ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကျူးကျော်နေထိုင်သူတွေကို နေရာ ပြန် လည် ချထားပေးဖို့ ပြင်ဆင် နေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောပါတယ်။
သည်လ ၂၀ ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ပြည် ထောင်စု ဝန်ကြီးများ စီးပွားရေး လုပ်ငန်းရှင်များ လစဉ်တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ကျူးကျော်နေထိုင်သူတွေ စာရင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ မှာ စတင် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။
ကျူးကျော်နေထိုင်သူ စုစုပေါင်း မျှော်မှန်းထားတာ လူဦးရေ လေးသိန်းလောက် ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ လူဦးရေ လေးသိန်းခွဲ အထက် ရှိလာတာေ တွ့ရပါတယ်။ ဒါက ရန်ကုန်ရဲ့ စက်မှုဇုန် ဖွံ့ဖြိုးရေး အခြေအနေကလည်း လူ ဦးရေကို တိုးစေတဲ့ အခြေအနေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတတ်စေဖို့အတွက် စက်မှုဇုန်တွေထဲ ကျူးကျော်တွေကို ပြန်လည် နေ ရာချထားပေးဖို့ စီစဉ်နေ တာ ဖြစ်ပါတယ်။
ဦးဖြိုးမင်းသိန်းက “ကျူးကျော်နေထိုင်သူတွေကလဲ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ် တဲ့အတွက် သူတို့ကို စနစ်တကျ နေရာ ပြန်လည်ချထားပေးနိုင်ရေး ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေပါ စီစဉ်ထားတာ ဖြစ်ပါ တယ်။ သည်လို ဆောင်ရွက် နိုင်မှ စက်မှုဇုန်တွေ ကျူးကျော်ဖြစ်နေတဲ့ နေရာေ တွ ရှင်းနိုင်မှာ ဖြစ်ပါတယ်။ ကျူးကျော်တွေကို ရှင်းနိုင် မှ စက်မှုဇုန်တွေရဲ့ အ ဆင့်မြှင့် တင်ရေးကလည်း အောင်မြင်သွားမှာ ဖြစ်ပါတယ်။ စက်မှုဇုန်တွေရဲ့ မီး ရေး ထင်းရေးကစပြီး အခက်အခဲတွေလည်း အဆင်ပြေမှာ ဖြစ်ပါတယ်။
စက်မှုဇုန်တွေမှာ ကျူးကျော်တဲ့ နေရာမှာ လုပ်ငန်းရှင်တွေဘက်ကလည်း ကျူးကျော်တာတွေ ရှိပါ တယ်။ သည်အခြေအနေနဲ့ ပတ်သတ်ပြီး လမ်းပေါ်ကို ကျူးကျော်နေရင် တင်ထားတဲ့ ပစ္စည်းအားလုံး စည်ပင်ကနေ သိမ်းဆည်းသွား မှာ ဖြစ်ပါတယ်။ လမ်းမပေါ်မှာ ရောက်နေတဲ့ ပစ္စည်းအားလုံးကို ရှင်းမှာ ဖြစ် ပါတယ်။ လမ်းက ကားသွားလာဖို့ ဖြစ်ပါတယ်။ ကားရပ်နားမယ်ဆိုရင်လည်း ရပ်နားဖို့ ကွင်းမှာပဲ ရပ်ရမှာ ဖြစ်ပါတယ်။ လမ်းပေါ်မှာ ရပ်လို့ မရဘူး။ လုပ် ငန်း တာဝန်တစ်ခုခု ထမ်းဆောင်နေရင်တော့ ရပ်နားခွင့် ပေးမှာ ဖြစ်ပါတယ်။
“ညဘက် မီးရေး ထင်းရေး ကိစ္စ ဖြစ်လာတဲ့အခါမှာ ကွန်တိန်နာတင် ကား ကြီးတွေ ရပ်ထားတဲ့အတွက် မီးသတ်ကားတွေ ဝင်လို့ မရခဲ့တဲ့ အခြေအေ နတစ်ခုကိုလဲ လှိုင်သာယာမီးဘေးတစ်ခုမှာ ကြုံခဲ့ရပါ တယ်။ ဆီသိုလှောင် ထားတဲ့ နေရာကို ထိန်းနိုင်ဖို့ အခက်အခဲတွေ ကြုံခဲ့ရလို့” ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောပါတယ်။
Credit: The Kumudra