မြန်မာ့ရွှေဈေးဟာ သည်တစ်ပတ်မှာကျပ် ၈၉၀,ဝ၀ဝ အောက်ကို ကျဆင်းခဲ့ေ ပမဲ့ လာမယ့်ဈေးကွက်အဖွင့် မှာတော ဈေးပြန်လည် မြင့်တက်နိုင်တယ် လို့ ရွှေဈေးကွက်လေ့ လာသုံးသပ်သူတွေက ပြောပါတယ်။
အမေရိကန် သမ္မတထရမ့်ရဲ့ အက်ဖ်ဘီအိုင်အပြောင်းအလဲကြောင့် ကမ္ဘာ့ေ ဈးပြန်တက်တယ်။ လာမယ့်ဈေးအဖွင့်မှာဈေးပြန်တက်နိုင် တယ်လို့ ရွှေေ ဈးကွက် လေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ခြောက်ကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုနဲ့ ထရမ့်ရဲ့ FBI အပြောင်းအလဲက ကမ္ဘာ့ရွှေဈေးကို လှုပ်ခတ်စေပါတယ်။ ဈေးကွက် မပိတ်ခင် တစ်ရက်အလိုက ကမ္ဘာ့ရွှေတစ်အောင်စ ကို ၁၂၁၅ ဝန်းကျင်ရှိရာ မှ ဈေးကွက်အပိတ်မှာ ၁၂၂၀ ကျော်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးလေ့လာသုံးသပ်သူ တွေကတော့ ဈေးအတက် ၇၁ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။
ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၈၉၀,ဝ၀ဝ အောက် ပြန်လည် ကျဆင်းခဲ့ပေမဲ့ ကမ္ဘာ့ရွှေအတက်ကြောင့် ဈေးမြင့် တက်ဖွယ်ရှိတယ်လို့ သိရ ပါတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးကို ခဏတာစောင့်ကြည့်သင့်တယ်လို့ အ ကြံပြုကြပါတယ်။
Credit: The Kumudra