သီလ၀ါအထူးစီးပွားရေးဇုန်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီ ၁၅၀ ခန့်က ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

သီလ၀ါအထူးစီးပွားရေးဇုန်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီ ၁၅၀ ခန့်က ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား - Property News in Myanmar from iMyanmarHouse.com
14 Jun 2017 9:55 am တွင် တင်ခဲ့သည်
2448 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသည့် သီလ၀ါ အ ထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီ ၁၅၀ ခန့်က ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိ လာရောက် ရင်းနှီးမြှုပ်နှံ ရန်ေ မျှာ်လင့်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိ ရသည်။

“သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ပြီးစီးပါက ခန့်မှန်းခြေ အားဖြင့် နိုင်ငံတကာမှ ကုမ္ပဏီ ၁၅၀ က စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာ ၁ ဒသမ ၇ ဘီလျံအထိ လာရောက် ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးအောင်ထူးက ပြောကြားသည်။

သီလ၀ါအထူးစီးပွားရေးဇုန် Zone A မှတစ်နှစ်လျှင် တန်ဖိုးဒေါ်လာသန်း ၆၀၀ ခန့်တင်ပို့နိုင်လိမ့်မည်ဟု မျှော်လင့်ထားပြီး စုစုပေါင်းပြည်ပပို့ကုန်၏ ငါးရာ ခိုင်နှုန်းအထိ ပါဝင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် သီလ၀ါအထူးစီးပွားရေးဇုန် Zone A တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီ ၈၂ ခုက လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါ ကုမ္ပဏီများတွင် အထည်ချုပ်လုပ်ငန်း၊ ရှူးဖိနပ်များ၊ အရုပ်စက်ရုံများ၊ ကားအပို ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ စသည်တို့မှ ထုတ်လုပ်တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်ရှိ စက်ရုံအများစုသည် သွင်းကုန်အစားထိုး ထုတ် ကုန်များ ထုတ်လုပ်သည့် စက်ရုံများဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ အစားအစာနှင့် အလူမီနီယံ၊ စက်သုံးဆီ၊ လယ်ယာသုံး စက်ကိရိယာ များ၊ ဆေးဝါး၊ ဓာတ်မြေသြဇာစသည်တို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။

၂၀၁၇ ခုနှစ် မေလကုန်အထိ လာရောက်ရင်းနှီးမြှုပ်နှံမှုများတွင် ဂျပန်နိုင်ငံ က ဒေါ်လာ ၄၆၈ သန်းကျော်ဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိ မြှုပ်နှံထားကြကြောင်း၊ ဒုတိယအများဆုံးအဖြစ် ထိုင်းနိုင်ငံ က ဒေါ်လာ ၁၃၄ သန်းကျော် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တစ်ခုလုံးတွင် အကောင်အထည်ဖော်မည့် ဧရိယာ မှာ ဟက်တာ ၂၄၀၀ ရှိပြီး Zone A တွင် ဟက်တာ ၄၀၀ ပါဝင်ကြောင်း၊ လက်ရှိအချိန်၌ Zone A မှာ ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ Zone A ၏တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသဖြင့် Zone B ထပ်မံတည်ဆောက် ရန် ၁၀၁ ဟက်တာ စီမံကိန်းတည်ဆောက်မှု စတင်တော့မည်ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် Zone B ၏ပထမအဆင့် ၁၀၁ ဟက်တာ (ဧက ၂၅၀) ကို ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် တည်ဆောက်မှုပြီးစီးရန် မျှော်မှန်း ထားပြီး အချို့သောမြေနေရာများကိုမူ ၂၀၁၇ ခုနှစ်နှောင်းပိုင်းလောက် ကတည်းက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ထားသည့် သီလ၀ါအ ထူးစီးပွားရေးဇုန်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်လနီးပါးကာလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၂ သန်းကျော် ၀င်ရောက်ြ မှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service