ရွှေ့ပြောင်းလာမည့် ဘုရင့်နောင်ကားကြီးဝင်းအတွက် မြေစွန့်လွှတ်ရပါက ဂရန်မြေ ၅၀ ရာခိုင်နှုန်း ပြန်လိုချင်ကြောင်း လယ်သမားများပြောကြား

ရွှေ့ပြောင်းလာမည့် ဘုရင့်နောင်ကားကြီးဝင်းအတွက် မြေစွန့်လွှတ်ရပါက ဂရန်မြေ ၅၀ ရာခိုင်နှုန်း ပြန်လိုချင်ကြောင်း လယ်သမားများပြောကြား - Property News in Myanmar from iMyanmarHouse.com
31 May 2017 9:52 am တွင် တင်ခဲ့သည်
736 ကြိမ် ကြည့်ရှု့ပြီး
ဝါးတရာစက်မှုဇုန်အနီး ပြောင်းရွှေ့ရန်စီစဉ်နေသော ဘုရင့်နောင် ကားကြီး ဝင်းအတွက် ၎င်းတို့ပိုင်ဆိုင်သည့်လယ်မြေများ စွန့်လွှတ်ရမည်ဆိုပါက ဂရန် အမည်ပေါက်မြေပမာဏ ၅၀ ရာခိုင် နှုန်းကို ပြန်လည်ရလိုကြောင်း ဝါးတရာ စက်မှုဇုန်အနီး လိန်ကုန်း ကျေးရွာမှ လယ်မြေပိုင်ရှင်လယ် သမားများက ပြော သည်။

ယာဉ်ကြော ပိတ်ဆို့မှု ကြောင့် ဘုရင့်နောင်ကားကြီးဝင်းကို ဝါးတရာစက်မှု ဇုန် အနီး ပြောင်းရွှေ့ပေးရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ရွေးချယ်ေ ပး ခြင်းကြောင့် ဒေသခံလယ်သမား ၂၄ ဦးက ယခုကဲ့သို့ တောင်းဆို ခြင်းဖြစ် သည်။အစိုးရတာဝန်ရှိသူများနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ် များက လယ်သမားများနှင့်ညှိနှိုင်း ရာတွင် မူလပိုင်ဆိုင်သည့်မြေပမာဏထက် ဂရန် အမည်ပေါက်မြေ ပမာဏ ၂၀ ရာခိုင်နှုန်း(သို့မဟုတ်)လျော်ကြေးငွေကို ပေး မည်ဟု ပြောထားသည်။

‘‘လယ်တွေက မိသားစုပိုင် ဖြစ်တာကြောင့် အစိုးရက သိမ်းလိုက်ရင် အား လုံးပြန်ခွဲရမှာတွေ ရှိတယ်။ ပြီးတော့ မြေပြန်လိုချင် တာက ကျွန်တော်တို့ အ နာဂတ် အတွက်ပဲ’’ဟု ဘုရင့်နောင်ကား ကြီးဝင်းစီမံကိန်းတွင် ပါဝင်သော လယ် ၈ ဧကပိုင်ရှင် ဦးရဲကျော်ဇောက ပြောသည်။

အစိုးရက ပြန်လည်ပေးမည့် ပမာဏနည်းပါး၍ လယ်သမား များအတွက် အဆင်မပြေသဖြင့် တိုးမြှင့်ပေးပါရန် တိုင်းဒေသကြီး အစိုးရကို တောင်းဆြို ခင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရက မဖြေရှင်းပေးနိုင်ပါက နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြ တောင်းဆိုမည်ဟု လယ် ၅ ဧက ပိုင်ရှင် ဦးေ အးကျော်က ပြော သည်။ ရန်ကုန်မြို့မှ မိုင် ၂၀ ခန့် အကွာအဝေးတွင်ရှိသော လိန် ကုန်းကျေးရွာအနီး လယ်မြေ ၄၅၇ ဧကကျော်ကို တပ်မတော်အစိုးရ က ၁၉၉၆ တွင် သစ်တောဝန်ကြီး ဌာနစီမံကိန်းများအတွက် သိမ်း ယူခဲ့သည်။

ထို့နောက် လယ်မြေဧက ၂၈၀ ကျော်တွင် သစ်အခြေခံစက် မှုလုပ်ငန်းများ အပါအဝင် ဝါးတ ရာစက်မှုဇုန်ကို အကောင်အထည် ဖော်ပြီးနောက် ကျန်ရှိ လယ်မြေ ဧက ၁၆၉ ဧကကျော်ကို ထိုစဉ်က သစ်တောဝန်ကြီးဌာနပိုင်အဖြစ် အစိုးရက ဆက်လက် ရယူထား ခဲ့သည်။

အစိုးရ သိမ်းယူထားသည့် မြေဖြစ်သော်လည်း လယ်သမား များကို လယ် ဆက်လက်လုပ်ကိုင် ခွင့်ပေးထားခြင်းဖြစ်သည်။ အဆို ပါလယ်မြေများသည် တစ်နှစ် လျှင် လယ်တစ်ဧကမှ မိုးစပါးတင်း၅၀ ကျော်ပုံမှန်ထွက်သည့် လယ် မြေများဖြစ်သည်ဟု လယ်သမား များက ပြောသည်။

လက်ရှိတွင် လယ်မြေ ၁၆၉ ဧကကျော်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အစိုးရသို့ ပြန်လည်ပေးအပ်ခဲ့၍ မူလပိုင် ရှင် လယ်သ များက မြေပြန်လည်ရယူခွင့်ကို အစိုးရထံမှ ရရှိထားသည်။

ထို့ကြောင့် ဘုရင့်နောင်ကား ကြီးဝင်းကို ၎င်းတို့လယ်မြေများသို့ ပြောင်းရွှေ့ လာမည်ဆိုပါက တောင်းဆိုထားသည့် ပမာဏ ထက် လျှော့မပေးနိုင်ကြောင်း လယ်သမားများက ပြောသည်။

ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်စေရန် တပ်မတော်က မြေ ပြန်လည် တောင်း ယူခြင်းကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ကား ကြီးဝင်းကို ဝါးတရာ စက်မှု ဇုန် အနီးသို့ ယခုနှစ်အတွင်း ပြောင်း ရွှေ့မည်ဟု ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service