မြင့်ဆဲ မြင့်မြဲ အိမ်၊ ခြံ၊ မြေဈေး

မြင့်ဆဲ မြင့်မြဲ အိမ်၊ ခြံ၊ မြေဈေး - Property News in Myanmar from iMyanmarHouse.com
12 Jun 2017 10:39 am တွင် တင်ခဲ့သည်
2717 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့စီးပွားရေး နှေးလာသည်နှင့် အိမ်၊ ခြံ၊ မြေဈေးမှာလည်း နှေးသွားသည် ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ဆန်း အစိုးရသစ် တက်လာချိန်တွင် နိုင်ငံခြား ရင်းနှီြး မှုပ်နှံမှု နည်းသဖြင့် ပြည်တွင်းအိမ်၊ ခြံ၊ မြေ ဈေးကွက်လည်း အရောင်းကျ ခဲ့ေ ကြာင်း အိမ်၊ ခြံ၊ မြေ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော iMyanmarHouse.com ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။ ၂၀၁၇ ခုနှစ်တွင် အရော င်းအဝယ် ပြန်ကောင်းလာသည်။

၂၀၁၆ ခုနှစ် ပထမ ငါးလပတ်နှင့် ၂၀၁၇ ပထမ ငါးလပတ်ကာလကို နှိုင်း ယှဉ်ပါက ယခုနှစ်တွင် အရောင်းအဝယ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ပို တက်လာသည်ဟု သူက ဆိုသည်။ သို့သော် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းသည် ၂၀၁၆ ခုနှစ် မတိုင်ခင် အရောင်းအဝယ်ဖြစ်သည့် ဈေးအောက် ၂၀ ရာခိုင်နှု န်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

“ဈေးကျတာက ဈေးကွက်ထဲမှာ အိမ်ခြံမြေပိုင်တဲ့သူက ငွေလိုတယ်။ ဈေး ကွက်ထဲမှာ အရင်ဈေးနဲ့ ရောင်းရင် မထွက်ဘူး။ ဒါကြောင့် ဈေးလျှော့ေ ရာင်းတဲ့အတွက် အကျဘက် ဦးတည်လာတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် အိမ်၊ ခြံ၊ မြေ ဈေးကွက် ပြန်လည်ဦးမော့လာနိုင်သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ခန့်မှန်းသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု ၎င်းတို့က မျှော်လင့်ထားပြီး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပိုသွက်နိုင်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလျှင် စက်ရုံအလုပ်ရုံများအတွက် မြေ လိုမည်။ ရုံးခန်းနှင့် လူနေထိုင်ရန် တိုက်ခန်းနှင့် နေအိမ်များ လိုအပ်သည်။ လိုအပ်ချက် များလာသဖြင့် ဈေးကွက်လည်း ပိုကောင်းနိုင်သည်။

သို့သော် အိမ်၊ ခြံ၊ မြေ လောကသားများ အထူးစိတ်ဝင်စားသည့် ကွန်ဒိုမီနီယံ နည်းဥပဒေ အတည်ပြုနိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း Your Property Finder ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ချမ်းမြသူက ဆိုသည်။

“Rule and Regulation တွေ အပိုင်းမှာ Condo Law အတည်ပြုပြီးရင်ေ တာ့ မြန်မာနိုင်ငံရဲ့ Real Estate ပိုင်းက တော်တော်လေး ပွင့်လင်းမယ်။ ဝယ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေလည်း ယုံကြည်မှုရှိရှိ ရွေးချယ်လို့ရမယ်လို့ ယုံတယ်” ဟု ၎င်းက ဆိုသည်။

ကွန်ဒိုမီနီယံ ဥပဒေကို ၂၀၁၅ ခု နှစ်ကုန်ပိုင်းတွင် အတည်ပြုခဲ့ပြီး နည်းဥပဒေ ဆက်လက်အတည်ပြုရန် ကျန်နေသေးသည်။ အဆိုပါ ဥပဒေတွင် နိုင်ငံခြား သားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူပိုင်ဆိုင် ခွင့် ၄၀ ရာခိုင်နှုန်း ရရှိမည် ဖြစ် သည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်တစ်ခုလုံး လာမည့် ကာလတွင် အကျဘက် ဦးတည်နို င်သည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းသည်။ သို့သော် အစိုးရက အကောင်အ ထည်ဖော်ရန် စီစဉ်လျက်ရှိသည့် မြို့ပြနှင့် စက်မှုဇုန်စီမံကိန်းများကြောင့် မြေ ယာအသုံးပြုမှု ပိုမိုမြင့်မားလာဦးမည် ဖြစ်သည်။

ယင်းအတွက် ထွက်ပေါ်လာနိုင်သည့် မြေနေရာများသည် စီးပွားရေး လုပ်ငန်း များ၏ အခက်အခဲ ဖြစ်နေသော မြေရရှိရေး အတားအဆီးကို ဖြေလျှော့နိုင် မည်ဟု မျှော်လင့်ရသည်။

ထို့အပြင် တိုင်းနှင့် ပြည်နယ်များရှိ လုပ်ငန်း လုံးဝ အကောင်အထည်မဖော် သည့် စီမံကိန်းမြေများကို ပြန်လည်သိမ်းယူမည်ဟု အစိုးရက ပြောဆို ထားခြ င်းကြောင့် ယင်းလုပ်ငန်းများ တစိုက်မတ်မတ် အကောင်အထည်ဖော်နိုင်လျှင် ကုန်ထုတ်လုပ်ငန်းများ အတွက် မြေနေရာများ ဖန်တီးနိုင်မည်ဟု ဦးမင်းဇာ နည်လင်းက ဆိုသည်။

လက်တွေ့အခြေအနေကိုကား စောင့်ကြည့်ရပေဦးမည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service