စီမံကိန်း မလုပ်သည့် သိမ်းဆည်းမြေများ ပြန်လည် စွန့်လွှတ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ တိုက်တွန်း

စီမံကိန်း မလုပ်သည့် သိမ်းဆည်းမြေများ ပြန်လည် စွန့်လွှတ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 10:20 am တွင် တင်ခဲ့သည်
1426 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ တဝန်းရှိ မြေလွတ်မြေရိုင်းများမှ စီမံကိန်းမြေအဖြစ် သိမ်းယူထား သည့် မြေများကို ဆောင်ရွက်နိုင်ခြင်း မရှိပါက မူလပိုင်ရှင်များ ၊ တောင်သူများ ကို မှန်မှန်ကန်ကန် ပြန်လည်ပေးအပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦး ဝင်းမြင့်က တိုက်တွန်းလိုက်သည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက မြေယာသိမ်းဆည်းမှုများနှင့် သက်ဆိုင်သည့် မေးခွန်း များကို မေးမြန်းစဉ် ဦးဝင်းမြင့်က အထက်ပါအတိုင်း ဝင်ရောက် ပြော ဆိုခြင်း ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုဝန်ကြီး ဦးလှကျော်ကို မေးခွန်းထုတ်ခဲ့သည်။

“စီမံကိန်း မလုပ်ဘူး။ နောက်မှ လုပ်မယ်ဆိုလို့ မရဘူး။ ကျနော်တို့ နောက် လုပ်ပါ့မယ်။ ဘယ်တော့ လုပ်ပါ့မယ် မရဘူး။ အခု စိစစ်တဲ့ အချိန်မှာ စီမံကိန်း မရှိရင် ပြန်ပေးရမယ်။ အဲဒီလို စီမံကိန်း မရှိတဲ့ဟာတွေကို ပြန်ပေးဖို့ ဝန်ကြီး ဌာန အနေနဲ့ အစီအစဉ် ရှိ၊ မရှိ သိလို ပါတယ်။ ဖြေပါ”ဟု ပြည်သူ့ လွှတ်ေ တာ် ဥက္ကဌ ဦးဝင်းမြင့်က မေးမြန်းသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအ ဖွဲ့က ဇွန်လဆန်းတွင် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ ၎င်း တို့နှင့် စပ်လျဉ်း ပြီး စနစ်တကျ မြေပြင် အခြေအနေကို ပြန်လည် စိစစ်ပြီးနောက် ပြန် လည် ပေးအပ်ရန် အခွင့်အလမ်းရှိသည့် မြေများကို လယ်ယာမြေနှင့် အြ ခားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြပြီး ဆက်လက် စီမံခန့်ခွဲရန် စီစဉ် ထားပြီး ဖြစ်ပါကြောင်း ဒုဝန်ကြီး ဦး လှကျော်က ပြန်လည် ဖြေကြားခဲ့သည်။

“ခုနက ဝန်ကြီးဌာနက ဖြေသွားတယ်။ ဒီမှာ စီမံကိန်း မလုပ်ခဲ့ရင် မူလတောင် သူတွေကို မှန်မှန်ကန်ကန် ပြန်ပေးရမယ်။ ဒါဟာ မူပဲ”ဟု ဦးဝင်းမြင့်က ပြော သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မြေယာ အမှု အခင်းများစွာ ရှိနေသေးပြီး ပြည်သူများ မျှော်မှန်းသလောက် လယ်ယာမြေ ကိစ္စရပ်များကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း နြေ ပည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် အသိုင်း အဝိုင်းက ပြောဆိုကြသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မြို့နယ် လယ်ယာမြေများ စိစစ် မှု ကော်မတီတွင် ပါဝင်ခွင့်ရသော်လည်း မြေယာကိစ္စရပ် ဖြေရှင်းမှုများတွင် ပါဝင်ခွင့်မရဘဲ ဖြေရှင်းချက်များကို စာရွက်မိတ္တူ တောင်းခံသည့် အခါတွင် လည်း ယင်းကော်မတီ ဥက္ကဌဖြစ်သူက စာတင်ခိုင်းခဲ့ကြောင်း ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်စင်ထွန်းက ပြောသည်။

“မြို့နယ် လယ်ယာမြေစိစစ်ရေး ကော်မတီက ဒီကိစ္စတွေကို လုပ်နေပါတယ် ဆိုပြီးတော့ပဲ ကျနော့်ကို အကြောင်းပြန်တယ်။ ကော်မတီမှာ ပါပေမယ့် ကျေ နာ့်ရဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍက ဆုံးရှုံးနေရတယ်”ဟုလည်း ၎င်းက ပြော ဆိုသည်။

ဦးသန့်စင်ထွန်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကိုင်း/ပလွေး သစ်ေ တာကြိုးဝိုင်း ကွင်းအမှတ် (၁၊ ၂၊ ၃၊ ၈၊ ၉၊ ၁၉)တို့ကို ဖျက် သိမ်းပြီး စိန်တလုံး သရက်ဇုန် စီမံကိန်းအတွက် သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ လုပ်ကိုင် ခွင့်ရ သိမ်းယူခဲ့သည့် ပုဂ္ဂလိကနှင့် ကုမ္ပ ဏီများနှင့် ညှိနှိုင်းကာ ဥပဒေ၊ နည်း ဥပဒေနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို အထက်ပါ ဝန်ကြီးဌာနက ပြန်လည် ဖြေကြားရာတွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီ၏ ၆ ကြိမ်မြောက် လုပ်ငန်းအစည်းအဝေးတွင် စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုပြီး သတ်မှတ် ကာလ ၄ နှစ် ပြည့်မြောက် ပြီးသည်အထိ စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့် ဧရိယာများကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ပြန် လည် ရုပ်သိမ်းရန် အတွက် ဆုံးဖြတ်ချက် ချထားပြီ ဖြစ်ကြောင်း ပြောသည်။

“ရခိုင်ပြည်နယ်မှာလည်း ဖြေရှင်းရမယ့် မြေကိစ္စတွေက အများကြီး ရှိသေး တယ်။ အခုလို စိစစ်မှုတွေ လုပ်တဲ့အခါ လွှတ်တော် ကိုယ်စား လှယ်တွေက ဌာနဆိုင်ရာရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ဘယ်လောက်အထိ အစွမ်း အစ ရှိရှိနဲ့ လယ်သမားတွေဘက်က ကာကွယ် နိုင်မလဲ ဆိုတာက အရေး ကြီးတယ်။ အဲဒီလို မဟုတ်ရင်တော့ ဌာနဆိုင်ရာတွေရဲ့ မျက်လှည့်ပြမှုေ အာက်မှာ ပျောက်သွားမှာပဲ”ဟု ရခိုင် ပြည်နယ် မြေပုံမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင် လယ်ယာမြေများ ပြန်လည် စိစစ်ရေး ကော်မတီတွင် အမျိုးသားနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များ ပါဝင်ခွင့် မရရှိ၍ လယ်ယာမြေ စိစစ်မှု ကိစ္စရပ်များတွင် အားနည်းချက် များ ရှိနေသည်ကိုလည်း ပြည်သူ့ လွှတ်တော် ဥက္ကဌက ထောက်ပြခဲ့သည်။

“ပြောရရင် ကိုယ်စားလှယ်တွေကို အလကားသက်သက် ပါခိုင်းထားတာ မ ဟုတ်ဘူး။ မှန်မှန်ကန်ကန် တရားမျှတအောင်လို့ မူလ အသိမ်း ခံရတဲ့ ပုဂ္ဂိုလ်ေ တွ၊ မတရား အသိမ်းခံရတဲ့ ပုဂ္ဂိုလ်တွေ ပြန်ရအောင်လို့ ပါခိုင်းတာ။ ကိုယ့်အ လုပ်ကို ကိုယ်လုပ်ဖို့ လိုတယ်”ဟု ဦးဝင်းမြင့် က ပြောသည်။

၎င်းက ဆက်၍ “ကိုယ်မှန်မှန်ပြောဖို့ ကိုယ်ကိုယ်တိုင် ပါနေပြီပဲ။ ကိုယ်ကိုယ် တိုင် တရားမျှတမှုရှိအောင်၊ ဥပဒေနဲ့ ညီအောင် ဆောင်ရွက် ပေး။ သက် ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဘာဖြစ်လို့ ဒီလိုဖြစ်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေ ကိုယ်တိုင် လည်း နဂိုတုန်းက သိမ်းခဲ့တုန်းက ပါခဲ့တဲ့အခါ ကျတော့ အဲဒီလိုပဲ လှည့်နေဦး မှာ။ အဲဒါကြောင့်မိုလို့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါခိုင်း ထားတာ”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးေ မာင်မြင့်ကလည်း “ဒီလိုကိစ္စတွေကို ကိုယ်တို့ ကိုယ်တိုင်လည်း ကိုင်တွယ်ခဲ့ဖူး တယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါကျတော့ Case တွေက မခိုင်မာဘူး။ မခိုင်မာတဲ့ Case တွေ အပေါ်မှာ လိုက်ဖြေ ရှင်း ရတဲ့အခါကျတော့ ကြန့်ကြာ မှုတွေလည်း ရှိတယ်”ဟု ပြောသည်။

နေပြည်တော် လယ်ဝေးမြို့နယ်တွင် လယ်ယာမြေ စိစစ်မှု ကိစ္စရပ်များကို မြို့ နယ်အဆင့် စိစစ်မှုများ ပြုလုပ်ရာတွင် ပါဝင်ခွင့်ရ၍ ခရိုင်နှင့် နေပြည်တော်ေ ကာင်စီသို့ တင်ပြရာတွင် ကြန့်ကြာမှုများ ရှိနေသဖြင့် မြန်မြန် ဆန်ဆန်ေ ဆာင် ရွက်ပေးရန် တင်ပြထားကြောင်း၊ ထို့ပြင် လယ်ယာမြေ စိစစ်မှု အစည်း အဝေးများကို လွှတ်တော် ပိတ်ရက်များတွင် ပြုလုပ်ရန် မေတ္တာ ရပ်ခံထားေ ကြာင်း လယ်ဝေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ေ အာင်က ပြောသည်။

“မြေလွတ်မြေရိုင်းတွေကို သိမ်းယူပြီး ပြန်အသုံးချတဲ့နေရာမှာ ဥပဒေနဲ့ညီ သလားဆိုတာ စိစစ်တဲ့နေရာမှာ ဥက္ကဌကြီး ပြောသလို လွှတ် တော် ကိုယ် စားလှယ်တွေ ပါဖို့ လိုတယ်။ တခါတလေ စိစစ်တဲ့နေရာမှာ လွှတ်တော် ဖွင့်ရက်တွေကို လုပ်တယ်။ ပြီးမှ လွှတ်တော် ကိုယ်စားလှယ်ကို လှမ်းအေ ကြာင်းကြားတော့ ကိုယ်စားလှယ်က လွှတ်တော်ထဲ ရောက်နေတော့ မလိုက် နိုင်ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခံရမှုများ ပြန်လည် စိစစ်ရေး ဗ ဟိုကော်မတီသို့ လွှတ်တော် အသီးသီးနှင့် တိုင်းနှင့် ပြည်နယ် များမှ တင်ပြ လာသည့် အမှုတွဲများအနေဖြင့် ဗဟိုကော်မတီ စတင်ဖွဲ့စည်းချိန်မှ စ၍ မြေ ယာ သိမ်းဆည်း မှု နှင့် ပတ်သက်ပြီး ၂၀၁၇ မတ်လ ၃၀ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၃၉၈၀ ရှိပြီး စိစစ်ဖြေရှင်းနိုင်သည့်အမှု ၂၁၂ မှု ရှိကြောင်း၊ ကျန်ရှိသည့် အမှုမှာ ၃၇၆၈ မှု ရှိ၍ မျှော်မှန်းထားသော အတိုင်းအတာအ ထိ ဖြေရှင်းနိုင်မှု မရှိဟု သုံးသပ်မိ ကြောင်း ယင်းဗဟို ကော်မတီ ဥက္ကဌ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ က နေပြည်တော်တွင် မတ်လ ၃၀ ရက်နေ့ က ပြုလုပ် သည့် အဆိုပါ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး တွင် ပြောဆိုခဲ့သည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service