နိုင်ငံတစ်ဝန်းလုံးက ဟိုတယ်တွေ မိုးရာသီမှာ အခန်းခတွေ ထက်ဝက်ဈေးလျှော့ချမယ်

နိုင်ငံတစ်ဝန်းလုံးက ဟိုတယ်တွေ မိုးရာသီမှာ အခန်းခတွေ ထက်ဝက်ဈေးလျှော့ချမယ် - Property News in Myanmar from iMyanmarHouse.com
1 Jun 2017 11:14 am တွင် တင်ခဲ့သည်
1086 ကြိမ် ကြည့်ရှု့ပြီး
မိုးရာသီ ခရီးသည်ဝင်ရောက်မှု မြင့်တက်လာစေဖို့ ရည်ရွယ်တဲ့ Green Season အစီအစဉ်ကို အထောက်အကူပြုစေဖို့အတွက် ဇွန်လကစပြီး နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အားလုံးနီးပါးမှာ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်လို့ သိရပါတယ်။

‘‘ဟိုတယ်တွေအနေနဲ့ GreenSeason အတွက်ဆိုပြီး ဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးဖို့ စီစဉ်ထားပါတယ်။ အဲဒီအကြောင်းကို လာမယ့် ဇွန်လထဲမှာ ဝက်ဘ်ဆိုက်ကနေလည်း တင်သွားမှာဖြစ်သလို နိုင်ငံတော်ကနေ တစ်ကမ္ဘာလုံးကိုသိအောင် ကြေညာပေးမှာဖြစ်ပါတယ်’’
လို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးသန်းရွှေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်းအနေနဲ့ လက်ရှိမှာ နိုင်ငံတစ်ဝန်းရှိ ဟိုတယ်တွေရဲ့ လက်ရှိတည်းခိုခနှုန်းထားတွေနဲ့ Green Season ကာလမှာ လျှော့ချမယ့်နှုန်းကို တောင်းခံထားပြီး အချက်အလက်တွေအားလုံးစုစည်းကာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်တွေ သိရှိနိုင်ဖို့ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။

‘‘မြန်မာနိုင်ငံမှာက ဒီလိုရာသီဆိုရင် ပုံမှန်ဈေးလျှော့ပေးနေကျပါပဲ။ အခုက Green Season အတွက် အထူးအစီအစဉ်အနေနဲ့ လုပ်လိုက်တာ။ ဟိုတယ်အသင်းအနေနဲ့ ဟိုတယ်ဇုန်အားလုံးကို လျှော့ချပေးမယ့် ဈေးနှုန်းတွေလှမ်းပြီးတောင်းထားပါတယ်။ အဲဒါကို အသင်းကနေ အားလုံးစုစည်းပြီးတော့ ကြေညာပေးမှာ ဖြစ်ပါတယ်’’ လို့ ဦးသန်းရွှေက ပြောထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး အစရှိတဲ့ နိုင်ငံခြားသားဧည့်သည်တွေ လည်ပတ်မှုအများဆုံး ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ ဟိုတယ်ဇုန် ၁၉ ခုနဲ့ ဖွဲ့စည်းထားပြီး Green Season အတွက် ဈေးနှုန်းလျှော့ချရာမှာ ဟိုတယ်အားလုံး တစ်ပြေးညီဆောင်ရွက်နိုင်ဖို့ စီစဉ်တာဖြစ်ပါတယ်။

Credit: 7Day Daily
နိုင်ငံတစ်ဝန်းလုံးက ဟိုတယ်တွေ မိုးရာသီမှာ အခန်းခတွေ ထက်ဝက်ဈေးလျှော့ချမယ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service