ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ ဗဟန်း ဆာဘိုးသာခြံ အိမ်ရာစီမံကိန်း ဆောက်မည်

ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ ဗဟန်း ဆာဘိုးသာခြံ အိမ်ရာစီမံကိန်း ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
19 Jun 2017 9:39 am တွင် တင်ခဲ့သည်
3536 ကြိမ် ကြည့်ရှု့ပြီး
ဗဟန်းမြို့နယ် ငါးထပ်ကြီးတောင်ရပ်ကွက် က ကျူးကျော်အဖြစ် သတ်မှတ်ခံရ တဲ့ ဆာဘိုးသာခြံလမ်းမှာ အိမ်ရာစီမံကိန်းတစ်ခု ဆောက်လုပ်သွားမှာ ဖြစ် တယ်လို့ သည်ကနေ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ အဆိုပါခြံရဲ့ အမွေဆက် ဆံသူတွေ က ပြောကြားလိုက်ပါတယ်။

“ အိမ်ရာစီမံကိန်းဆောက်ပေမယ့် ဒီမှာနေတဲ့သူတွေက အိမ်ရာပြီးစီးသွားရင် ယခင်အတိုင်း နေအိမ်တွေ ပြန်လည် ရရှိမှာပါ” လို့ ဆာဘိုးသာခြံရဲ့ အမွေ ဆက်ဆံသူတွေထဲက တစ်ဦး ဖြစ်တဲ့ ဦးကျော်ပိုင် က ပြောပါတယ်။

အဆိုပါ မြေမှာ အမွေဆက်ဆံသူတွေနဲ့ ကိုရီးယားဆောက်လုပ်ရေး လုပ်ငန်း တစ်ခု ပူးပေါင်းပြီး အိမ်ရာစီမံကိန်း ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါ တယ်။

အိမ်ရာဆောက်နေစဉ်အတွင်းမှာလည်း ဒေသခံတွေ နေထိုင်ဖို့အတွက် စီ စဉ်ပေးမယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ ဒီနေရာကို မြို့ပြအင်္ဂါရပ် နဲ့ မညီဘူးလို့သတ်မှတ်ထားတယ် လို့လည်းသိရပါတယ်။

ဆာဘိုးသာခြံလမ်းဟာ မြို့ ပြအင်္ဂါရပ်နဲ့ မညီတဲ့ ခြံကို အမွေ ဆက်ခံသူတွေ ကတော့ မြို့ပြအင်္ဂါရပ်နဲ့ ညီအောင် လုပ်ဆောင်သွားဖို့ လွန်ခဲ့တဲ့ ၂နှစ်က တည်းက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“အစိုးရဘက်က ကျူးကျော်စာရင်းတပ်ပေမယ့် ဒီမြေပေါ်က လူတွေ မပြောင်း မရွေ့ဖို့ က ကျွန်တော် အာမခံပါတယ် စိုးရိမ်မှုတွေ လျှော့ ကျကြပါ ”လို့ ဦးကျော်ပိုင် က ပြောပါတယ်။

အစိုးရက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ကာ ခြံထဲက ဒေသခံ တွေ အတွက် ပြောဆိုထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

တိုင်းအစိုးရက စာရင်းကောက်ပေမယ့် ပြောင်းရွေ့ဖို့ အစီအစဉ်တွေ လုပ်ေ ဆာင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ ပထမကျူးကျော်ဆိုပြီး ခေါင်းစဉ်တပ်တော့ ပေါက်ကွဲတာပေါ့ ခု သူဌေးက သူ အာမခံတယ်ဆိုတော့ ဘာပဲပြောပြော ဒေသခံတွေ အားလုံးက သဘောတူ ပါတယ် ” လို့ အဆိုပါ ခြံလမ်းမှာ နေထိုင်တဲ့ ဦးနေ၀င်းက ပြောပါတယ်။

၂၀၁၇ခုနှစ် ဇွန်လ ၁၂ရက်နေ့မှာတော့ ဗဟန်းမြို့နယ် မှာ ကျူးကျော်စာရင်း စတင်ကောက်ခံပြီး ကျူးစလစ်ကဒ်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆာ ဘိုးသာခြံမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ ကျူးစလစ်ကဒ် သွားရောက်မ ထုတ်ယူခဲ့ကြပါဘူး။

ဆာဘိုးသာခြံလမ်းဟာ ၈ ဧကခွဲ ကျယ်ဝန်းပြီး အိမ်ထောင်စု ၃၇၃စု နေ ထိုင်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် အစိုးရကတော့ ဒုတိယအကြိမ် ကျူးကျော်စာရင်းထပ်မံ လာေ ကာက်မယ့် အချိန်ကို မသိရသေးပါဘူး။ ဒုတိယကမ္ဘာစစ် မတိုင်ခင်က တည်း က ဆန်စပါးကုန်သည် ဦးဘိုးသာ က သူ့ရဲ့ လုပ်ငန်းမှာ လုပ်ကိုင်သူ ၁၄ဦးကို ယခုမြေပေါ်မှာ နေထိုင်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

ဦးဘိုးသာဟာ အလှူအတန်းရက်ရောတာကြောင့် အင်္ဂလိပ်အစိုးရ က ဆာဘွဲ့ ချီးမြှင့်ခြင်းခံရသူလည်း ဖြစ်ပါတယ်။

Credit: The Kumudra
ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ ဗဟန်း ဆာဘိုးသာခြံ အိမ်ရာစီမံကိန်း ဆောက်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service