ခရီးသွားလုပ်ငန်းတွင် နှစ်ထပ်အခွန်နှုန်းထား ဖြေလျှော့ပေးရန် လိုအပ်

ခရီးသွားလုပ်ငန်းတွင် နှစ်ထပ်အခွန်နှုန်းထား ဖြေလျှော့ပေးရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
7 Jun 2017 10:17 am တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး
မန်မာ့ခရီးသွားလုပ်ငန်း ဈေးကြီးရခြင်း၏ အကြောင်းရင်းများတွင် သယ်ယူပို့ဆောင်ရေးနှင့်
တည်းခိုနေထိုင်စရိတ်များအပြင် အခွန်နှစ်ထပ်ပေးဆောင်နေရခြင်းပါဝင်နေသည့်အတွက်
ဖြေလျှော့ပေးရန် လိုအပ်သည် ဟု ခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။

''အခွန်လုပ်ထုံးလုပ်နည်းတွေက မှားနေတယ်။ ရောင်းအားအပေါ်မှာ ကုန်သွယ်ခွန်
ငါးရာခိုင်နှုန်းနဲ့ အမြတ်ခွန် ၂၅ ရာခိုင်နှုန်းပေးဆောင်ရတယ်။ ဥပမာ-လေယာဉ်လက်မှတ်
တစ်စောင်ကို ၁ဝဝ နဲ့ဝယ်ရင် ၉၅ ကျပ်က လက်မှတ်ဈေး၊ ငါးကျပ်က အစိုးရကို
အခွန်ဆောင်ရတယ်။ အဲဒီလက်မှတ်ကိုပဲ ကျွန်တော်တို့က ကျပ် ၁၁ဝ နဲ့ တစ်ဆင့်ပြန်ရောင်းရင် အစိုးရကို ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းထပ်ဆောင်ရတယ်။ အဲဒီတော့ အခွန်နဲ့တင်
၁၁ ကျပ်ဖြစ်နေပြီ'' ဟု Vivo Myanmar ခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိချုပ်
ဦးရဲထွန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအတွက် မြန်မာနိုင်ငံသို့ လာရောက်သည့်
နိုင်ငံတကာခရီးသွားဧည့်သည်များထံမှ တစ်ဦးလျှင် တစ်ရက် အမေရိကန်တစ်ဒေါ်လာနှုန်း
အခွန်ကောက်ခံရန် မတ်လကုန်ပိုင်း တွင်ပြုလုပ်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွား
လာရေးလုပ်ငန်းဝန်ကြီးဌာန၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

''ကောက်ခံရရှိတဲ့ အခွန်ငွေကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ သုံးမယ်လို့ အဲဒီနေ့အစည်းဝေးမှာ အကြမ်းဖျင်း သဘောတူထားတယ်။ ဥပဒေကတော့ ပြဋ္ဌာန်းရဦးမှာပေါ့။
နောက်ဆုံး ခွင့်ပြုတယ်ဆိုရင် နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ မြန်မာ့ခရီးသွားအရောင်း
မြှင့်တင်ရေး ကျကျနနလုပ်နိုင်မယ်''ဟု အစည်းအဝေးတက်ရောက်ခဲ့သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

အဆိုပါဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးနှင့် လာရောက်သည့်နိုင်ငံခြားသား
ခရီးသွားဧည့်သည်များ နေထိုင်သည့် ရက်ကာလအလိုက် တစ်ရက်လျှင်တစ် ဒေါ်လာနှုန်းကိုဟိုတယ်နှင့် တည်းခိုခန်း များက ကောက်ယူမည်ဖြစ်သည်။

''ဘယ်လိုကောက်ယူလို့ရမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ အလွယ်ဆုံးဖြစ်မယ့်
စနစ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေ ဖြစ်မယ်လို့ထင်တယ်။ အလုပ်လာလုပ်တဲ့သူတွေကို
စဉ်းစားထားတာ မရှိသေးဘူး။ ဥပဒေတို့ နည်းဥပဒေတို့ ပြဋ္ဌာန်းနိုင်အောင် သေချာအသေးစိတ်စဉ်းစားရမယ်။ လောလောဆယ်ကတော့ မြန်မာနိုင်ငံကိုလာတဲ့နိုင်ငံခြားသားတိုင်းကို အခွန်ကောက်ခံမယ်လို့ ဆုံးဖြတ်ထားတယ်'' ဟု ဦးရန်ဝင်းကပြောသည်။

ပြုပြင်ပြောင်းလဲရေးကာလတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များထံမှ အခွန်ငွေကောက်ခံခြင်းသည် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်သည်ဟုMarcopolo ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာဦးအောင်ချိုဝင်းက ပြောသည်။

''တစ်ဒေါ်လာဆိုတာ ဘာမှမဟုတ်ပေမဲ့ အဲဒီလိုမျိုးကောက်မယ်ဆိုရင် နိုင်ငံခြားသားတွေဘက်က မကျေနပ်တာမျိုး ဖြစ်လာနိုင်တယ်။ ပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ
အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ မှားသွားမှာစိုးလို့။ ဘာလို့ဆို မြန်မာနိုင်ငံက ခုချိန်ထိ ဈေးကြီးနေတုန်းမို့ ထိုင်းနိုင်ငံအလည်သွားတာနဲ့ ငပလီကမ်းခြေသွားတဲ့ ကုန်ကျစရိတ်က
အတူတူပဲ'' ဟု ၄င်းက ပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အသုံးစရိတ်၏ သုညဒသမ ဝ၂ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ပြီး ခရီးသွားလုပ်ငန်းအရောင်းမြှင့်တင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၂ဝ၁၄ ခုနှစ်မှစတင်ထောက်ပံ့ခဲ့ရာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် အများဆုံးအဖြစ် ဒေါ်လာနှစ်သိန်း ပေးအပ်ခဲ့သည်။

''ဒီနှစ်ထပ်အခွန်ကိစ္စကိုသာ ဖြေလျှော့ပေးလိုက်ရင် နိုင်ငံခြားသားဧည့်သည်တွေဆီက အခွန်
ကောက်ခံစရာ မလိုတော့ဘူး'' ဟုဦးရဲထွန်းဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည်အရေအတွက်
၂ ဒသမ ၉ သန်း ရှိပြီး ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားဖိုရမ်အရ
မြန်မာနိုင်ငံသည် ရာခိုင်နှုန်းအားဖြင့် အာဆီယံနိုင်ငံများတွင် ဧည့်သည်ဝင်ရောက်မှု
အနည်းဆုံးနိုင်ငံဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service