ဂျွန်နီဒက်ပ်ပိုင်သော တိုက်ခန်း ၅ ခန်းအနက် လော့စ်အိန်ဂျလိရှိ Penthouse ၂ခန်း ရောင်းချမည်

ဂျွန်နီဒက်ပ်ပိုင်သော တိုက်ခန်း ၅ ခန်းအနက် လော့စ်အိန်ဂျလိရှိ Penthouse ၂ခန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
31 May 2017 11:28 am တွင် တင်ခဲ့သည်
1070 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ဂျွန်နီဒက်ပ်ပိုင်ဆိုင်သော တိုက်ခန်း ၅ ခန်းအနက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ရှိ Penthouse ခန်း ၂ ခန်းကို အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိမြို့ လယ်ရှိ နာမည်ကျော် Eastern Columbia အဆောက်အအုံကို ၂၀၀၇ ခုနှစ်တွင် ခေတ်မီမွမ်းမံပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ဂျွန်နီဒက်ပ်က ယခု Penthouse ခန်းကို ပထမဆုံးဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဤအဆောက်အအုံကို ၁၉၃၀ ပြည့်နှစ်တွင် အာ့ထ်ဒက်ကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဂျွန်နီဒက်ပ်သည် ထိုအဆောက်အအုံတွင်ပင် အခန်း ၄ ခန်း ဆက်လက်ဝယ်ယူခဲ့သည်။လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းတွင်မူ ယင်းအဆောက်အအုံမှ ဂျွန်နီဒက်ပ်ပြောင်းရွှေ့ ခဲ့ပြီး
အခန်း ၅ ခန်းလုံးကို အရောင်းဈေးကွက်တင် ခဲ့သည်။

အခန်း ၅ ခန်းအနက် ၂ ခန်းမှာ ရောင်းထွက်သွားပြီဖြစ်ပြီး လက်ရှိအားဖြင့် Penthouse ၂ ခန်း ကျန်ရှိသေးသည်။ ကျန်သောတစ်ခန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ မသိရှိရချေ။
“ဒီအခန်းက မြင်ကွင်းသိပ်ကောင်းတယ်။ တစ်မြို့ လုံးရဲ့ အပေါ်ဆုံးမှာ နေရသလိုခံစားရမှာဖြစ်ပြီး အောက်ဘက်မှာရှိတဲ့ သမုဒ္ဒရာမြင်ကွင်း ကိုလည်း တွေ့မြင်ရမယ့် အရမ်းကောင်းတဲ့ အခန်းတစ်ခန်းပါ ” ဟု ဂျွန်နီဒက်ပ်၏ အခန်း ၅ ခန်းလုံးကို ရောင်းထုတ်ပေးရန် ဈေးကွက်တင် ထားသည့် Partners Trust မှ အိမ်ခြံမြေအကျိုးဆောင် ကီဗင်ဒီးစ်က ပြောကြားသည်။

ရောင်းချမည့် အခန်းများအတွင်းတွင် ဂျွန်နီဒက်ပ်စုဆောင်းထားသော အနုပညာလက်ရာများ၊ ဇိမ်ခံတန်ဖိုးကြီး ပရိဘောဂများ ပါဝင်ပြီး ခေါ်ဈေးတွင် အဆိုပါအရာများ၏ တန်ဖိုးမပါဝင်သေးချေ။
“Eastern Columbia အဆောက်အအုံဟာ ကျွန်တော့်အထင်ပြောရရင် အမေရိကမှာရှိတဲ့ အာ့ထ်ဒက်ကိုဗိသုကာလက်ရာတွေထဲမှာ အကောင်းဆုံးတစ်ခုဖြစ်တယ်လို့ ထင်ပါတယ်” ဟု မစ္စတာဒီးစ်က ပြောကြားသည်။

Eastern Columbia အဆောက်အအုံရှိ ဂျွန်နီဒက်ပ်ပိုင်ဆိုင်သော အခန်းများအနက် ရောင်းရန်ကျန်ရှိသည်မှာ Penthouse 1 (ခေါ်ဈေး-ကန်ဒေါ်လာ ၂ ဒသမ ၃၈၅ သန်း) နှင့် Penthouse 4 (ခေါ်ဈေး- ကန်ဒေါ်လာ ၁ ဒသမ ၇၉ သန်း) တို့ ဖြစ်ကြသည်။

Penthouse 3 ကို ကန်ဒေါ်လာ ၃ ဒသမ ၀၉ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်ရာ လော့စ်အိန်ဂျလိမြို့ လယ် အိမ်ခြံမြေလောကသမိုင်းတွင် တစ်ပေပတ်လည်အတွက် အမြင့်မားဆုံးဈေးနှုန်းအဖြစ် စံချိန်တင်ခဲ့ပြီး စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၁၂၈၇ ဒသမ ၅၀ ကျသင့်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျွန်နီဒက်ပ်ပိုင်သော တိုက်ခန်း ၅ ခန်းအနက် လော့စ်အိန်ဂျလိရှိ Penthouse ၂ခန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂျွန်နီဒက်ပ်ပိုင်သော တိုက်ခန်း ၅ ခန်းအနက် လော့စ်အိန်ဂျလိရှိ Penthouse ၂ခန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂျွန်နီဒက်ပ်ပိုင်သော တိုက်ခန်း ၅ ခန်းအနက် လော့စ်အိန်ဂျလိရှိ Penthouse ၂ခန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂျွန်နီဒက်ပ်ပိုင်သော တိုက်ခန်း ၅ ခန်းအနက် လော့စ်အိန်ဂျလိရှိ Penthouse ၂ခန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service