ဈေးကွက်အေးသော်လည်း ပြည်တွင်းရွှေဈေးဆက်တိုက်မြင့်
တက်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းတာဝန်
ရှိသူတွေထံကသိရပါတယ်။
ကမ္ဘာ့ဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေးကျပ် ၉ သိန်း ၁ သောင်း
ကျော်အထိရှိလာခဲ့ပြီး စံချိန်တင်ဆက်လက်မြင့် တက်ဖို့များနေ တယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကသိရပါတယ်။
တိတ်စိန်ရွှေဆိုင်ရှင်ဦးဇော်အောင်က “ ဒီရက်ကမ္ဘာ့ရွှေဈေး
တွေက ဆက်တိုက်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း တဖြည်းဖြည်းမြင့်တက်လာနေတာပါ၊ ဒီရက်ဆိုဈေးက ၉ သိန်းတစ်သောင်းကိုကျော်သွားပြီ၊ ကမ္ဘာ့ဈေး ဆက်မြင့်နေ ရင်တော့ ပြည်တွင်းဈေးကလည်းလိုက်တက်နေအုံးမှာပဲ”လို
့ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၂၆၇
ဒေါ်လာဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိဇွန်လပထမ
ပတ်အတွင်း တစ်အောင်စကို ၁၂၉၃ ဒေါ်လာအထိမြင့်တက်
လာတာကြောင့် ဈေးကွက်အတက်ကြမ်းနေတယ် လို့လည်း
ရွှေဆိုင်လုပ်ငန်းရှင်တွေကပြောပါတယ်။
ထိုကဲ့သို့ကမ္ဘာ့ဈေးမြင့်တက်မှုကြောင့် မေလကုန်ပိုင်းပြည်တွင်း
အခေါက်ရွှေက တစ်ကျပ်သားကိုကျပ် ၉ သိန်း ၆ ထောင်
ဝန်းကျင်လောက်သာရှိခဲ့ပြီး တစ်ပတ်အတွင်းကျပ် ၆ ထောင်ဝန်းကျင်မြင့်တက်လာတာဖြစ်ပါတယ်။
လတ်တလောပြည်တွင်းငွေလဲလှယ်နှုန်းကလည်း ၁၂၅၀ ကျပ်
ဝန်းကျင်မှာ ဆက်ရှိနေတာကြောင့် ကမ္ဘာ့ဈေးအပြောင်းအ
လဲပေါ်မှာသာ ပြည်တွင်းရွှေဈေးကတအိအိမြင့်တက်နေခြင်း
လည်းဖြစ်ပါတယ်။ ရွှေဈေးမြင့်လွန်းပြီး အ တက်မြန်နေတာ
ကြောင့်ပဲ ဈေးကွက်အတွင်းအဝယ်မရှိသလောက်ဖြစ်နေ
တယ်လို့သိရပါတယ်။
Credit: SFJ Strategy First