ပေကျင်း-ထျန်ကျင်း-ဟယ်ပေဒေသတွင် အိမ်ဈေးတည်ငြိမ်

ပေကျင်း-ထျန်ကျင်း-ဟယ်ပေဒေသတွင် အိမ်ဈေးတည်ငြိမ် - Property News in Myanmar from iMyanmarHouse.com
2 Jun 2017 10:41 am တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံမြောက်ပိုင်းတွင် တစ်ဆက်တည်း ခြုံငုံတည်ရှိနေသည့် ပေကျင်း-ထျန်ကျင်း-ဟယ်ပေ ဒေသကြီး၏ အိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်းမြင့်တက်မှုထိန်းချုပ်ရေး စည်းမျဉ်းတင်းကျပ်မှုများ အကောင်အထည်ဖော်ချမှတ်ခဲ့ပြီးနောက် ဧပြီတွင် တည်ငြိမ်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျရို (NBS) မှ မေ ၃၁ တွင် ထွက်ရှိလာသည့် တရားဝင်စစ်တမ်းတစ်ရပ်အရ သိရသည်။

ပေကျင်းတွင် အိမ်သစ်ဈေးသည် ဧပြီ၌ မတ်လကထက် ၀ ဒသမ ၂ ရာခိုင်​နှုန်းသာ မြင့်တက်ခဲ့ပြီး ထျန်ကျင်းတွင် ၀ ဒသမ ၁ ရာခိုင်​နှုန်းသာ မြင့်တက်ခဲ့ကာ ဟယ်ပေပြည်နယ်မြို့တော် ရှီကျာကျွမ်းတွင်လည်း
ဝ ဒသမ ၁ ရာခိုင်​နှုန်းသာ မြင့်တက်ခဲ့သည်။

သို့သော်လည်း ယမန်နှစ် ဧပြီထက်မူ ပေကျင်းတွင် ယခုနှစ် ဧပြီ အိမ်သစ်ဈေးသည် ၁၇ ဒသမ ၄ ရာခိုင်​နှုန်း မြင့်တက်ခဲ့ကာ
ထျန်ကျင်းတွင် ၁၈ ရာခိုင်​နှုန်း မြင့်တက်ခဲ့ပြီး ရှီကျာကျွမ်းတွင် ၁၈ ဒသမ ၁ ရာခိုင်​နှုန်း မြင့်တက်ခဲ့သည်။

တရုတ်အစိုးရသည် အိမ်ဈေးနှုန်းမြင့်တက်မှုများကို လျှော့ချထိန်းချုပ်ရန် အိမ်ဝယ်ယူမှုစည်းမျဉ်းကန့်သတ်မှုများနှင့် ဝယ်ယူရာတွင် လက်ငင်းပေးချေရသည့် ငွေပမာဏရာခိုင်နှုန်း တိုးမြှင့်ခြင်းအပါအဝင် အိမ်ခြံမြေစည်မျဉ်းများကို ပြီးခဲ့သည့်အောက်တိုဘာလကတည်းက
စတင်ကာ မြို့ကြီးအများအပြားတွင် ချမှတ်အကောင်အထည်ဖော်လာခဲ့သည်။

ဈေးနှုန်းများမြင့်တက်နေသရွေ့ စည်းမျဉ်းများ ဆက်လက်တင်းကျပ်ထိန်းချုပ်သွားမည် ဖြစ်ကြောင်း
တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

ထိုယခုနောက်ဆုံးစည်းမျဉ်းတင်းကျပ်မှုသည် စည်းမျဉ်းများစတင်ဖြေလျှော့ပေးပြီးနောက် နှစ်နှစ်အကြာတွင် ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service