မြန်မာနိုင်ငံတွင် Visa နည်းပညာဖြင့် ကြွေးဝယ်ကတ်အ သုံးပြုသူ အရေအ တွက် ဇန်နဝါရီမှ ဧပြီအထိ ၈၇ ရာခိုင်နှုန်းအထိ ရှိကြောင်း ဇွန်လ ၁၄ ရက် တွင် ပြု လုပ်သည့် Visa ကုမ္ပဏီငွေပေး ချေမှုဆိုင်ရာ အခြေခံလုပ်ဆောင် ချက်များ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။
‘‘၂၀၁၇ မတ်လမှာ ကြွေး ဝယ်ကတ်သုံးပြီး ငွေပေးချေမှုနှုန်း ၆၃ ရာခိုင်နှုန်း အထိ တိုးမြင့်လာ ပါတယ်။ လုပ်ငန်းပေါင်း ၄,၂၀၀ နဲ့လည်း ကြွေး ဝယ်ကတ် အသုံးပြု နိုင်ဖို့ ချိတ်ဆက်ထားပါတယ်’’ဟု Visa မြန်မာ၏Country Manager Arturo Planell က ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ATM စက် ၂,၅၀၀ ဖြင့် ချိတ်ဆက်ထား သည့် Visaြေ ကွး ဝယ်ကတ်ကို ၂၀၁၇ ဇန်နဝါရီက စတင်အသုံးပြု ခဲ့သည်။ အဆိုပါကြွေး ဝယ် ကတ် များသည် လက်ရှိတွင် ပြည်တွင်း ၌သာ အသုံးပြုနိုင်ပြီး ဧရာဝတီ ဘဏ်၊ KBZ ဘဏ်နှင့် CB ဘဏ်တို့တွင် လျှောက်ထားနိုင်သည်။
ထိုကတ်လျှောက်ထားသူ များသည် လစဉ် အနိမ့်ဆုံးဝင်ငွေ ကျပ် သုံးသိန်း ရှိရမည်ဖြစ်ပြီး အ လုပ်ရှင်၏ထောက်ခံချက်၊ အာမခံပေးသူနှစ်ဦးနှင့် ဝင်ငွေ ခွန်ဆောင် ထားသည့် အထောက်အထားများ လိုအပ်သည်။
ယင်းအထောက်အထားများ ထဲမှ နှစ်ချက်ပြည့်စုံပါက လျှောက်ထားနိုင်ပြီး ဘဏ်တွင် ဘဏ်စာရင်း မဖွင့်ထားသူများလည်း လျှောက်ထားနိုင်ကြောင်း သိရ သည်။
လက်ရှိတွင် အကြွေးဝယ် ကတ် Classic Card နှင့် Platinum Card နှစ်မျိုး သုံးစွဲနိုင်ပြီး မြန်မာ့ဘေးအန္တရာယ်လျှော့ချရေး ကောင်စီ(Myanmar Risk Council)မှ ဘဏ်များနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။ မြန် မာနိုင်ငံ တွင် Visa ကတ်အသုံးပြု၍ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ဟိုတယ်နှင့် တည်းခိုခန်းများ ငှားရမ်းခြင်း၌ သုံးစွဲမှုအများဆုံးဖြစ်သည်။
Credit: 7DayDaily