ကျူးကျော်စာရင်း ပါသူများကို ကျူးကျော်အစစ်အမှန် ဟုတ်၊ မဟုတ် ပြန်လည်စိစစ်မည်ဟု ဝန်ကြီးချုပ်ဆို

ကျူးကျော်စာရင်း ပါသူများကို ကျူးကျော်အစစ်အမှန် ဟုတ်၊ မဟုတ် ပြန်လည်စိစစ်မည်ဟု ဝန်ကြီးချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
12 Jun 2017 9:50 am တွင် တင်ခဲ့သည်
1130 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူစာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက် ကောက်ယူထားပြီး ဖြစ်သည့် စာရင်းမှာ ပိုမိုများပြားနေသဖြင့် အားလုံးကို ပြန်လည်စိစစ်မည် ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“မှန်းထားတဲ့ ကျူးကျော်စာရင်းက သုံးသိန်းကျော်လောက်ပဲ။ အခုစာရင်းကောက်ယူပြီးသားက လေးသိန်းကျော် ဖြစ်နေတယ်။ ဒါကို နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကျူးကျော်အစစ်အမှန် ဟုတ်၊ မဟုတ် ပြန်စစ်မယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဇွန်လ ၉ ရက်၊ တိုင်းအစိုးရရုံး၌ အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်မှု ရှင်းတမ်းပြုလုပ်သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဝန်ကြီးချုပ်က ပြောကြားလိုက်သော်လည်း လက်ရှိ စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ကျူးကျော်စာရင်း ကောက်ခံရရှိထားမှု စာရင်းကို ပြန်လည်စိစစ်ရမည် ဆိုသည်ကို ထောက်ခံကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

“အခုချိန်ထိလည်း ဆက်ကောက်နေတယ်။ ဝန်ကြီးချုပ် ပြောသွားတာက မြို့နယ်တိုင်းမှာလိုလို တကယ်ကို ကျူးအဖြစ် သတ်မှတ်တဲ့သူတွေ အများကြီး ရှိသလို တချို့မှာ ကျူးအဖြစ် သတ်မှတ်လို့ မရတာတွေကို စလစ်တွေ ပေးထားတာ တွေ့နေရတယ်။ ကျိန်းသေတာကတော့ ပြန်လည်စိစစ်ဖို့ မလွဲမသွေ လိုအပ်နေတယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က စမတ်ကတ်များကို ဝယ်ယူခြင်း၊ ပေါင်နှံခြင်းများ ဆောင်ရွက်ရန် ကြံဆောင်မှု အခြေအနေ ရှိခဲ့ပြီး ၎င်းတို့ထံသို့လည်း ရောင်းချခြင်း ရှိ၊ မရှိ မေးမြန်းမှုများ ရှိခဲ့ကာ လက်ရှိတွင် အဆိုပါကိစ္စများ ရပ်တန့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသန စီမံကိန်းအရ ကျူးကျော်နေထိုင်သူများ ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးရာတွင် အဖွဲ့ပေါင်း ရှစ်ဖွဲ့ဖြင့် ထုတ်ပေးနေခြင်း ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ယခုလက်ရှိတွင် ၁၃ မြို့နယ်မှ ကျူးကျော်နေထိုင်သူများကို စမတ်ကတ် ထုတ်ပေးပြီး ဆက်လက်၍ တောင်ဥက္ကလာပ၊ ကော့မှူး၊ ထန်းတပင်၊ တိုက်ကြီး၊ လှည်းကူး မြို့နယ်များ အပါအဝင် ၁၄ မြို့နယ်တို့တွင် စမတ်ကတ် ထပ်မံထုတ်ပေးသွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service