ယခု မေလ နောက်ဆုံးပတ်အတွင်း ပြည်တွင်းရွှေ ဈေးနှုန်း ကျပ် ၉၁ဝဝဝဝ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာခဲ့ကာ အရောင်းအဝယ်များ အေးစက်သွား ခဲ့ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် တစ်ပတ်ဈေးကွက်အဖွင့် မေ ၂၂ရက်က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉ဝ၆၅ဝဝ သာရှိခဲ့ရာမှ မေ ၃ဝရက်တွင် အခေါက်ေ ရွှတစ်ကျပ်သားလျှင် ကျပ်၉ဝ၉ဝဝဝ သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း ပြီးခဲ့သည့် မေ ၂၂ ရက်က တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၂၅၅သာရှိခဲ့ရာမှ မေ ၃ဝရက်တွင် တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၂၇ဝအထိ မြင့် တက်လာခဲ့ပြီး ယင်းအချက်ကြောင့်ပင် ပြည် တွင်းရွှေဈေးမှာလည်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင်က ''ရွှေဈေးကတော့ ကျပ်၉၁ဝဝဝဝ ဝန်း ကျင် အထိကို ပြန်မြင့်လာတယ်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲေ ကြာင့်လို့ ပဲ ပြော ရမှာပါ။ အရောင်းအဝယ် တွေကတော့ အေးနေတယ်''ဟု မေ ၃ဝ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ရွှေဈေးနှုန်းများမြင့်တက်လာ ခြင်းနှင့်အတူ မိုးရာသီကာလသို့ ရောက်ရှိလာ ခဲ့ခြင်း ယင်းအချက်များကြောင့်သာ ဈေးကွက်အတွင်းအရောင်းအ ဝယ်များ
အေးစက်လာခြင်းဖြစ်ပြီး ရွှေထည်များအပေါ် အခွန်ကောက်ခံမှုကြောင့် ဈေး ကွက်အပေါ် ရိုက်ခတ်မှု မရှိကြောင်းသိရသည်။
တစ်ဖက်တွင်လည်း ရွှေထည်များကို အခွန်ကောက်ခံရန်အတွက် အခွန်ေ ပးသွင်းမှု အထောက်အထား ဖြစ်သော တံဆိပ်ခေါင်းများအတွက် အခွန်ဦးစီး ဌာနမှ ရွှေဆိုင်များကိုစာရင်းကောက်ယူပြီး ဖြစ်သည့်အတွက် ကြောင့် မကြာ ခင် အချိန်တွင်း အခွန် ကောက်ယူရန်အတွက် တံဆိပ်ခေါင်းများ စတင်ရရှိေ တာ့မည်ဖြစ်ကြောင်းလည်း သိရသည်။
ဦးထုံရွှေဆိုင်မှ ဦးကျော်ဝင်းက ''ကျွန်တော်တို့ ရွှေထည် လက်ဝတ်ရတ နာ ရောင်းတဲ့ ဆိုင်တွေဘက်ကို တော့ အခွန်ဦးစီးဌာနဘက်ကနေပြီး တော့ အခွန်အမှတ်တံဆိပ်တွေအတွက်ကို စာရင်းတော့ လိုက်ကောက်နေပါ ပြီ။ အခွန်အမှတ်တံဆိပ်ဆိုင်တော် တော်များများကိုတော့ စာရင်းကောက်ပြီး သွားပြီဖြစ်တဲ့အတွက်ကြောင့် အခွန်တံဆိပ်ခေါင်းတွေကတော့ မကြာခင်ေ ရာက်လာတော့မှာပါ''ဟု မေ ၃ဝ ရက်က ပြောသည်။
ယင်းကဲ့သို့ ရွှေထည်များအား အခွန်ကောက်ခံခြင်းကို ဧပြီလ ၁ရက် မှ စတင် ကာ ကောက်ခံနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အခွန်ကောက်ခံခြင်း အ တွက် ရွှေဆိုင်များအနေဖြင့် တံဆိပ် ခေါင်းများရရှိခြင်းမရှိသေးဘဲ ဥပဒေအ ရ ရွှေဝယ်ယူသူများထံမှ အခွန်တစ်ရာခိုင်နှုန်း ကောက်ခံပေးနေရ ကြောင်း သိရသည်။
Credit: Democracy Today