လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်လာရန် တောင်သူလယ်သမားတွေ ရိုးမဘဏ်၌ ငွေချေးယူနိုင်တော့မည်

လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်လာရန် တောင်သူလယ်သမားတွေ ရိုးမဘဏ်၌ ငွေချေးယူနိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
8 Jun 2017 10:31 am တွင် တင်ခဲ့သည်
1116 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ပြီး ရိုးမဘဏ် နှင့် Robo ဘဏ်တို့ပူးပေါင်းကာ တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးပေးသည့် အစီအစဉ် စတင်နေပြီဖြစ်သည်။

ချေးငွေများကို ရိုးမဘဏ်များတွင် ချေးယူနိုင်မည်ဟုဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နယ်သာလန်သံရုံး
ရိုးမဘဏ်သည် နယ်သာလန်အခြေစိုက် Rabo ဘဏ်နှင့် ၂နှစ်ကြာပူပေါင်းဆောင်ရွက်ရန်အတွက် ဇွန်လ ၇ရက်နေ့က နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး Mr.Wouter Jurgens က "ရိုးမဘဏ်နဲ့ပူးပေါင်းပြီး စီစဉ်နေတဲ့အရာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့တောင်သူတွေကို အငှားဝယ်ယူစနစ်ပေါ့။ အငှားဝယ်ယူစနစ်မှာ တောင်သူတွေက လယ်ယာသုံးပစ္စည်းတွေကို ဝယ်သုံးတဲ့အခါမှာ အရင်တုန်းကလိုဈေးကြီးကြီးနဲ့ ဝယ်သုံးစရာမလိုဘူး။ ပေးရတဲ့အရစ်ကို လျှော့ချပြီးတော့တောင်သူတွေက ပစ္စည်းတွေကို ဝယ်နိုင်အောင်ပံ့ပိုးပေးမယ်။ တောင်သူတွေက ဒီပစ္စည်းတွေကို ၀ယ်လာနိုင်တဲ့အခါ အသုံးပြုခြင်းအားဖြင့် လယ်ယာဖွံ့ဖြိုးမှုကတိုးတက်လာမယ်။တောင်သူတွေရဲ့ဘ၀တွေကိုမြှင့်တင်နိုင်အောင် ကြိုးစားနေပါတယ်" ဟု သူကဆက်ပြောသည်။

ရိုးမဘဏ်နှင့်ပူးပေါင်းပြီး တောင်သူတွေကို ကူညီပေးမည့် Rabo ဘဏ်သည် နယ်သာလန်နိုင်ငံ၏ လယ်သမားများ တည်ထောင်ထားသော ဘဏ်တစ်ခုဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍများ၌ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ကူညီပေးနေကြောင်း သိရသည်။

"ရိုးမဘဏ်ကနေပြီးတော့ လယ်သမားတွေကို ကူညီပေးမှုတွေလုပ်မယ်။ နောက်ကျလို့ရှိရင် လယ်သမားတွေကို ဒါရိုက်ချေးငှားတဲ့စနစ်ကို အသုံးပြုသွားမယ်။ အခုမဖွံ့ဖြိုးတဲ့ဒေသတွေကို လယ်ယာစိုက်ပျိုးတဲ့ဒေသဖြစ်လာဖို့ အရေးနဲ့ လယ်ယာစိုက်ပျိုးရေးဖြစ်နေပြီးသားဒေသတွေကိုလည်း ပိုပြီးတော့ တိုးတက်စေဖို့ အဓိကထားပြီးကူညီသွားမှာဖြစ်ပါတယ်" ဟု ရိုးမဘဏ်၏ အထူးအကြံပေးနှင့် အမှုဆောင်အရာရှိချုပ် Mr.Hal Bosher ကပြောသည်။

ရိုးမဘဏ် နှင့် Rabo ဘဏ်တို့၏ ပူးပေါင်းလုပ်ဆောင်မည့်စာချုပ်အရ မြန်မာတစ်နိုင်ငံလုံးရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက် ဘဏ္ဍရေးဆိုင်ရာလိုအပ်ချကများ၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ၂နှစ်ကြာ အကူအညီ ပေးမည်ဖြစ်သည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service