ရောင်းရန် ဌားရန်ရှိသည် အ၀ယ်အဌားသာ လို

ရောင်းရန် ဌားရန်ရှိသည် အ၀ယ်အဌားသာ လို - Property News in Myanmar from iMyanmarHouse.com
16 Jun 2017 9:41 am တွင် တင်ခဲ့သည်
2100 ကြိမ် ကြည့်ရှု့ပြီး
မဟာရန်ကုန် မြို့လယ်တိုက်ခန်းကနေ စပြီး မြို့စွန်မြို့ဖျားအထိ
ဌားမည် ၊ ရောင်းမည်ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေ အခုနောက်ပိုင်းတော်တော်များများလေး နေရာအနှံ့မှာ တွေ့လာရပါတယ် ၊ ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေ တွေ့လို့ ဈေးနှုန်းစုံစမ်းလိုက်ရင်လည်း တာဝတိသာ ရောက်နေတဲ့
အရောင်းဈေးနှုန်း နဲ့ ဌားမယ်ဆိုပြန်ရင်လည်း မြင့်မားတဲ့ အဌားဈေးနှုန်းတွေကြောင့် တွက်ခြေမကိုက်ဘဲ လက်လန်သွားကြတာများတယ်လို့ အကျိုးဆောင်မိတ်ဆွေတွေက ပြောလာကြပါတယ် ။

တစ်ချို့အိမ်တွေ တိုက်ခန်းတွေဆို နှစ်နဲ့ ချီပြီး ဌားမယ် ရောင်းမယ်ဆိုတဲံ ဆိုင်းဘုတ်တွေကို ချိတ်ဆွဲထားတာ နေရာအနှံ့မြင်တွေ့ရမှာဖြစ်ပါတယ် ။ လမ်းမတန်းမြေကွက် ၊ တိုက်ခန်းအချို့ရဲ့ဌားခဈေးနှုန်းတွေကလည်း အားလုံးသိတဲ့ အတိုင်းမြင့်မားနေလို့ ဆက်မဌားနိုင်တော့တဲ့အတွက် ဈေးချိုနေရာသစ်ဆီကို မကြာခဏ ဆိုင်နေရာ ပြောင်းရွှေ့နေရတာကို မြင်နေရမှာဖြစ်ပါတယ် ။ ၊ ဆိုင်ခန်းတွေ ခဏခဏ နေရာ ပြောင်းနေရလို့ နေရာသစ်ကို ပြောင်းရွေှ့ထားပါတယ်ဆိုတဲ့ အကြောင်း နေရာ ဟောင်းမှာ ဗွီနိုင်တွေ ကပ်ထားတာ ရန်ကုန်မြို့လယ်ခေါင်က နေရာအစုံမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

တစ်ယောက်ပြောင်းသွားလို့ ဒီနေရာ မှာ နောက်တစ်ယောက်ထပ်ဝင် ပြီးဌားတာတို့ ရှိသလားဆိုတာပြန်ကြည့်လိုက်ရင်လည်း လနဲ့ချီကြာအောင် အဌားမရှိလို့ ဒီအတိုင်းတံခါးပိတ်ထားရတဲ့ ဆိုင်ခန်းတွေ ၊ အိမ်ခန်းတွေက စီးပွားရေးမြို့လယ်ခေါင်ဖြစ်တဲ့ ရန်ကုန်မြို့ လယ်မှာ
တော်တော်များများ မြင်တွေ့နေရတာဖြစ်ပါတယ် ။ မြို့စွန်မြို့နယ်တွေမှာလည်း ထိုနည်းလည်ကောင်းဖြစ်ပါတယ်

အပိုင်ဝယ်ဖို့ မဖြစ်နိုင်လို့ ဌားပြီးဆိုင်လေးဖွင့်ထားပေမယ့် တစ်နှစ်နှစ်နှစ် အခြေကျလို့ ဆိုင်အတွက် မိတ်ကလေးရလာပြီ လူစည်လာမယ် အရောင်းအ၀ယ် ကောင်းလာပြီဆိုရင် အိမ်ရှင်မြေရှင်က ဌားခဈေးတိုးတောင်းလို့ အဆင်မပြေဘဲ နေရာသစ်ကို မကြာခဏ ပြောင်းရလို့ ဌားတဲ့ လူတွေအတွက်လည်း အင်မတန် ဒုက္ခများသလို မိတ်လည်းပျက်ပါတယ် ။ ပစ္စည်းတွေနေရာမကြာခဏ ပြောင်းရတဲ့ ဒုက္ခမသေးတာ အားလုံးလည်း အသိဘဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အိမ်ရှင်မြေရှင်တွေ လောဘတက်ပြီူ အရောင်းအဌားဈေးတွေ ဆွဲမြှောက်ထားသလားလို့ အပေါ်ယံထင်ရပေမယ့်လည်းတကယ်အတွင်းကျကျ ပြန်ကြည့်မယ်ဆိုရင် သူတို့ကိုယ်တိုင်လည်း အမြင့်ဈေးတွေနဲ့ ၀ယ်ထားခဲ့တာက အများစု ဖြစ်လို့ သူတို့ဒုက္ခနဲ့ချာလပတ် လည်နေကြတာဖြစ်ပါတယ် ၊ ဒါကြောင့်လည်း အမြတ်မရရင်တောင် အရင်ဈေးလောက် ရအောင် ပြန်ရောင်းမယ့် ဈေးနှုန်းတွေ ၊ ဌားစားမယ့် ဈေးနှုန်းတွေကမြင့်တက်နေရတာဖြစ်ပါတယ် ။ သိန်းတစ်ထောင်တန် မြေကွက်ပါ အိမ်ကို ၀ယ်ပြီး ပြန်ဌားစာရင် အနည်းဆုံး တစ်သိန်းခွဲနဲ့ နှစ်သိန်းကြား ဌားခ ရမှသာ အိမ်ရှင်မြေရှင်ဘက်ကလည်း သူရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးအရ နည်းနည်းလေး လှုပ်သာရုံသာ
ရှိပါတယ် ။

အိမ်ဝယ်တိုက်ခန်း ၀ယ်မယ့်လူတွေ ၊ အိမ်ဌားနေမယ့် လူတွေ ဘက်က ပြန်ကြည့်လိုက်ရင်လည် တစ်ချိန်တုံးက ဒီဈေးနှုန်းတွေ ပေါက်ခဲ့တာ မှန်ပေမယ့် အခုလိုအ၀ယ်အေးပြီး ငွေရှားတဲ့ကာလမှာ ခေါ်ဈေးအတိုင်း ၀ယ်ဖို့ဆိုတာ ဘယ်သူမှ စဉ်းစားရဲမှာ မဟုတ်ပါဘူး ၊၀ယ်မှာလည်း မဟုတ်ပါဘူး ။ အခုလိုငွေရှားပြီး လုပ်ငန်း တွေအေးတဲ့ကာလမှာပိုဆိုးပါတယ် ။

ထို့အတူ ဌားမယ့်သူတွေ ဘက်ကလည်း ဌားမယ့် မြေကွက် ၊ အဆောက်အအုံကို ပေးရမယ့် ဌားခဈေးနှုန်းနဲ့ ပြန်ရမယ့် စီးပွားရေး အကျိုးအမြတ်ကို တွက်ပြီး မြေ၊ အဆောက်အအုံ ဌားခဈေးတွေ မြင့်လို့ လက်တွန့်နေကြတဲ့ အတွက် အခုအချိန်ထိ ဌားမယ်ရောင်းမယ်ဆိုတဲ့ မြေကွက် အဆောက်အအုံ တိုက်ခန်းတွေ ရန်ကုန်မြို့မှာ တော်တော်များများ တွေ့နေ၇တာ ဖြစ်ပါတယ် ။

အိမ်ရှင်မြေရှင် တိုက်ခန်းရှင်ကလည်း သူဝယ်ခဲ့တာ အမြင့်ဈေးဖြစ်လို့ အရှုံးခံဈေးချဖို့ မဖြစ်နိုင်တဲ့ အတွက် မရောင်းနိုင်မဌားနိုင်သလို အလုပ်လုပ်မယ့်လူတွေ အတွက်လည်း အခုလို စီးပွားရေးမကောင်းသေးဘူးလို့ အားလုံးဝိုင်းပြောနေတဲ့ အချိန်မှာ ခေါ်ဈေးအတိုင်း မ၀ယ်နိုင် မဌားနိုင်တာကတော့ ထူးခြားမှုမရှိပါဘူး ၊ အိမ်ရှင်ကလည်းဈေးချပြီး မရောင်းနိုင်မဌားနိုင်တဲ့ အတွက် အခုအချိန်ထိ ဆိုင်းဘုတ်တွေတပ်ထားပြီး ပိတ်ထားတဲ့ လူနေတိုက်ခန်းတွေ မြေကွက်လွတ်တွေက အများအပြားရှိနေအုံးမှာဖြစ်ပါတယ် ။

ရောင်းသူ နဲ့ ၀ယ်သူအကြားမှာ ချိတ်ဆက်မှု တစ်ခုလိုအပ်ပါတယ် ၊ အခုလို ဖြစ်နေတဲ့ ပြသနာကတော့ စီးပွားရေး လေးလံထိုင်းမှိုင်းနေတဲ့ အကျိုးဆက်ကြောင့် အိမ်ရှင် အတွက်လည်း မရောင်းနိုင် မဌားနိုင်လို့ အိမ်ပိတ်ထားရပြီး အကျိုးမရှိသလို စီးပွားရေးလုပ်ချင် ၊ လုပ်ငန်းလုပ်ချင်တဲ့လူတွေ ၊ အိမ်နေဖို့ လိုတဲ့ လူတွေအတွက်လည်း အခန်းတွေ အိမ်တွေရှိပေမယ့် ဌားခ ရောင်းဈေးမြင့်လို့ မြင်သာမြင်ရ မကြင်ရဆိုသလို လက်မှိုင်ချဘေးထွတ်ထိုင်ရတဲ့ အတွက် နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုတွေ ရှိပါတယ် ၊ လုပ်ငန်းတွေ မလည်ပတ်နိုင်တဲ့ အတွက်ကြောင့် တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာ ရရှိမှုကိုလည်း ထိခိုက်စေပါတယ် ၊ အဓိက အပြစ်တင်ရမှာကတော့ လေးလံထိုင်းမှိုင်းနေတဲ့ စီးပွားရေးကိုဘဲ လက်ညိုးထိုးအပြစ်တင်ရမှာဖြစ်ပါတယ် ။

အေးစက်တာ နှစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ မြန်မာစီးပွားရေး အင်အားစုကြီး တစ်ခုလုံးကို ပြန်လည်နိုးဆွဖို့လိုလာပြီဆိုတဲ့ အကြောင်း စီးပွားရေး ကျွမ်းကျင်သူတွေက တိုက်တွန်းနေကြပါပြီ ၊ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းတွေက စီးပွားရေးဈေးကွက်မှာ အင်အားကြီးတဲ့ ပမာဏ ဖြစ်ပြီး ငွေကြေးလည်ပတ်မှု ကောင်းတဲ့ လုပ်ငန်းတွေဖြစ်လို့သူတို့ရှင်သန်နိုင်အောင် INJECTION လို့ခေါ်တယ့်အားဆေးတွေ လိုအပ်လာပါပြီ ။

ကွန်ဒို ဥပဒေထွတ်ပြီးဖြစ်ပေမယ့် အလုပ်တကယ်ဖြစ်မယ့် ကွန်ဒိုနည်းဥပဒေ ထွတ်ဖို့ တွန်းအားပေးဖို့လုပ်ရမှာဖြစ်သလို တိုက်ခန်းအိမ်ရာ ဥပဒေကိုလည်းအမြန်ဆုံး အသက်သွင်းဖို့လိုပါတယ် ။ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းတွေ ဈေးကွက်ထဲကို အမြန်ဆုံး ၀င်လာတာနဲ့ အမျှ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည်သွက်လက်လာမှာဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ဝင်ငွေတွေလည်း တိုးလာမှာဖြစ်ပါတယ် ။

ဒါဆိုရင် စီးပွားရေး လုပ်ငန်းတွေ ပြန်လည်တိုးတက်လာနိုင်တဲ့ အတွက် ဘယ်လောက်ဘဲ အဌားအရောင်းဈေးတွေ မြင့်နေတယ်လို့ အော်နေပါစေ တွက်ခြေကိုက်တယ် သူတို့နဲ့ သင့်တော်တယ်လို့ လုပ်ငန်းရှင်က ယုံကြည်တယ်ဆိုရင် အရောင်းအ၀ယ် အဌားအရမ်းတွေ ပြန်လုပ်လာကြမှာဖြစ်ပါတယ် ၊ ဒိုမီနိုသီအိုရီအရ လုပ်ငန်းတွေ အားလုံးက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှီခိုနေရတဲ့ အတွက် အဓိကလှုပ်ခတ်မောင်းနှင်နိုင်မယ့် တွန်းအား တစ်ခုဖြစ်လာအောင် အသက်သွင်းပေးဖို့ အရေးကြီးပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေ စီးပွားရေးစနစ်ထဲကို
ငွေထုတ်ပိုက်ပြီး ရင်းနှီးမြုပ်နှံလာမယ်ဆိုရင် ကျဆင်းနေတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ပြန်လည်တိုးတက်လာ
မှာဖြစ်ပါတယ် ၊ အကျိုးဆက်အနေနဲ့ကတော့ အရောင်းအ၀ယ် တွေ ပြန်လည်သွက်လက်လာလို့ အိမ်ရှင် ၊ အိမ်ဌားနဲ့ နိုင်ငံတော်အတွက်ပါ သုံးဦးသုံးဖလှယ် အကျိုးကျေးဇူးဖြစ်ထွန်းလာမှာဖြစ်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service