၂ဝ၁၇ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် တစေ့တစောင်း

၂ဝ၁၇ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် တစေ့တစောင်း - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 9:59 am တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ် လုပ်မယ်ဆိုတဲ့ သတင်းကြား တော့ ဘာကြောင့်ရယ်မသိ၊ စိတ်ဝင်စား မိတယ်။ ခါတိုင်းတော့ တခြားရင်းနှီးမြှုပ် နှံမှုဖိုရမ်တွေအကြောင်း ကြားရရင် သိပ် ပြီး စိတ်မလှုပ်ရှားပါဘူး။ အဓိကကတော့ စရိတ်မတတ်နိုင်တာပါ။ ဒီတစ်ခါတော့ ရောက် မယ်ဆိုတာ သိပ်မသေချာတဲ့ကြား ထဲက တပည့်တွေ၊ မိတ်ဆွေတွေ ဝိုင်းဝန်း စီစဉ်ကြတာနဲ့ ဖိုရမ်ကျင်းပရာ နေပြည် တော်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာခဲ့တယ်။

ရန်ကုန်ကနေလာတဲ့ လေ ယာဉ်မှာကိုက တရုတ်လုပ်ငန်းရှင်တွေ အပြည့်၊ သူတို့အများစုက နေပြည်တော် အကြောင်း၊ မြန်မာအကြောင်း သိပ်သိကြ ပုံမရဘူးလို့ ဖိုရမ်မှာမေးတဲ့ မေးခွန်းတွေ အရ သုံးသပ်မိတယ်။ တဆက်တည်းပြော ရရင် စီးပွားရေးအဆောက်အအုံအကြောင်း၊ စီးပွားရေးလုပ်ငန်းတွေအကြောင်း စိတ် ဝင်တစားရှိပြီး အမြဲတမ်း လေ့လာနေတဲ့ သူမျိုးတောင်မှ တကယ်မသိတာတွေ၊ မျက်ခြည်ပြတ်တာတွေ အများကြီး တွေ့ နေရတာကိုး။ ဥပမာ- မြန်မာ့ရင်းနှီးမြှုပ်နှံ မှု နောက်ဆုံးအခြေအနေဆိုရင် ကိုယ်မသိ တာတွေ အများကြီးပါဝင်သလို၊ မြန်မာ နိုင်ငံမှာ လူတွေစိတ်အဝင်စားဆုံးဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍဆို ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ အများကြီးမို့ လိုက် လို့တောင် မမီဘူး။

ဒီနေရာမှာ တစ်ခုပြောစရာရှိ တာက ဆွေးနွေးတင်ပြမှုတွေဟာ မြန်မာ ဘာသာနဲ့ပဲ ပြောပြော၊ အခြားဘာသာ စကားနဲ့ပဲပြောပြော ကျစ်ကျစ်လျစ်လျစ် ရှိစေချင်တာပါ။ မြန်မာ-အင်္ဂလိပ် ညှပ် ပြောတာမျိုးက သိပ်အဆင်မပြေလှဘူး။ ကိန်းဂဏန်းတွေ တလှေကြီး ပေးနေတာ မျိုးကလည်း သုတေသီအချို့အတွက် စိတ် ဝင်စားစရာ ဖြစ်ပေမယ့် ငါးသိုင်းများတော့ ဟင်းဟုန်ဆိုသလို အဆုံးမှာ ဘာတွေဖြစ် နေမှန်း မသိရစေပါ။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ စိတ်ဝင်စားစရာကိစ္စတစ်ခုက ခါတိုင်းဆို ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို ပုဂ္ဂလိကကဏ္ဍ က ဆောင်ရွက်ရာမှာ အဓိကအားဖြင့် ကုန် သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက ဆောင်ရွက်လေ့ရှိတယ်လို့ နား လည်ထားတယ်။ အခု မြန်မာ့ရင်းနှီးမြှုပ်နှံ သူ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကျင်းပ တယ်ဆိုတော့ ကိုယ်တစ်ခါမျှ မကြားဘူး သေးတဲ့အသင်း ဖြစ်နေပေမယ့် ပါဝင်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ကြည့်လိုက် တော့လည်း ကိုယ်သိထားတာတွေ ဖြစ်နေ တယ်။ ဒီအသင်းက ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ချိတ်ဆက်ပေးဖို့ဆို တဲ့ ရည်ရွယ်ချက်လည်းရှိပြီး လုပ်ဆောင် တယ်ဆိုတော့ ဝမ်းသာသလို၊ အောင်မြင် ပါစေလို့လည်း ဆုတောင်းပါတယ်။

အခုဖိုရမ်ကိုလာကြတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဘရူနိုင်းက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေ အကြောင်း သေသေချာချာ သိချင်ကြ၊ မေးမြန်းကြတာ တွေ့ရတယ်။ မြေကိစ္စကို အတော်လေး စိတ်ဝင်စားကြတယ်။ ရှင်း လင်းတဲ့ စီးပွားရေးမူဝါဒနဲ့၊ ဦးစားပေးအစီ အစဉ်တွေကို သိချင်ကြတယ်။

တလောက ငြိမ်းချမ်းရေးညီလာခံမှာ မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီတွေ ကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက သိပ် မသိကြသေးပါလားလို့ မှတ်ချက်ချခဲ့မိတယ်။ အခုလည်း အဲသလိုပဲ၊ နိုင်ငံတကာ အထူး သဖြင့် အာရှနိုင်ငံတွေကတောင် သိပ်ပြီး သိကြသေးပုံမရဘူးလို့ မှတ်ချက်ချမိတယ်။ ဒါကြောင့်လည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သူ့ရဲ့ရုံးအဖွဲ့ဟာ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထိန်းချုပ်တဲ့ အဖွဲ့ အစည်းဘဝကနေ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးအဖွဲ့အစည်းအဖြစ်ပါ ပြောင်းလဲလာ ရတာ ဖြစ်ပုံရပါတယ်။

အခုဖိုရမ်နဲ့ အရင်လုပ်ခဲ့တဲ့ ဖို ရမ်တွေ ဘာကွာသလဲ မေးကြည့်တော့ အရင်ဖိုရမ်တွေမှာ မြန်မာတွေ သိပ်မတက် ဘူး။ အခုဖိုရမ်မှာ မြန်မာလုပ်ငန်းရှင်တွေ များတယ်လို့ ဆိုတယ်။ မူလက လူနည်း နည်းအတွက် ပြင်ဆင်ထားပေမယ့် အနား နီးမှ တဖြည်းဖြည်းတိုးလာလိုက်တာ ထောင် ဂဏန်းနီးပါး ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒီတော့လည်း စီစဉ်သူတွေ ပြာယာခတ် သွားပေမယ့် နောက်ဆုံးတော့ အဆင်ပြေ သွားတာပါ။

ဒီဖိုရမ်မှာ စိတ်ဝင်စားစရာ ကောင်းတာက ၂ဝ၁၇ ခုနှစ်မှာ မြန်မာ့စီး ပွားရေး ဦးမော့လာမလားဆိုတဲ့ ကိစ္စပါ။ တာဝန်ရှိသူတစ်ဦးရဲ့ မှန်းဆယုံကြည်ချက် ဟာ ချက်ချင်း လူမှုကွန်ရက်ပေါ် တက် သွားတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး စရာ ဖြစ်သွားတယ်

။ မြန်မာ့စီးပွားရေးတိုး တက်မှာကို လိုလားတဲ့သူတွေချည်း ဖြစ် ပေမယ့် တကယ် တက်မတက်ဆိုတာကို သံသယ ရှိကြသလို၊ တက်အောင်လုပ်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိနေသလဲဆိုတာ ကို အမေးထုတ်ကြပါတယ်။ ဒီကိစ္စဟာ ကိုယ့်ဆီလည်း ရောက်လာတာဖြစ်လို့ ဘာ မျှမပြောင်းလဲဘူးဆိုတဲ့ ပုံသေအမြင်နဲ့ ကြည့်ရင်တော့ မတက်ဘူးလို့ တွက်ဆနိုင် တယ်။ ဒါပေမဲ့ ဘယ်လိုဝှက်ဖဲတွေ ရှိနေ တယ်မသိ။ ပြီးတော့ ကနေ့ပြောင်းလဲမယ် မထင်တဲ့ အရာတွေဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်တာမျိုးတွေဖြစ်လို့ မ တက်ဘူးလို့ဆိုပြီး လုံးဝငြင်းပယ်ပစ်လို့လည်း မရနိုင်တဲ့အကြောင်း ပြန်လည်ဆွေးနွေး ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ မကြာခဏကြား ရတာက (အထူးသဖြင့် နိုင်ငံခြားသားများ ထံက) မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံစရာနယ် ပယ်တွေ အများကြီးရှိတယ် ဆိုပေမယ့် ဘယ်နယ်ပယ်၊ ဘယ်နေရာကို ဦးစားပေး သလဲဆိုတာ မရှင်းလင်းဘူးလို့ဆိုပါတယ်။

ဧည့်သည်များက ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေလို နယ်ပယ်တွေကိုလည်း စိတ်ဝင်စားကြတာ တွေ့ရတယ်။ ခက်တာ က သူတို့ဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ပတ် ဝန်းကျင်နဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို သတင်းအချက်အလက်မရရှိကြဘဲ ဘယ် မှာ ရှာရမှန်းမေးရမှန်းမသိကြတာ တွေ့ရ တယ်။

မြေယာရရှိနိုင်ရေး၊ ငှားရမ်းနိုင် ရေးနဲ့ ငှားရမ်းခ ဈေးနှုန်းတွေအကြောင်း အတော်စိတ်ဝင်တစားမေးကြပေမယ့် သူ တို့ရတဲ့ သတင်းအချက်အလက်တချို့ဟာ လွဲမှားနေတာကို တွေ့ရတယ်။ ပါဝင်ဆွေး နွေးတဲ့ နိုင်ငံခြားသား တစ်ယောက်က တောင် မြန်မာနိုင်ငံမှာ ဘယ်အကျပ်အ တည်းဖြစ်စဉ်က ပြည်သူတွေရဲ့အပ်ငွေတွေ ဆုံးရှုံးပြီး ဘဏ်တွေအပေါ် အယုံအကြည် နည်းကြောင်း ဆွေးနွေးသွားလို့၊ ညစာ စားပွဲကျမှ အဲဒီသတင်း မမှန်ကြောင်း၊ ဘယ်ပြည်သူတွေရဲ့ ဘဏ်အပ်ငွေတွေ တစ်ပြားတချပ်မှမဆုံးရှုံးကြောင်း ပြန်လည် ဆွေးနွေးခဲ့ရတယ်။ သူကလည်း သူမသိ တာ ဝန်ခံရှာပါတယ်။

ဒီဖိုရမ်ကြောင့် ချက်ချင်းလက် ငင်းကြီး ရင်းနှီးမြှုပ်နှံမှုတွေ တက်လာမယ် လို့ မျှော်လင့်ရင်တော့ မှားမှာပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံအကြောင်း မကြားမသိဘူးသူ တွေရဲ့ ခေါင်းထဲမှာ ကိုယ်နိုင်ငံကို ရင်းနှီး မြှုပ်နှံစရာ နေရာတစ်ခုအဖြစ် စဉ်းစားမိ အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ရက်ခွဲကျင်းပတဲ့ ဒီဖိုရမ်မှာ အချို့ရင်း နှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတဲ့ အိုင်စီတီ လို ဘာသာရပ်မျိုးတွေ ပါဝင်ခဲ့ခြင်းတော့ မရှိပါဘူး။ မြန်မာရင်းနှီးမြှုပ်နှံသူတွေ လုပ် နေတဲ့ လုပ်ငန်းစီမံကိန်းတွေကိုလည်း ချပြ နိုင်ခဲ့တာကတော့ ထိရောက်တဲ့ လုပ်ငန်း တစ်ခု ဖြစ်တယ်လို့ နားလည်မိပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုတွေ တိုးတက်လို့၊ မြန်မာ့စီးပွားရေး တိုး တက်လာတာ မြင်ပါရစေလို့ ဆုတောင်း ခဲ့ပါတယ်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service