ဒလ တံတားစီမံကိန်းအတွက် မြေယာလျော်ကြေး ကျပ်သိန်းသုံးသောင်းကျော်ပေးအပ်ထား

ဒလ တံတားစီမံကိန်းအတွက် မြေယာလျော်ကြေး ကျပ်သိန်းသုံးသောင်းကျော်ပေးအပ်ထား - Property News in Myanmar from iMyanmarHouse.com
15 Jun 2017 10:26 am တွင် တင်ခဲ့သည်
1732 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်နှင့် ဒလကို ဆက်သွယ်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်း အတွက် မလွတ်ကင်းသည့် မြေနေရာနှင့် အဆောက်အအုံများ အတွက် လျော်ကြေး အဖြစ် ကျပ်သိန်းသုံးသောင်းကျော် ပေးအပ်ထားပြီဖြစ်ကြောင်းသတင်းရရှိသည်။

စီမံကိန်းအတွက် တံတားအူကြောင်း မီတာ ၄၀ အတွင်း မလွတ်ကင်းသည့်မြေနှင့် အဆောက်အအုံများအတွက် လျော်ကြေးအဖြစ် ပေးအပ်ထားခြင်းရှိကာ ထပ်မံ ပေးအပ်ရမည့် နေရာများလဲ ရှိကြောင်းသိရသည်။

မူလက အဆိုပါတံတားကို ယခုနှစ် ၂၀၁၇ တွင် စတင်ရန် လျာထားသော်လည်း ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းရန်ကျန်ရှိနေသော ကြောင့် တည်ဆောက်မှုကို ၂၀၁၈ မှသာ စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။

စီမံကိန်းအတွက် မြေယာ လျော်ကြေးများ ပေးအပ်ခြင်း၊ စီမံကိန်းဧရိယာနယ်မြေများ သတ် မှတ်ခြင်းနှင့် ကိုရီးယားမှ ရရှိမည့် ချေးငွေကိစ္စရပ်များ ဆွေးနွေးခြင်း များ ပြုလုပ်နေရသောကြောင့် ၂၀၁၈ ဇန်နဝါရီမှသာ စတင်နိုင် မည့် အခြေအနေဖြစ်သည်။

မေလပထမပတ်က ရန်ကုန် တိုင်းအစိုးရ အပါအဝင် ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် လွှတ် တော်ကိုယ်စားလှယ်များ ပါဝင် သော အစည်းအဝေးတွင် အဆိုပါ တံတားနှင့်ပတ်သက်၍ အပြီး သတ် ညှိနှိုင်းထားပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ရန်ကုန်-ဒလ တံတားစီမံ ကိန်းကို ၂၀၁၆ က စတင်ပြီး အသေးစိတ်ဒီဇိုင်းအတွက် အတိုင်ပင်ခံကုမ္ပဏီ ရွေးချယ်ခဲ့သည်။ ၂၀၁၇ တွင် အသေးစိတ်ဒီဇိုင်း ရေးဆွဲခဲ့ပြီးနောက် တည်ဆောက်ရေးကုမ္ပဏီ ရွေးချယ်ခြင်းကို လာမည့် ၂၀၁၇ စက်တင်ဘာ၌ စတင် မည်ဖြစ်သည်။

တံတားစီမံကိန်းကြောင့် ဒလဘက်ကမ်းတွင် ဖြစ်ပေါ်လာ နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးရာထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ ငှားရမ်း၍ စတင်လေ့လာနေပြီဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service