ပလက်ဝစက်မှုဇုန် တည်ထောင်ရန် စက်မှုဝန်ကြီးဌာန စီစဉ်နေ

ပလက်ဝစက်မှုဇုန် တည်ထောင်ရန် စက်မှုဝန်ကြီးဌာန စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
30 May 2017 10:15 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ပလက်ဝစက်မှုဇုန် တည်ထောင်ရန်အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့်
စီစဉ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မေလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

ချင်းပြည်နယ်အတွင်း အရည်အသွေးတိုးမြှင့် ထုတ်လုပ်နိုင်သော
အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ SME ကို ပြန်လည် စိစစ်ပြီး
ချင်းရိုးရာယက်ကန်း ထုတ်ကုန်များ၊ ဂျင်း၊ '၀'ဥ၊
ကော်ဖီ အစရှိသည့် လုပ်ငန်းအသီးသီးက SME လုပ်ငန်းများဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့်စက်မှုဇုန်တည်ထောင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၄င်းက အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ပြောသည်။

“SME လုပ်ငန်းများ ဖွံ့ဖြိုးရေး ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့အခါမှာ နိုင်ငံတကာအဆင့်မီ
ထုပ်ပိုးမှု ပုံစံကအစ အဆင့်မြှင့်တင်ပေးဖို့ လိုအပ်နေတာကို တွေ့ရှိရပါတယ်၊ ဒီလို ဒီဇိုင်းအသစ်အဆန်းများ တီထွင်ဖို့အတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ရရှိရေးအတွက်လည်း
ချင်းပြည်နယ်မှာ ပလက်ဝစက်မှုဇုန် တည်ထောင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထိုသို့ စက်မှုဇုန်တည်ထောင်သည့်အခါ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးရေးအတွက် မရှိမ ဖြစ်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်သင်ကြားပေးရန်သက်မွေးသင်တန်းကျောင်းတစ်ခုကို ထည့်သွင်းတည်ဆောက်သွားမည်ဟု ၄င်းက ဆိုသည်။

“ဒီသင်တန်းမှ တစ်ဆင့် ရရှိလာမယ့် ပညာရပ်များ၊ ထုပ်လုပ်မှု
အသီးသီးဟာ မိရိုးဖလာအဆင့်မှနိုင်ငံတကာအဆင့်
အထိတိုးတက်သော ထုတ်ကုန်ပစ္စည်းများ ဖြစ်လာမှာ ဖြစ်တဲ့အတွက်
မိသားစုလုပ်ငန်းများမှ အစပြုပြီးတော့ နိုင်ငံတကာကို တင်ပို့နိုင်တဲ့ အဆင့်ထိရောက်ရှိဖို့အတွက်
စက်မှုဝန်ကြီးဌာနမှ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ချိုကပြောသည်။

စက်မှုဇုန်တည်ထောင်ပြီး ထုပ်ပိုးမှုပုံစံအပြင် ဈေးကွက်ရှာဖွေခြင်း လုပ်ငန်းများကိုလည်းကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ချေးငွေများ ရရှိရေးအတွက်ဆောင်ရွက်နေကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service