ရှန်ဟိုင်းကြိုပွိုင့်အိမ်ရောင်းအား ဒုတိယမြောက်ဆက်တိုက်လအဖြစ် မေတွင် ကျဆင်း

ရှန်ဟိုင်းကြိုပွိုင့်အိမ်ရောင်းအား ဒုတိယမြောက်ဆက်တိုက်လအဖြစ် မေတွင် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
8 Jun 2017 10:09 am တွင် တင်ခဲ့သည်
1472 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ ကြိုပွိုင့်အိမ်ရောင်းအားသည် ယခုနှစ်၌ ဒုတိယမြောက်ဆက်တိုက်ကျဆင်းသည့်လအဖြစ် မေတွင် ကျဆင်းခဲ့သည်။ အသက်ဝင်ဆဲ တင်းကျပ်သော အိမ်ခြံမြေစည်းမျဉ်းများက
ဝယ်လက်များ၏ ၀ယ်လိုစိတ်ကို ဆက်လက်ဖိနှိပ်ထားသဖြင့် ဖြစ်သည်။

ပြီးခဲ့သည့်လ (မေ) က ကြိုပွိုင့်အိမ်ခန်း ၁၄၆,၀၀၀ ခန့် ရောင်းထွက်ခဲ့ပြီး ဧပြီအောက် ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယမန်နှစ် မေအောက်မူ ၂၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Homelink Real Estate Agency Co က ဇွန် ၆ တွင် ထုတ်ပြန်ခဲ့သည်။

"မြို့ရဲ့ ကြိုပွိုင့်အိမ်ဈေးကွက်ဟာ များသောအားဖြင့် မေမှာ ဧပြီထက် အခြေအနေကောင်းလေ့ရှိတာပါ။ ဒီနှစ်မှာတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေ အာဏာသက်ရောက်လာခဲ့တာကြောင့်ရယ် အဲ့ဒီမူဝါဒတွေ တော်တော်နဲ့ ပြေလျော့လာဖို့ လက္ခဏာမရှိသေး
တာရယ်ကြောင့် ဈေးကွက်ရောင်းအား ကျဆင်းခဲ့တာပါ" ဟု Homelink ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့တွင် ဧပြီလကလည်း ကြိုပွိုင့်အိမ်ရောင်းအားသည် ယခုနှစ်အတွင်း ပထမဆုံးကျဆင်းမှု ဖြစ်ခဲ့ရုံသာမက ပုံမှန်ထက်လည်း အားပျော့ခဲ့သည်။ ၁၉,၄၀၀ ခန်း ရောင်းချ
ခဲ့ရသည့် မတ်လကအောက် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၅,၄၀၀ ခန်းသာ ရောင်းချခဲ့ရသည်။

ယွမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၄၃၅,၀၀၀) အောက် တန်ဖိုးရှိသော အိမ်များကိုသာ ၀ယ်လက်များက အရှာဖွေဆုံးဖြစ်ကြောင်းလည်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service