သြဂုတ်လကနေစပြီး ခရီးသွားလုပ်ငန်းခွန် စကောက်ဖို့ မလေးရှား စီစဉ်

သြဂုတ်လကနေစပြီး ခရီးသွားလုပ်ငန်းခွန် စကောက်ဖို့ မလေးရှား စီစဉ် - Property News in Myanmar from iMyanmarHouse.com
8 Jun 2017 10:59 am တွင် တင်ခဲ့သည်
669 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ် သြဂုတ်လ ၁ ရက်ကစပြီး နိုင်ငံမှာ ခရီးသွားလုပ်ငန်းအခွန်
စတင်ကောက်ခံတော့မှာ ဖြစ်တယ်လို့ မလေးရှားအာဏာပိုင်တွေက
ထုတ်ပြောလိုက်ပါတယ်။ ယခုလို ခရီးသွားလုပ်ငန်း အခွန်ကောက်
ခံရာမှာတော့ တစ်ညကို အခန်းတစ်ခန်းလျင် ရင်းဂစ် ၂ ဒသမ ၅၀
(စင်ကာပူဒေါ်လာ ၀ ဒသမ ၈၀) ကနေစပြီး ကောက်ခံသွားမှာ
ဖြစ်တယ်လို့ တော်ဝင်မလေးရှားအကောက်ခွန်ဌာနရဲ့ ၀က်ဆိုဒ်
ကနေတဆင့် ထုတ်ပြန်ထားပါတယ်။

ယခု အခွန်ကောက်ခံရာမှာတော့ ခရီးသွားတွေ တည်းခိုနိုင်အောင်
အသုံးပြုနေလျက်ရှိတဲ့ အဆောက်အအုံ အမျိုးအစားအားလုံးကို
ထည့်သွင်းကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ခရီးသွားဝန်ကြီးဌာနအောက်မှာ မှတ်ပုံတင်
ထားတဲ့ homestay နဲ့ compoundstay (Kampung Stay)
အမျိုးအစားတွေ၊ ပညာရေးအဖွဲ့အစည်းတွေက ဦးစီးခန့်ခွဲနေတဲ့
အဆောက်အအုံတွေ၊ လေ့ကျင့်သင်ကြားရေး ရည်ရွယ်ချက်နဲ့
ဖွင့်ထားတဲ့ အဆောက်အအုံတွေ၊ စီးပွားဖြစ်မဟုတ်တဲ့ အဆောက်
အအုံတွေ ကိုတော့ ယခုအခွန်ကောက်ခံမှု ကင်းလွတ်ခွင့်ရမှာ
ဖြစ်တယ်လို့လည်း သိရပါတယ်။ အလားတူ အခန်းဆယ်ခန်း
အောက်သာ ရှိတဲ့ အဆောက်အအုံတွေလည်း ကင်းလွတ်ခွင့်
ရမယ်လို့ ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ အဆောက်အအုံအမျိုးအစားတွေရဲ့ အော်ပရေတာတွေ
မှတ်ပုံတင်မှုပိုင်းကိုတော့ ယခုဇူလိုင်မှာ စတင်သွားမယ်လို့လည်း
ယင်းဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ယခု ခရီးသွားလုပ်ငန်းအခွန်ကောက်ခံရာမှာတော့ အဆင့်
သတ်မှတ်ခံထားရခြင်းမရှိတဲ့ အဆောက်အအုံအမျိုးအစားတွေ
အတွက်ကတော့ တစ်ညကို တစ်ခန်းလျင် ရင်းဂစ် ၂ ဒသမ ၅၀
နှုန်းကနေစပြီး ကြယ်ငါးပွင့်အဆင့်ရှိ အဆောက်အအုံတွေမှာတော့
တစ်ညကို တစ်ခန်းလျင် ရင်းဂစ် ၂၀ နှုန်းထိ အသီးသီး ကောက်ခံ
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံမှာ ညပိုင်းတည်းခိုနိုင်တဲ့အခန်း ၁၁ သန်းလောက်မှာ
တည်းခိုနေထိုင်မှုနှုန်းက ၆၀ ရာခိုင်နှုန်းထိ ရမယ်ဆိုရင် ခု
အခွန်ကောက်ခံရရှိမှုနှုန်း ရင်းဂစ် ၆၅၄ ဒသမ ၆၂ သန်းထိ
ရှိနိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက မလေးရှားခရီးသွားဝန်ကြီး
Mohamed Nazri Abdul Aziz က ပြောထားပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service