ဗဟန်း ဆာဘိုးသာခြံလမ်းက ဒေသခံတွေ ကျူးစမတ်ကတ် မထုတ်

ဗဟန်း ဆာဘိုးသာခြံလမ်းက ဒေသခံတွေ ကျူးစမတ်ကတ် မထုတ် - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 10:28 am တွင် တင်ခဲ့သည်
1764 ကြိမ် ကြည့်ရှု့ပြီး
ဗဟန်းမြို့နယ်မှာ ကျူးကျော်စာရင်း သည်နေ့စတင်ကောက်ခံပေမဲ့ ဆာဘိုး သာခြံလမ်းမှာ နေထိုင်တဲ့ပြည်သူတွေကတော့ ကျူးကျော်လို့မခံယူတဲ့အတွက် ကျူးတွေအတွက်ထုတ်ပေးတဲ့ စမတ်ကဒ်တွေ မထုတ်ယူဘူးလို့ သိရပါတယ်။

'အဘွားတို့ကို ခေါင်းစဉ်တပ်တာကျူးဆိုပြီး ခေါင်းစဉ်တပ်တာ၊ အဘွားတို့က ကျူးမဟုတ်ဘူး၊ သူဌေးကြီးဦးဘိုသာကခေါ်ထားလို့ မိဘတွေလိုက်ပြောင်းေ ရွ့နေထိုင်လာကြတာ' လို့ဆာဘိုးသာခြံလမ်းမှာနေထိုင်တဲ့ အသက် ၆၄ နှစ် အရွယ် ဒေါ်ခင်စိန်က ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီး တောင်တွင်ြး ကီးကျောင်းတိုက်မှာ ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးအနောက်ရပ် ကွက်နဲ့ ဗိုလ်ချို(၂)ရပ်ကွက်တို့အတွက် ကျူးကျော်စာရင်းကောက်ခံပြီး ကျူးစ မတ်ကစ်တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

အိမ်ထောင်စု ၄၀၀ ကျော်အတွက် ကျူးစမတ်ကတ် ထုတ်ပေးနေတာဖြစ်ပြီး ဆာဘိုးသာခြံလမ်းမှာတော့ အိမ်ထောင်စု ၃၇၃ စုရှိတယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ်မှာ စည်ပင်မြေကို ကျူးကျော်သူ၊ ပုဂ္ဂလိကမြေကို ကျူးကျော်သူနဲ့ အိုးအိမ်မြေကျူးကျော်သူဆိုပြီးကျူးကျော်သုံးမျိုးရှိတယ်လို့သိရပါတယ်။'သူဌေးက မြေကို ငှားထားတာ မဟုတ်ဘူး။ သူက ဒီအတိုင်းပဲ နေခွင့်ပြုထားတော့ သူ တို့ကိုလဲ ကျူးစာရင်းထဲသတ်မှတ်လို့ရပါတယ်။'

လို့ကျူးကျော်စာရင်းလာရောက်ကောက်ခံတဲ့အဖွဲ့မှ မမူမူမာက ပြောပါတယ်။
ကျူကျော်စာရင်းလာမသွင်းတဲ့အတွက် သူတို့ကို အရေးယူလို့မရပေမဲ့ အစိုးရ က နောက်ပိုင်းပေးမယ့်အခွင့်အရေးတွေကျ သူတို့ပဲနစ်နာမှာလို့ပြောပါတယ်။

ဆာဘိုးသာခြံလမ်းဟာ ငါးထပ်ကြီးတောင်ရပ်ကွက်အပိုင်းမှာ ရှိတာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ အိမ်ပြောင်းအိမ်ရွှေ့တွေလုပ်စရာမလိုဘူးလို့ အာမခံထားပါတယ်။

'အစ်မတို့မသိတာက စာရင်းကောက်ဓါတ်ပုံတွေရိုက်ပြီး ကျူးစလစ် ထုတ်ပး တယ်။ တကယ်လို့ အဲဒီစလစ်ကြောင့်ပဲ အိမ်ပြောင်းအိမ်ရွှေ့လုပ်ရမှာ စိုးရိမ် တာပါ' လို့ဆာဘိုးသာခြံလမ်းမှာ နေထိုင်တဲ့ ဒေါ်နီနီအေးက ပြောပါတယ်။

ဆာဘိုးသာခြံလမ်းက ပြည်သူတွေကတော့ သူတို့က ရေခွန်၊ မြေခွန်၊ စည် ပင်ခွန်၊ မီးခွန်တွေ အပြည့်ဆောင်တယ်လို့ပြောပါတယ်။

အိမ်ထောင်စုသန်းခေါင်စာရင်းအပြည့်ရှိပြီး ရွေးကောက်ပွဲမှာလည်းမဲပေးခွင့်ရခဲ့တယ်လို့ပြောပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ဆန်စပါးကုန်သည် ဦးဘိုသာက သူ့ရဲ့ လုပ်ငန်းမှာ လုပ်ကိုင်သူ ၁၄ ဦးကို ယခုမြေပေါ်မှာ နေထိုင်ခွင့်ပေးခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

အဲသည်နောက်ပိုင်းမွေးဖွားလာတဲ့သူတွေကြောင့် အိမ်ထောင်စုတွေ များပြား လာတာလို့ပြောပါတယ်။

'သူတို့တွေက ကျွန်တော်ရဲ့ မိသားစုတွေပါပဲ' လို့လက်ရှိ အဆိုပါခြံကို ပိုင်ဆိုင် တဲ့ ဦးဘိုးသာရဲ့မြစ် ကိုချမ်းကျော်ကျော်ပိုင်က ပြောပါတယ်။

ဆာဘိုးသာခြံလမ်းက ပြည်သူတွေကတော့ ဦးဘိုးသာရဲ့ ကျန်ရစ်တဲ့ အမွေ ဆက်ခံသူတွေနဲ့ ဆက်လက်ဆွေးနွေးသွားဖို့ရှိပြီး သူတို့ ဘိုးစဉ်ဘောင်ဆက်ေ နလာတဲ့အတွက် အဆိုပါပြဿနာကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေကြပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service