ဗဟိုဘဏ်၏ ငွေစက္ကူအတုဖြေရှင်းနည်း ညွှန်ကြားချက်က ဘဏ်များအတွက် အခက်အခဲဖြစ်ဟု ဆို

ဗဟိုဘဏ်၏ ငွေစက္ကူအတုဖြေရှင်းနည်း ညွှန်ကြားချက်က ဘဏ်များအတွက် အခက်အခဲဖြစ်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
8 Jun 2017 10:59 am တွင် တင်ခဲ့သည်
1870 ကြိမ် ကြည့်ရှု့ပြီး
ဗဟိုဘဏ်ထုတ်ပြန် ထားသည့် ငွေစက္ကူအတုပြဿနာဖြေရှင်းနည်း ညွှန်ကြား ချက်ကို လိုက်နာရန် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အခက်အခဲဖြစ်သည်ဟု သတင်းရရှိသည်။

နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ပေးသွင်း သည့် ငွေများ တွင် ငွေစက္ကူအတု များပါရှိလျှင် ပေးသွင်းသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ေ နရပ်လိပ်စာတို့ကို တိကျစွာရေးသားပြီး နီးစပ်ရာရဲစခန်းသို့ ပေးပို့ရမည် ဟု မေလ ၃၁ ရက်စွဲဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ်က ညွှန်ကြားစာ ထုတ် ပြန်ခဲ့ သည်။

‘‘ဒီညွှန်ကြားစာက ဘဏ်နဲ့ ကာစတန်မာ (ငွေအပ်သူ)ကြား မှာ ပြဿနာရှိလာနိုင် တယ်။ တကယ်လုပ်ဖို့မလွယ်ဘူး’’ ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ အ ကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လက်ရှိငွေအပ်သူများက ငွေ အတုပါလာမည်ဆိုပါက ဘဏ်က သိမ်းယူခြင်း ကို လက်မခံဘဲ ငွေ စက္ကူအတုကို ပြန်လည်တောင်း ယူပြီး အစစ်နှင့် လဲပေး မည်ဟု တောင်းဆိုချက်များရှိလာ၍ ဘဏ်ဝန်ထမ်းများက လုပ်ငန်းလုပ်ဆော င်ရာ တွင် အကျပ်အတည်းဖြစ်ရသည်ဟု ပုဂ္ဂလိကဘဏ် ၀န်ထမ်းတစ်ဦး က ပြောသည်။

‘‘ ဒီနေ့ တောင်ငူကနေ မြောက်ဥက္ကလာကို ငွေလွှဲတာ တစ်သောင်းတန် အ တုတစ်ရွက်ပါတယ်ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း ပါ လာ ရင် ဖျက်ခိုင်းပါတယ်။ ဘဏ်ဝန်ထမ်းက ဖျက်လို့မရဘူးတဲ့၊ ဖျက်လို့မရရင် အ တုဖြစ်ကြောင်း တံဆိပ်ထုပေးပါလို့၊ ဒါလည်း လုပ်လို့မရဘူးတဲ့။ ဗဟိုဘဏ် ရဲ့ ညွှန်ကြားချက်က ပိုက်ဆံအတုကို လုံးဝ ဘာမှမလုပ်ရပါဘူးတဲ့။ ဒီတိုင်ြး ပန်အပ်ရမယ်တဲ့ဗျာ’’ဟု ဘဏ်ကိုငွေသွင်းစဉ် ငွေစက္ကူအတု ပါဝင်နေ၍ အ ခက်တွေ့ခဲ့သူ Auto Car အရောင်းစင်တာပိုင်ရှင် ဦးမင်းအောင်အေး က ပြောသည်။

ထို့အပြင် အဆိုပါငွေအတု ကို ဘဏ်ဝန်ထမ်းများက မှားယွင်းပြီး အခြားငွေ စက္ကူများနှင့် ရော နှောသွားနိုင်ခြင်း၊ ၀န်ထမ်း၏ မသမာမှုများကြောင့် ငွေ စက္ကူအစစ် များနှင့် ရောနှောပါဝင်လာနိုင်၍ ယခုအစီအစဉ်သည် နောက်ထပ် ဆိုးကျိုးများပါဝင်လာနိုင်သည်ဟု ၎င်းက ထောက်ပြဝေဖန်သည်။

ယခင်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များက ငွေစက္ကူအတုတွေ့ ရှိပါက ထပ်မံ အသုံးမပြုနိုင်ရန် ငွေစက္ကူကို အပေါက်များဖောက်ပစ်ခြင်း၊ တံဆိပ်တုံးများ ရိုက်နှက်ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service