ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြဿနာ ဖြေရှင်းနိုင်မှု အားနည်းနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြဿနာ ဖြေရှင်းနိုင်မှု အားနည်းနေ - Property News in Myanmar from iMyanmarHouse.com
8 Jun 2017 11:08 am တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ထောင်ချီရှိနေသော်လည်း ဗဟိုအစိုးရအဆင့် ရောက်ရှိသည့်အမှုတွဲမှာ ၅၉ တွဲသာရှိပြီး၊ ပြီးပြတ်သည်အထိဖြေရှင်းနိုင်သည့် အမှုတွဲမရှိသေးကြောင်း
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့်က ပြောသည်။

''ရန်ကုန်တိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို ကျွန်တော်တို့ ပြန်လည်စိစစ်ပြီး
နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ဗဟိုအစိုးရက ချမှတ်တာပါ။ အမှုပေါင်း ၅၉ မှုကို ပေးပို့ထားပါတယ်။ အဲဒီအမှုတွေထဲက ကျွန်တော်တို့ဆီပြန်ကျလာတဲ့ ပြီးပြတ်သွားတဲ့အမှုတော့ အခုထိ မရှိသေးပါဘူး''ဟု
၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံ လယ်ယာမြေပြဿနာများကို ဖြေရှင်းရန် တိုင်းဒေသကြီး
လယ်ယာမြေနှင့် အခြားမြေများ၊ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ်၊
သြဂုတ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဇွန် ၁ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ၏
သတင်းစာရှင်းလင်းပွဲအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ၁,၉ဝ၅ ခုရှိပြီး၊ တိုင်းအဆင့်တွင် အမှုတွဲပေါင်း ၃၃၇ ခုရှိသည်။

ရန်ကုန်မြို့တွင် သိမ်းဆည်းထားသည့် မြေများအနက် စည်ပင်သာယာရေးကော်မတီက သိမ်းဆည်း
ထားသည့်ပမာဏမှာ မြေဧက တစ်သိန်းကျော်ရှိသည်။ အမှုတွဲအားလုံး၏ မြေဧက စုစုပေါင်းကို
အတိအကျ မသိရှိရသော်လည်း တိုင်းဒေသကြီးအဆင့်ထိ အမှုတွဲ ၃၇၇ ခုအတွက်မြေဧကစုစုပေါင်း
၆,၅၉၄ ဧက ရှိသည်ဟုသာ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။

မြေယာပြဿနာများကို ကော်မတီက ပြန်လည်ဖြေရှင်းရာတွင် မြေယာအစားထိုးပေးခြင်း၊ သို့မဟုတ်
လျော်ကြေးငွေပေးခြင်းဖြင့် ဖြေရှင်းသော်လည်း ပြန်လည်စိစစ်ရာတွင်မြေသိမ်းဥပဒေ၊ လုပ်ထုံး
လုပ်နည်းများဖြင့် သိမ်းခဲ့သည့်မြေများဖြစ်ပါက လျော်ကြေးငွေပေးရန် မလိုအပ်ကြောင်း သိရသည်။

''အမှုတွဲတွေကို ပြန်ရှင်းလင်းတဲ့အခါမှာ တင်ပြလာတဲ့အမှုတွဲက မြေသိမ်းဥပဒေနဲ့ ထိန်းသိမ်းခြင်း
ရှိ မရှိ၊ ရှိခဲ့တယ်ဆိုရင် လျော်ကြေးနဲ့ ပတ်သက်ပြီး မစဉ်းစားဘူး။ လုပ်ထုံးလုပ်နည်းနဲ့ သိမ်းထား
ခဲ့သလား၊ မသိမ်းထားခဲ့ဘူးလားဆိုတာ ပြန်စစ်ရတယ်''ဟု ဦးသန်းမြင့်က ပြောသည်။

လုပ်ထုံးလုပ်နည်းဖြင့် မြေယာသိမ်းဆည်းခြင်းမဟုတ်သည့်အတွက် နစ်နာမှုရှိပါက ကာလတန်ဖိုး
စိစစ်ရေးအဖွဲ့က သိမ်းယူခံခဲ့ရသည့်နှစ်နှင့် လက်ရှိကာလပေါက်ဈေးကို ချိန်ညှိသတ်မှတ်ပေးသည့်
အတိုင်း လျော်ကြေးပေးလျော်သည်ဟု ၄င်းက ပြောသည်။

''အဲဒီတုန်းက လုပ်ထုံးလုပ်နည်းနဲ့ သိမ်းထားတာမဟုတ်ဘူးဆိုသာလျင် လယ်သမားနစ်နာခဲ့တယ်
ဆိုရင်သိမ်းခဲ့တဲ့နှစ်ကို ပြန်ကြည့်တယ်။ ဘယ်လောက်ပေါက်လဲချိန်ဆပြီး ကာလပေါက်ဈေးဆိုတဲ့
တန်ဖိုး စိစစ်သတ်မှတ်ရေးက သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြတယ်။မြေဝယ်တဲ့
တန်ဖိုးရဲ့ ၁၂ ဆပေးတာမျိုး၊ ဥပမာ လန၊ ၃၉ နဲ့သိမ်းပြီးသားတွေ နစ်နာကျေးပေးတာ၊ သာကေတ
ဘက်မှာ တစ်ဧကကို ၂၅ သိန်းနဲ့ ပေးတာမျိုးတွေရှိခဲ့ပါတယ်''ဟု ဦးသန်းမြင့်က ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် စည်ပင်သာယာရေးကော်မတီက သိမ်းဆည်းခဲ့သည့် မြေယာများအတွက်
မြေယာလျော်ကြေးငွေပေးရမည့် ပမာဏမှကျပ်သိန်းပေါင်း ၁,၄၈ဝ ကျော် ရှိခဲ့ပြီး၊ အခြားဌာနများ၏
သိမ်းဆည်း မြေယာလျော်ကြေးငွေ လျာထားချက်ကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

''စည်ပင်အနေနဲ့ဆို ပြီးခဲ့တဲ့ နှစ်က သရက်ပင်ကျောင်းမှာသိန်း ၁,ဝဝဝ နီးပါးကျော် လျော်ဖို့
ရှိခဲ့ပါတယ်။ဒဂုံမြောက်မှာ သိန်း ၄၈ဝ လောက် လျော်ဖို့ ရှိခဲ့တယ်။မြေယာ လျော်ကြေးပေးတဲ့အခါမှာ
သက်ဆိုင်ရာဌာနတွေရဲ့ ဘတ်ဂျက်ကနေ လျော်ရတာဖြစ်တဲ့အတွက်အစိုးရက အားလုံးလျော်ကြေး
ပေးရတဲ့ စုစုပေါင်းတော့ ကျွန်တော်တို့ဆီမှာ အချက်အလက် မရှိပါဘူး''ဟုရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှူး ဦးသန်းလွင်ဦးက
ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service