အိမ်ရှင် ၊ ပွဲစား လက်ခုပ်ထဲက စံပယ်ပန်းလေး လန်းဆန်းနိုင်ပါစေ

အိမ်ရှင် ၊ ပွဲစား လက်ခုပ်ထဲက စံပယ်ပန်းလေး လန်းဆန်းနိုင်ပါစေ - Property News in Myanmar from iMyanmarHouse.com
16 Jun 2017 11:01 am တွင် တင်ခဲ့သည်
2031 ကြိမ် ကြည့်ရှု့ပြီး
မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝ အရ ၀ါတွင်းကာလတွေမှာ အိမ်အပြောင်းအရွေ့လုပ်တာ မရှိသလောက် ရှားပါးပါတယ် ၊ အခုနောက်ပိုင်းမှာသာ မဖြစ်မနေ အရေးပေါ် အခြေအနေ တွေလောက်မှဘဲ အနည်းအပါး ပြောင်းရွေ့တာ ရှိပါတယ် ၊ ၀ါတွင်းကာလမှာ အိမ်အပြောင်းအရွှေ့လုပ်တာ ၊ မင်္ဂလာဆောင်တာတွေ မလုပ်ကြတာ ထုံးတမ်းအစဉ်အလာ တစ်ခုလို ဖြစ်နေပါတယ် ။ ဒီတော့ အိမ်ဌားမယ် ၊ အိမ်ရောင်းအိမ်ဝယ်မယ် ၊ အိမ်တက်မယ် ဆိုရင်လည်း ၀ါတွင်းကာလမရောက်ခင် အလုပ်လုပ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အိမ်ဌားတဲ့ အလုပ်က အရမ်းအလုပ်ဖြစ်နေတာဖြစ်ပါတယ် ။

အိမ်တစ်လုံးနဲ့ တစ်လုံး ပြောင်းရွေ့ရတာ လွှယ်တဲ့ ကိစ္စမဟုတ်သလို အိမ်ရှာရတဲ့ ဒုက္ခမသေးတာ အိမ်ဌားဖူးသူတိုင်း အသိဘဲ ဖြစ်ပါတယ် ၊ ဘယ်သူမှ ဒီဒုက္ခကို မခံချင်ပေမယ့်လည်း ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုဘဲ ရွေးချယ်ရတဲ့ အခြေခံလူတန်းစား တွေ ၊
လူလတ်တန်းစာ အတွက် ရွေးချယ်စရာ မရှိပါဘူး ၊ ရန်ကုန်မှာရှိတဲ့
မိသားစုဝင် တွေရဲ့ စုစုပေါင်း ၈၀ ရာခိုင်နှုန်းဟာ အိမ်ဌားသံသရာထဲမှာ လည်ပတ်နေရဆဲဖြစ်ပါတယ် ၊ ၂၀ ရာခိုင်နှုန်းလောက်ဘဲ
အိမ်ပိုင်တယ် လို့ အိမ်ခြံမြေ ကျွမ်းကျင်သူတွေက ဟောပြောပွဲတွေမှာ ထည့်သွင်းဟောပြောခဲ့ကြပါတယ် ။ အိမ်ဌားတွေ အိမ်ပိုင်နိုင်ဖို့ အတွက် ကတော့ တာဝန်ရှိသူတွေ အစီအမံကောင်းရင်ကောင်းသလို
ဖြစ်နိုင်ပါတယ် ။

သူတို့ဘယ်စစ်တမ်းကို ကောက်ပြီး ပြောတာ မသိပေမယ့် သေချာတဲ့ အမှန်တရာကတော့ အိမ်ပိုင်တဲ့ မိသားစု တွေ ရဲ့ ဦးရေထက် အိမ်ဌားနေရတဲ့ မိသားစု ဦးရေက တော်တော်လေးများပြားတာ ကတော့ မျက်မြင်ဘဲဖြစ်ပါတယ် ၊ အိမ်ဌားမိသားစုတွေ တိုင်း လိုချင်တဲံတောင်းတမှု တစ်ခုကတော့ အိမ်မပိုင်ခင်စပ်ကြားမှာ မကြာခဏ အပြောင်းအရွေ့ မလုပ်လိုတဲ့ အပြင် ခြေက်လတစ်ခါလောက် အိမ်လခ တိုးပေးရတဲ့ ဒုက္ခ ၊
ပွဲစား အကျိုးဆောင်က ခလောက်ဆန်လို့ မကြာခဏ ပြောင်းပြေးရတဲ့ ဒုက္ခတွေက လည်း အိမ်ဌားဖူးတွေ တိုင်းခံစားရတဲ့ အတွေ့အကြုံဆိုးတွေ ဖြစ်ပါတယ် ။

မိသားစု အခြေကျလို့ ခြောက်လတစ်နှစ်လောက် နေပြီဆိုရင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြောင်းရွေ့ရတဲ့ အတွက် အခြေကျနေတဲ့မိသားစု တွေ ဘ၀ကို မကြာခဏ
စရသလိုဖြစ်ပြီး လူပင်ပန်းဆင်းရဲဒုက္ခကို ခံစားနေကြရတာဖြစ်ပါတယ် ။
မကြာခဏဆိုသလို ပတ်ဝန်းကျင် အသစ်သစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရသလို ကျောင်းတက်နေတဲ့ ကလေး
ရှိတဲ့ မိသားစု ၀င်တွေဆို ကသီကလင် ဖြစ်ကြရပါတယ် ။

ဇူလိုင်လ ၈ ရက်နေ့ ဆိုရင် ၀ါတွင်းကာလကို ရောက်လာပြီဖြစ်ပါတယ် ၊ ၀ါတွင်းကာလ မတိုင်ခင် အိမ်ပြောင်းရွေ့လုပ်တာတွေ ၊
အိမ်ဌားကြရတာတွေ ၊ နှစ်ပြည့်လို့ အိမ်စာချုပ် အသစ်တစ်ဖန် ပြန်ချုပ်ရတာတွေကြောင့် ဒီအချိန်က အိမ်ခြံမြေ အကျိုးဆောင်
ပွဲစားတွေ အလုပ်ဖြစ်တဲ့ အချိန် ဖြစ်ပြီး ရပ်ကွက်ထဲမှာ မျက်နှာပန်းလှတဲ့ အချိန်အခါလည် ဖြစ်ပါတယ် ။

အိမ်ဌားဘ၀မှာ ပွဲစား အကျိုးဆောင် ကောင်းရင်ကောင်းသလို
အိမ်ဌားရတာ စိတ်ချမ်းသာရသလို ပွဲစားညစ်လို့ ပွဲပျက်ပြီး
အိမ်ဌားစိတ်ပျက် ရတဲ့ ၀ိသမားသား ပွဲစားတွေကလည်း အများကြီး
ရှိပါတယ် ၊ ပွဲစား အကျိုးဆောင်ဆိုတာ ရုံးခန်းကြီးကြီးကျယ်ကျယ် နဲ့
ဖွင့်ထားတဲံ ကုမ္မဏီ တွေကနေ လမ်းဘေးဈေးသည် ၊
ကွမ်းယာသည်က အစ ဒီအချိန်မှာ ပွဲစားဖြစ်နေတက်ပါတယ် ။
မကောင်းတဲ့ အကျိုးဆောင် ပွဲစားတွေ ရှိသလို ကောင်းတဲ့ အကျိုးဆောင် ပွဲစားတွေလည်း ဒုနဲ့ထေး ရှိပါတယ် ။

စာရေးသူ နေတဲ့ ရပ်ကွက်ထဲမှာဆိုမိတ်ဆွေ အိမ်ဌားတော်တော်များများက ဟိုဘက်လမ်းကနေ ဒီဘက်လမ်းကို ပြောင်းလာလိုက် ၊ ဒီဘက်လမ်းက နေ ဟိုဘက်လမ်းကို ပြောင်းသွားလိုက် ၊ အခုနှစ်ထပ်အိမ်ကနေ နောက်ခြောက်လ တစ်နှစ်နေရင် တစ်ထပ်အိမ်ကို ရောက်သွားလိုက်နဲ့ မိတ်ဆွေတွေရဲ့ အိမ်ကို မကြာခဏ မှတ်သားထားရပါတယ် ၊ အခုလို ၀ါဝင်ကာနီး အချိန်ဆီ ရပ်ကွက်ထဲမှာ ထီးတစ်ချောင်းနဲ့ ပွဲစားနောက်လိုက်ပြီး အိမ်လိုက်ရှာနေတဲ့ လူတွေ ၊ ပွဲခမရလို့ အချင်းချင်း နပန်းသတ် နေရတဲ့လူတွေ ၊ ပွဲခ အဝေမတည့်လို့ အပြန်အလှန် အော်ဟစ်နေတဲ့ မြင်ကွင်းတွေကို ၀ါဝင်ကာနီးကာလ ရောက်လေ နေ့စဉ်ရက်ဆက်သလို မြင်တွေ့ရလေ ဖြစ်ပါတယ် ။

တစ်ခါတစ်လေ အိမ်ဋ္ဌားအချင်းချင်း လက်တို့ပြီး သတင်းပေးတာကြောင့် အဌားဖြစ်သွားခဲ့ရင် တောင် ရပ်ကွက်ပွဲစား အချို့ရဲ့စောင်းမြောင်း ပြောဆိုခြင်းကို ခံခဲ့ရတဲမိသားစုတွေ လည်း ရှိပါတယ် ။ အိမ်ဋ္ဌားမယ့်လူတွေကလည်း သက်သာလို သက်သာ ဌား အိမ်ရှာနေရသလို ၊ ရှိပြီးသား အိမ်ဌားတွေကလည်း နောက်ထပ် စာချုပ်ချုပ်ရင် အိမ်ရှင်က လစာတိုးမတောင်ဖို့ ၊ ပွဲစားက လာပြီး မုန့်ဖိုးပဲဖိုး လာမတောင်းဖို့ ကျိတ်ပြီးဆုတောင်းနေရတဲ့လူတွေလည်း အများကြီးရှိပါတယ် ။ ခါတော်မှီ ပွဲစားအချို့ရဲ့ လုပ်ဇတ်ကြောင့် တစ်လ ငါးသောင်းလောက် နဲ့ မူလဋ္ဌားထားတဲံ လူကို ဖယ်ခိုင်း ရှစ်သောင်းလောက် ပေးမယ့်လူကို တင် ၊ ငါးသောင်းနဲ့ ဆင်းသွားတဲ့ လူကို တစ်ခြားနေရာမှာ ပြန်ပြီး အိမ်ပြန်ရှာပေးနဲ့ နှစ်ခွင် ဖန်တက်ကြပါတယ် ၊ တစ်ခါတစ်လေ မှာ ပွဲစားအချင်းချင်း အဝေမတည့်လို့ ကွိုင်တက်ပြီး အိမ်ရှင်နဲ့ အိမ်ဌား အရှေ့မှာ ရန်ထဖြစ်တဲ့ အတွက် ပွဲပျက်သွားတဲ့ ဖြစ်စဉ်တွေကလည်း အများကြီးရှိပါတယ် ။

ဝါမ၀င်ကာလ နဲ့ ၀ါထွတ်ကာလတွေမှာ ဒီဇတ်လမ်းတွေက ဖြစ်နေအုံးမှာဖြစ်ပါတယ် ။ အိမ်ဌားသံသရာ လည်နေတဲ့ အဖြစ်ကို အဆုံးသတ်ဖို့ ဆိုတာ ယနေ့ခေတ် အိမ်ခြံမြေ ဈေးနှုန်း ၊ အိမ်ဌားခဈေးနှုန်းတွေကြောင့် ယနေ့ခေတ်မှာ အိမ်ဌားကနေ အိမ်ပိုင်ဖြစ်သွားတဲ့ အခြေခံလူတန်းစား နဲ့ လူလတ်တန်းစားတွေ ကြားမှာ အတော်လေး ရှားပါးပါတယ် ၊ ဆောက်လုပ်ရေး ဘဏ်နဲ ချိတ်ပြီး တိုက်ခန်းဝယ်မယ်လို့ စိတ်ကူးယဉ်လိုက်ပြန်ရင်လည်း ကနဦးသွင်းရမယ် သွင်းကြေး ပမာဏ က သိန်း ၃၀ အထက်ဖြစ်နေတဲ့ အပြင် ဘယ်နေ့ရမလဲ ဆိုတာလည်း မသေချမရေရာပြန်ပါဘူး ၊ စားဖို့တောင် အနိုင်နိုင် ရပ်တည်နေရတဲ့ အပြင် ၀င်ငွေနဲ့ ထွတ်ငွေ မမျှလို့ စိတ်ညစ်နေရတဲ့ အိမ်ဌားမိသားစု တွေ အနေနဲ့လည်း ဘဏ်ကိုပေးသွင်းရမယ့် ကနဦး သိန်း ၃၀ ဆိုတဲ့ ငွေကြေးဟာ ထီပေါက်မှ ဘဲဖြစ်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ် ။
ဒီတော့ လက်ရှိနေနေတဲံ အိမ်ရှင် မငြိုငြင်အောင် ၊ အိမ်လခ တိုးမတောင်းတောင် ဆုတောင်းနေကြရုံတင်မကဘဲ မတော်တဆ အိမ်ရှင်က မထားတော့ဘူးဆိုရင် ဈေးသက်သက်သာသာ နဲ့ အိမ်ကောင်းကောင်းလေး ရနိုင်အောင် ပွဲစား အကျိုးဆောင်ကို မျက်နှာချိုသွေးရအုံးမှာဖြစ်ပါတယ် ။

ရန်ကုန်ကို နှစ်စဉ်လူဦးရေ သုံးသိန်းလောက် ၀င်နေတဲ့ အတွက် အိမ်ခန်းလိုအပ်ချက်က ငါးသောင်းနဲ့ ခြောက်သောင်းအကြားမှာ ပုံမှန်လိုပါတယ် ၊ ဒါပေမယ့် ဈေးကွက်ထဲမှာ ဆောက်နိုင်တာ က အခန်းပေါင်း နှစ်သောင်းကျော်ကျော်လောက်ဘဲ ရှိတဲ့အပြင် အခုနောက်ပိုင်းဆောက်လုပ်ရေးတွေ အခြေအနေ မကောင်းလို့ ဘယ်သူမှလည်း အရဲစွန့်ပြီး မဆောက်ရဲ ကြတဲ့ အတွက် ဈေးကွက်လိုအပ်ချက်က တစ်ဖြည်းဖြည်းနဲ့ ကြီးမားလာနေတာဖြစ်ပါတယ် ။ supply နဲ့ demand မမျှတတဲ့ အပြင် စီးပွားရေးမကောင်းဘူးလို့ လုပ်ငန်းရှင်တွေ ထိုင်အော်နေတဲ့ အချိန်အခါမှာ အိမ်ဌားတွေရဲ့ဘ၀ဟာ အိမ်ရှင်တွေနဲ့ အကျိုးဆောင်ပွဲစားတွေရဲ့ လက်ခုပ်ထဲက စံပယ်ပန်းလေး တစ်ပွင့်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service