ရန်ကုန်နှင့် ဒလသို့ ဆက်သွယ်မည့် ကိုရီးယား-မြန်မာ ချစ် ကြည်ရေးတံတား တည်ဆောက် ရန် မြေသားခံနိုင်ဝန် စမ်းသပ် တိုင်းတာခြင်း လုပ်ငန်း စ တင်နေ ပြီဖြစ်သည်။
SUNTAC TECHNOLO-GIES ကုမ္ပဏီက ဒလဘက်ခြမ်း ဗိုလ်မင်းရောင် လမ်းနှင့် လမ်းမ တော်မြို့နယ် ဘုန်းကြီးလမ်းတွင် စမ်းသပ်တိုင်းတာမှုများ စ တင် လုပ်ဆောင်နေသည်။
ထို့အပြင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကလည်း တံတားဖြတ် သန်းမည့် မြစ်ေ ရပြင်အောက် မြေ သားတိုင်းတာမှုများကို ပြီးခဲ့သည့် တစ်ပတ်က စတင် လုပ်ဆောင်နေသောကြောင့် ရန်ကုန်မြစ်အတွင်းသွား သင်္ဘောများကို သ တိပေးချက်ထုတ်ပြန်ထားသည်။
၂၀၁၈ ဇန်နဝါရီတွင် စတင် တည်ဆောက်မည့် ရန်ကုန်-ဒလ တံတားစီမံ ကိန်းအတွက် အကြို တိုင်းတာစမ်းသပ်မှုများ လုပ် ဆောင်နေခြင်းဖြစ်သည်။
စီမံကိန်းအတွက် တံတားအူကြောင်း မီတာ ၄၀ အတွင်း မလွတ်ကင်း သည့်မြေနှင့် အ ဆောက်အအုံများအတွက် လျော် ကြေး ကျပ်သိန်းသုံးေ သာင်းကျော် ရှိနိုင်ပြီး ထက်ဝက်ကျော်ကို လျော်ကြေး ပေးအပ် ထားပြီးဖြစ် သည်ဟု ဆိုသည်။
ရန်ကုန်-ဒလတံတားစီမံ ကိန်းကို ၂၀၁၆ ကစတင်ပြီး အ သေးစိတ်ဒီဇိုင်းအ တွက် အတိုင် ပင်ခံ ကုမ္ပဏီရွေးချယ်ခဲ့သည်။ ၂၀၁၇ တွင် အသေးစိတ်ဒီ ဇိုင်း ရေးဆွဲခဲ့ပြီးနောက် တည်ဆောက်ရေးကုမ္ပဏီကို ၂၀၁၇ စက်တင်ဘာ ၌ ရွေးချယ်မည်ဖြစ်သည်။
တံတားစီမံကိန်းကြောင့် ဒလဘက်ကမ်းတွင် ဖြစ်ပေါ်လာ နိုင်သည့် ပတ်ဝန်း ကျင်နှင့် လူမှု ရေးထိခိုက်မှု ဆန်းစစ်ခြင်း အစီ ရင်ခံစာကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ ငှားရမ်း၍ စတင်လေ့ လာနေပြီဖြစ်သည်။
အဆိုပါ ဒလတံတားတည် ဆောက်ရေး အသေးစိတ်ဒီဇိုင်းအတွက် ကိုရီးယား သမ္မတနိုင်ငံ Soosoog ကုမ္ပဏီဦးဆောင်သည့် အဖွဲ့သည် မြန်မာနိုင်ငံ သို့ ရောက်ရှိနေပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
တံတားတည်ဆောက်ရာတွင် ဒလမြို့နယ် ရေချိုပိုက်လိုင်းများကိုပါ တစ်ပါ တည်း ထည့်သွင်းတည်ဆောက်မည်ဟု ဆိုသည်။
လေးလမ်းသွားကြိုးဆိုင်းတံ တားစနစ်ဖြင့် ရန်ကုန်မြစ်ကို ဖြတ် သန်းတည်ေ ဆာက်မည့် အဆိုပါ တံတားကို လေးနှစ်မှ ငါးနှစ်အတွင်းဆောက်လုပ်ရန် ရည်မှန်းထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ခန့်မှန်းသည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)တံတားကို ကိုရီးယား နိုင်ငံ၏ စီး ပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCFI Loan)ချေးငွေ ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်း ရန်ပုံငွေ ကျပ် ၃၀ ဒသမ ၃၄၁ သန်းစုစုပေါင်း ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်မည်ဖြစ်ေ ကြာင်း ဆောက် လုပ်ေ ရး ဝန်ကြီးဌာနက ကနဦးခန့်မှန်းတွက်ချက်ထားသည်။
Credit: 7DayDaily