မန္တလေးတွင် အရစ်ကျစနစ်ဖြင့် အိမ်ရာရောင်းချပေးရန် အငြိမ်းစားဝန်ထမ်း စာရင်းကောက်မည်

မန္တလေးတွင် အရစ်ကျစနစ်ဖြင့် အိမ်ရာရောင်းချပေးရန် အငြိမ်းစားဝန်ထမ်း စာရင်းကောက်မည် - Property News in Myanmar from iMyanmarHouse.com
23 May 2017 10:22 am တွင် တင်ခဲ့သည်
1579 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းရှိ အငြိမ်း စားဝန်ထမ်းများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချ မည့် အိမ်ရာ များဆောက်လုပ်မည်ဖြစ်ပြီး ၀ယ် ယူခွင့်ရရှိမည့် ၀န်ထမ်းဦးရေ ကို စာရင်းကောက်ယူမည်ဟု မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာန ၀န်ကြီးဦးဇာနည် အောင်က ပြော သည်။

အိမ်ရာများဆောက်လုပ်ရန် အစိုးရက ဘတ်ဂျက်ချထားခြင်း မရှိဘဲ ချေးငွေ စနစ်ဖြင့်လည်း ကောင်း၊ တိုင်းဒေသကြီးအစီအ စဉ်ဖြင့်လည်းကောင်းေ ဆာက်လုပ်ရမည်ဖြစ်၍ မြေနေရာအနေအ ထားနှင့် ဆောက်လုပ်မည့် တိုက် ခန်းအရေအတွက်ကို စာရင်းထုတ်ပြန် နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆို သည်။

‘‘မြေနေရာရှာရဦးမယ်။ ၀န် ထမ်းတွေသက်သောင့်သက်သာ နဲ့ဝယ်နိုင်ေ အာင် ပြည်ထောင်စု စီးပွားရေးကော်မတီကနေ ဈေး ကို ထုတ်ပြန် သတ် မှတ်ပေးတာ။ သို့သော်လည်း တိုင်းဒေသကြီး အစိုးရအစီအမံနဲ့ပဲ လုပ်ရ မှာဖြစ်တယ်။ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ စ တဲ့နှစ်တွေမှာ အငြိမ်းစားယူမယ့် ၀န်ထမ်းတွေဘယ်လောက် ရှိ တယ်ဆိုတာ စာရင်းမရသေးဘူး။ နောက်ပြီး ဘယ်နှယောက်လိုချင် လဲဆိုတာ စာရင်း ကောက်ယူရဦး မှာပါ’’ ဟု ဦးဇာ နည်အောင်က ပြောသည်။

အငြိမ်းစားဝန်ထမ်းများ အ တွက် ဆောက်လုပ်သည့် အိမ်ရာ တွင် ၀ယ်ယူခွင့် ရရှိသူများသည် လက်ရှိ တာဝန်ထမ်းဆောင်နေ သည့် ၀န်ထမ်းများအနက် သုံးနှစ် အတွင်း အငြိမ်းစားယူမည့် ၀န် ထမ်းများအား ဦးစားပေးရောင်း ချ မည်ဟု ဆိုသည်။

အိမ်ရာစီမံကိန်းအတွက် လတ်တလော သတ်မှတ်ထား သည့် အကျယ်အ ၀န်းနှင့် တန်ဖိုး မှာ စတုရန်းပေ ၄၀၀ အကျယ်ရှိ တစ်ခန်းလျှင် ကျပ်သိန်း ၉၀၊ စတုရန်းပေ ၅၀၀ အကျယ်ရှိ တစ်ခန်းလျှင် ကျပ် ၁၁၅ သိန်း၊ စတုရန်းပေ ၆၀၀ အကျယ်ရှိ တစ် ခန်းလျှင် ကျပ်သိန်း ၁၄၀၊ စတုရန်းပေ ၇၅၀ အကျယ်ရှိ တစ် ခန်းလျှင် ကျပ်သိန်း ၁၇၀၊ စတု ရန်းပေ ၉၀၀ အကျယ်ရှိ တစ်ခန်း လျှင် ကျပ်သိန်း ၂၀၀ သတ်မှတ် ထားပြီး အရစ်ကျငွေပေးချေနိုင် သည့် နှစ်ကာလ ကို ငါးနှစ်မှ ၁၅ နှစ်အထိ သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ စုံ စမ်းသိရသည်။

မန္တလေးမြို့၌ အစိုးရ၀န် ထမ်းများ၊ အငြိမ်းစားများအတွက် ၂၀၁၃ နှစ်ကုန် တွင် ရောင်းချခဲ့ သော အခန်း ၁,၃၀၀ကျော်ရှိသည့် မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာ၊ ၂၀၁၆ မတ်လတွင် အရစ်ကျစနစ် ဖြင့် အခန်း ၄၃၀ ရောင်း ချခဲ့ေ သာ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း(၁)နှင့် ၂၀၁၇ လွတ်လပ် ရေးနေ့ တွင် ရောင်းချခဲ့သော အခန်း ၅၆၀ ပါ မြရည်နန္ဒာ တန် ဖိုးမျှတအိမ်ရာ အပိုင်း (၂)၊ ၂၀၁၆ မတ်လတွင် ကျူးကျော်နေထိုင်သူ များအတွက် အခန်းပေါင်း ၁,၅၀၀ ကျော်ပါပြီး တစ်လ သုံး သောင်းကျပ်ဖြင့် ငှားရမ်းခဲ့သော အငှားအိမ် ရာ အပါအ၀င် အိမ်ရာ စီမံကိန်း စုစုပေါင်းလေးခုရှိပြီဖြစ် သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service