ရွှေထည်နှင့် လက်ဝတ်ရတနာ ဝယ်ယူသူများကို ထုတ်ပေးမည့်ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ် ကပ်နှိပ်ခြင်း မပြုပါက စားသောက်ဆိုင်များကဲ့သို့ စစ်ဆေး အရေးယူမည်

ရွှေထည်နှင့် လက်ဝတ်ရတနာ ဝယ်ယူသူများကို ထုတ်ပေးမည့်ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ် ကပ်နှိပ်ခြင်း မပြုပါက စားသောက်ဆိုင်များကဲ့သို့ စစ်ဆေး အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
14 Jun 2017 10:41 am တွင် တင်ခဲ့သည်
1510 ကြိမ် ကြည့်ရှု့ပြီး
ရွှေထည်နှင့် လက်ဝတ်ရတနာဝယ်ယူသူများသို့ ထုတ်ပေးမည့်ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းမပြုပါက စားသောက်ဆိုင်များကဲ့သို့ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးမင်းထွဋ်ကပြောသည်။

ရွှေထည်နှင့်လက်ဝတ်ရတနာ ဝယ်ယူသူများသို့ ထုတ်ပေးမည့်ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန်အမှတ် တံဆိပ်ကပ်နှိပ်ပေးခြင်းအစီအစဉ်ကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခုဇွန် ၁ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အရရွှေထည်နှင့်လက်ဝတ်ရတနာများရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကိုယ်စား ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးရမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ်မကပ်ဘဲ ကောက်ခံ ခြင်း၊ သတ်မှတ်ရာခိုင်နှုန်းထက်ပိုမို ကောက်ခံခြင်းများစစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမင်းထွဋ်က''ရန်ကုန်နဲ့မန္တလေးမှာ ဒီဇွန်လ ၁ ရက်နေ့က စတင်ပြီးကုန်သွယ်လုပ်ငန်းခွန်အမှတ် တံဆိပ်ကပ်နေရပါပြီ။ ပျက်ကွက်တဲ့သူတွေကိုတော့ စားသောက်ဆိုင်တွေလိုပဲ အရေးယူမှုတွေပြုလုပ်သွားမှာပါ။ အရေးယူမှုတွေလည်း စားသောက်ဆိုင်တွေနဲ့အတူတူပဲဖြစ်ပါတယ်''ဟု ဇွန် ၁၂ ရက်ကဒီမိုကရေစီတူဒေးသို့ ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ အရ အခွန်အမှတ်တံဆိပ်ကပ်ရန် ပထမအကြိမ်ပျက်ကွက်ပါက ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ်ပျက်ကွက်ပါက ကျပ်ငါးသိန်း၊ တတိယအကြိမ် ပျက်ကွက်ပါကကျပ်ခုနစ်သိန်းနှင့် တတိယအကြိမ်နှင့်အထက်ပျက်ကွက်ပါကကျပ် ၁ဝ သိန်းကို ဒဏ်ကြေးအ ဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

ဦးမင်းထွဋ်က''ရွှေဆိုင်တွေကိုလည်း စားသောက်ဆိုင်တွေလို စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဇွန် ၁ ရက်ကစပြီး ဒီနေ့ဇွန် ၁၂ရက်အတွင်းမှာတော့ အရေးယူဖို့တက်လာတဲ့ ဆိုင်ရယ်လို့မရှိသေးပါဘူး''ဟု ပြောသည်။

ယင်းရွှေထည်နှင့်လက်ဝတ် ရတနာဝယ်ယူသူများသို့ထုတ်ပေးမည့်ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးခြင်း အစီအစဉ်ကို လာမည့် ဇူလိုင်၁ရက်နေ့မှစတင်၍ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေထည်သီးသန့်ဝယ်ယူခြင်းအတွက် ကျသင့်သောစုစု ပေါင်းတန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်တစ်ရာခိုင်နှုန်း၊ ရွှေထည် နှင့်ကျောက်မျက်ရတနာပေါင်းစပ်ထားသောလက်ဝတ်ရတနာဖြစ်ပါက တန်ဖိုးအပေါ်တွင် တစ်ရာခိုင်နှုန်းနှင့် ကျောက်မျက်ရတနာတန်ဖိုးအပေါ်တွင် ငါးရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service