ရန်ကုန် - ဒလတံတားစီမံကိန်းကို စပြီး ဆောင်ရွက်နေပြီဖြစ်ပေမဲ့ ရင်းနှီးမြှု ပ်နှံသူတွေအနေနဲ့ ဈေးကွက်အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တာကြောင့် ဒလအိမ်ခြံမြေ ဈေးကွက်ဟာ လှုပ်ခတ်လာတာမျိုးမရှိသေးဘဲ အရောင်းအ ဝယ် ပုံမှန်အတိုင်းပဲ လည်ပတ်နေတယ်လို့ ဒလအိမ်ခြံမြေ အကျိုးဆောင် တစ် ဦးက သိရပါတယ် ။
ရန်ကုန် - ဒလတံတားစီမံကိန်း အကောင်အထည်ဖော်ပြီးရင် ဒလအိမ်ခြံြေ မဈေးကွက် မြင့်တက်လာနိုင်ပေမဲ့ လက်ရှိမှာ ရင်းနှီးမြှုပ်နှံသူတွေက ဈေး ကွက်အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်တယ် ။ ဒါကြောင့် ဒလအိမ်ြ ခံမြေဈေးကွက်မှာ ဈေးနှုန်းသိသိသာသာ ပြောင်းလဲလာတာမျိုး မရှိသေးပါဘူး ။
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက တံတားစီမံကိန်း ဆောင်ရွက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်ပြီး နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံသူတွေက ဒလအိမ်ခြံမြေကို အများ ဆုံး ဝယ်ယူခဲ့ကြပါတယ် ။ ဒါပေမဲ့ လက်ရှိမှာတော့ ရန်ကုန် - ဒလတံတား စီမံကိန်းကို စပြီး ဆောင်ရွက်နေပေမဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံ သူတွေ ထင်သလောက် အရောင်းအဝယ်ဖြစ်မလာဘူးလို့ သိရပါတယ် ။
Credit: The Kumudra