လာဘ်ပေးမှုဖြင့် ဖမ်းဆီးခံထားရသော ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး နောက်ဆုံးအယူခံ ရှုံးနိမ့်သွားပြီ

လာဘ်ပေးမှုဖြင့် ဖမ်းဆီးခံထားရသော ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး နောက်ဆုံးအယူခံ ရှုံးနိမ့်သွားပြီ - Property News in Myanmar from iMyanmarHouse.com
15 Jun 2017 11:49 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး သောမတ်စ် ကွာ့ခ် ပင်ကွမ်းသည် ဟောင်ကောင်အုပ်ချုပ်ရေး အဖွဲ့မှ
နံပါတ် ၂ အဆင့်ရှိသူ ခေါင်းဆောင် (ဟောင်း) တစ်ဦးကို
လာဘ်ပေးမှုဖြင့် ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခံထားရရာ
ယခုအခါ အဆိုပါအမှုအတွက် နောက်ဆုံးအဆင့်အယူခံ
ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ဂျပန်အခြေစိုက်
အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကွာ့ခ်သည် ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူးချုပ် ရာဖဲလ် စီယန်ကို ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၅ သန်း
(ကန်ဒေါ်လာ ၁ ဒသမ ၀၉ သန်း) လာဘ်ပေးခဲ့ကာ မလျော်မကန်ပြုမှုအတွက် အပြစ်ရှိကြောင်း အပြီးသတ်အယူခံတရားရုံးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရာဖဲလ် စီယန်သည် ၂၀၀၅ မှ ၂၀၀၇ အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့တွင် နံပါတ် ၂ နေရာရှိသည့် ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့သည်။

ကွာ့ခ်သည် အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Sun Hung Kai Properties ၏ ပူးတွဲဥက္ကဌဖြစ်ပြီး အယူခံတရားရုံး၏ ဆုံးဖြတ်ချက်အပြီးတွင် ရဲတပ်ဖွဲ့ဝင်များက လက်ထိပ်ခတ်ကာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
နောက်ဆုံးအယူခံရှုံးနိမ့်မှုကြောင့် ကွာ့ခ်သည် ထောင်ဒဏ် ၅ နှစ်ကျခံရတော့မည်လည်း ဖြစ်သည်။

ကွာ့ခ်သည် အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားကာ တရားရုံးမှ ထွက်ခွာချိန်တွင် တည်ငြိမ်စွာပင် တွေ့ရပြီး လက်ထဲ၌ သမ္မာကျမ်းစာအုပ် ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

အမိန့်မချမီတွင် ကွာ့ခ်က သတင်းထောက်များကို ပြောကြားခဲ့ရာ၌ ယမန်နေ့ညက ကောင်းစွာအိပ်ပျော်ကြောင်းနှင့် ယခုအကြောင်းရပ်နှင့် စပ်လျဉ်း၍ များစွာတွေးတောနေခြင်းမျိုးမရှိကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ဥက္ကဌ၊ ကွာ့ခ်၏ ညီဖြစ်သူ ရေမွန် ကွာ့ခ် ပင်လျွမ်က ယခုဆုံးဖြတ်ချက်အပေါ် များစွာစိတ်ပျက်မိကြောင်းနှင့် မိမိတို့ကိုထောက်ခံအားပေးသူများအနေဖြင့် ကွာ့ခ်နှင့် သူ၏မိသားစုအတွက် ဆုတောင်းပေးကြရန် ပြောကြားခဲ့သည်။

အယူခံတရားရုံး၏ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် Sun Hung Kai Properties ၏ ရှယ်ယာတန်ဖိုးများ ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ယခုအမှုမှာ ဟောင်ကောင်၏ ဖြူစင်သည့်ပုံရိပ်ကို ဆိုးရွားစွာထိခိုက်သွားစေပြီး အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြားမှ ဆက်နွှယ်မှုများကို ပြည်သူများက ရတက်မအေးဖြစ်လာလျက်ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service