆောက်အအုံငှားတဲ့လူတွေ အလုပ်အကိုင်အဆင်ပြေ နိုင်ပါတယ်။ ဒါပေမဲ့ စက်မှုဇုန်တွေ ဝင်ရောက်လာမယ်၊ ဟိုတယ်အကြီးစားတွေ ဆောက်လာမယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာ စိုးရိမ်တယ်လို့ ဒေါ်နန့်ချိုပြုံးက ပြောပါတယ်။

ခရီးသွားရာသီမှာ ဂေါ်ရန်ဂျီကျွန်းကို နေ့စဉ် လူဦးရေထောင်ကျော် ဝင်ရောက်နေတဲ့အတွက် သန့်ရှင်းရေးအပိုင်း၊ လုံခြုံရေးအပိုင်းတွေကိုလည်း ဆောင်ရွက်နေ တယ်လို့ သိရပါ တယ်။

ဝန်ဆောင်မှုတွေ

ဂေါ်ရန်ဂျီကျွန်းမှာ ခရီးသွားတွေ နေ ထိုင်ဖို့ သဘာဝနဲ့ ကိုက်ညီတဲ့ ဘန်ဂလိုလေးတွေ ဆောက်လုပ်ဖို့ လူထုအခြေပြု ခရီးသွားလုပ်ငန်းက နည်းပညာတွေ ပံ့ပိုးပေးပြီး အကြံဉာဏ်တွေပေးခဲ့တယ်လို့ ဒေါ်မို့မို့ အေးက ပြောပါ တယ်။

“လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေလို့ ပြောတဲ့အခါမှာ တခြား ခရီးသွားလုပ်ငန်းနဲ့ မတူဘူး၊ တကယ့်လူထုနဲ့ ကိုက်ညီမယ့်ဟာကို လုပ်ရမှာဖြစ်တဲ့အတွက် သူ့ဒေသနဲ့ကိုက်ညီ တာပဲဖြစ်ဖြစ် လာတဲ့ လူတွေအတွက်လဲ တကယ့်သဘာဝကိုခံစားစေချင်တယ်” လို့ ဒေါ်မို့မို့အေးက ပြောပါတယ်။

ဘန်ဂလိုတွေ နောက်ထပ်ဆောက်ဖို့ အတွက် လူထုအခြေပြုလုပ်ငန်းအနေနဲ့ လုပ်ငန်းရှင်တွေမဟုတ်တဲ့ လူထုကို အ ခြေခံပြုထားတဲ့အတွက် ကော်မတီဖွဲ့ထားပြီး အဲသည် ကော်မတီကနေ တိုင်ပင်ပြီး သူတို့ဒေသနဲ့ ကိုက်ညီတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေါ်မို့မို့အေးက ပြောပါတယ်။

လက်ရှိမှာ ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးဆုံးဖြစ်တဲ့ နသပုကျေးရွာမှာ ဝါးဘန်ဂလိုငါးလုံး ဆောက် ထားပြီး တစ်လုံးကို ၂၀,ဝ၀ဝ နှုန်းနဲ့ လူလေးယောက်အထိ နေ လို့ရပါတယ်။ ဒါ့အပြင် ဘန် ဂလိုကို ဝါးနဲ့ ဆောက်ထားပြီး ခေါင်မိုးကို ဓနိနဲ့ မိုးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဝါးနဲ့တည်ဆောက်တဲ့ ဘန်ဂလိုတွေမှာ တစ်လုံးကို ကျပ် ခြောက်သိန်းခန့်သာ ကုန်ကျပြီး သစ်နဲ့တည်ဆောက်ထားတဲ့ အခြားဘန် ဂလိုတွေထက် ကျပ် ၁၅ သိန်း သက်သာတယ် လို့လည်း သိရပါတယ်။
ဝါးနဲ့ဆောက်လုပ်တဲ့ ဘန်ဂလိုတွေကို အလုံး ၂၀ အထိ ဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်း  သိရပါတယ်။

“ဘန်ဂလိုတွေ ဆောက်လုပ်တာ ဒေသခံတွေအတွက် ဝင်ငွေလဲတိုးတယ်၊ ကိုယ့်ဒေသရဲ့ သဘာဝနဲ့လိုက်ပြီး ဆောက်ထားတာ၊ လူထု အခြေပြုခရီးသွားလုပ်ငန်းက ဒေသခံတွေကိုနည်းလမ်းပြတာ”လို့ ဒေါ်နန့်ချိုပြုံးက ပြောပါတယ်။

ဂေါ်ရန်ဂျီကျွန်း လူထုအခြေပြုလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသမှာ ရွာပေါင်း ၆၈ ရွာရှိတဲ့အတွက် ဇုန် သုံးဇုန်ခွဲထားပါတယ်။ အဲသည် ဇုန်သုံး ဇုန်မှာ ဂေါ်ရန်ဂျီကျွန်းရဲ့ ကမ်းရိုးတန်းရှိတဲ့ ဘက်ကနေ စပြီး မြောက်ကနေ တောင်ကိုသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဂေါ်ရန်ဂျီကျွန်းရဲ့ အနီးစပ်ဆုံးရွာကတော့ နသပုကျေးရွာဖြစ်ပြီး
အဲသည် နသပုကျေးရွာမှာလည်း ဘန်ဂလို ငါးခုကို လူထုအခြေပြု လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုပ်ထားတာ ဖြစ်ပါတယ်။

ငရုတ်ကောင်းဒေသရဲ့ ဇုန် (၁) နဲ့ ဇုန် (၃ )မှာ တော့ home stay ဆိုတဲ့ အိမ်မှာလက်ခံပေးတဲ့ ဝန်ဆောင်မှုမျိုးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ခရီးသွားတွေကို ဒေသခံတွေနဲ့အတူ အိမ်တွေမှာ နေထိုင်တဲ့စနစ်ကို လက်ရှိအချိန်မှာတော့ ဇုန် (၁ ) မှာ လက်ခံပေးတာ မရှိ သေးပေမဲ့ စတင်လုပ်ဆောင်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service