အာရှပစိဖိတ်ဒေသခံများ၏ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၌ လူနေမြေတွင် ရင်းနှီး
မြှပ်နှံမှုသည် ၂၀၁၆ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလျံ နီးပါး ရှိခဲ့ကြောင်း၊ ၎င်းပမာဏ၏
၁၁ ရာခိုင်နှုန်းမှာ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှု (တစ်နိုင်ငံသား သို့မဟုတ် တစ်နိုင်ငံအခြေစိုက်
အဖွဲ့အစည်းတစ်ခုမှ အခြားတစ်နိုင်ငံတွင် လူနေမြေ၀ယ်ယူမှု) များ
ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Knight Frank က ထုတ်ပြန်ခဲ့သည်။
အာရှပစိဖိတ်ဒေသအတွင်း နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှု (တစ်နိုင်ငံသား သို့မဟုတ် တစ်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုမှ အခြားတစ်နိုင်ငံတွင် လူနေမြေ၀ယ်ယူမှု)
များသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော် ရှိခဲ့ပြီး ပြီးခဲ့သည့်
ဆယ်စုနှစ်အတွင်း ၁၃၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုများ၏ အများစုကို
ပြုလုပ်ခဲ့သူများမှာ ဟောင်ကောင် (တရုတ်နိုင်ငံပိုင်အထူးအုပ်ချုပ်ခွင့်ရဒေသ)
နှင့် တရုတ်မှ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေး
ကုမ္ပဏီ) များ ဖြစ်သည်။
အပေါ်ယံကြည့်လျှင် ထိုနယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၇၄ ဒသမ ၅ ရာခိုင်
နှုန်း ရှိသည့် ဟောင်ကောင်က တစ်ပြေးနေမည်ဟု ထင်ရသော်လည်း ထဲထဲဝင်ဝင်
လေ့လာပါက ထိုကုမ္ပဏီအများစုသည် တရုတ်ပြည်မကြီးတွင် မြစ်ဖျားခံသည်ကို တွေ့ရ
သည်။
အဘယ်ကြောင့်ဆိုသော် ငါးခုတွင် သုံးခုက တရုတ်ရှိ နိုင်ငံပိုင်ကုမ္ပဏီများ၏ လုပ်ငန်းခွဲ
များဖြစ်သောကြောင့် ဖြစ်သည်။
တရုတ် developer များ၏ နိုင်ငံခြားအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတိုးတက်လာမှုသည် ပြီးခဲ့
သည့်ဆယ်စုနှစ်အတွင်း အဓိကလမ်းကြောင်းတစ်ခု ဖြစ်လာသည်။ ၂၀၀၆ ခုနှစ်တွင် တရုတ်၏ နိုင်ငံခြားအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု သုညပမာဏနီးပါး ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံသို့ တစ်ဟုန်းထိုးတိုးမြင့်လာခဲ့သည်။
တရုတ်၊ ဟောင်ကောင် ပြီးလျှင် စင်္ကာပူက ၂၀၁၆ ခုနှစ်၏ အာရှပစိဖိတ်ဒေသအတွင်း တတိယနယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်သည်။ နယ်စပ်ဖြတ်ကျော်
ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၇ ဒသမ ၃ ရာခိုင်နှုန်းကို ပြုလုပ်ခဲ့သူများမှာ စင်္ကာပူအခြေစိုက်
developer များဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com