အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်း၌ ဟိုတယ်လုပ်ငန်း ၁၀၀ ကျော် ခွင့်ပြုခဲ့ဟုဆို

အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်း၌ ဟိုတယ်လုပ်ငန်း ၁၀၀ ကျော် ခွင့်ပြုခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Jun 2017 10:28 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားမှု ၁၈၃ ခုအနက် ၁၀၃ ခုကိုခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးနော် ပန်း သဉ္ဇာမျိုးက ပြောသည်။

‘‘ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ တည်းခိုဆောင် အဆင့်လုပ်ကိုင်မှုေ တွကို လျှောက်ခဲ့ တာဖြစ်ပါတယ်။ ၁၀၃ ခုကို ခွင့်ပြုပေးပြီး ကျန်တဲ့ငါးခုကို ပယ်ချကာ တစ်ခုကို စိစစ်ဆဲဖြစ်ပါတယ်’’ဟု နော်ပန်းသဉ္ဇာမျိုးက ဇွန်လ ၉ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ တစ်နှစ်ပြည့်သတင်းစာရှင်း လင်းပွဲ ၌ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု ယခင်နှစ်ကထက် ၃၆ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ၀န်ကြီး က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ၂၀၁၆ အထိ ဟိုတယ်နှင့်တည်းခိုခန်း ၁,၄၀၀ ခန့်ကို လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့ပြီး ခရီးသွား ကုမ္ပဏီ ၂,၂၀၀ ကျော်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၃,၉၀၀ ကျော်ချထားပေးပြီးဖြစ်ကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်း များ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မ တိုင်မီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး မှု နည်းပါးခြင်းေ ကြာင့် ၂၀၁၁ ၌ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံစီမံကိန်း ၃၆ ခု၊ နိုင် ငံခြားရင်း နှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ် လာ ၁,၁၄၄ ဒသမ ၄၁၉
သန်းသာရှိရာ ငါးနှစ်အတွင်း ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဟိုတယ် လုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးလာစေရန် စီမံချက်များ ထားရှိလုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ စာတမ်းတွင် ဖော်ပြ ထားသည်။

ထိုသို့ဆောင်ရွက်မှုကြောင့် ၂၀၁၁ မှ ၂၀၁၆ ဇူလိုင်အထိ ဟိုတယ်၊ ခရီးသွား ကဏ္ဍများ၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်း နှီးမြှုပ်နှံမှု ဟိုတယ် စီမံ ကိန်း ၅၂ ခု ရှိလာကာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂,၉၁၈ ဒသ မ ၅,၂၅၄ သန်းအထိ တိုးတက် အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စာ တမ်းက ဆိုသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service