ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်ရောက်လာ

ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
11 May 2017 11:18 am တွင် တင်ခဲ့သည်
1960 ကြိမ် ကြည့်ရှု့ပြီး
မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းေ ကြာင့် ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်လည် ရောက်ရှိ လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၁၉ ရက်အတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၅၀ ခန့် မြင့်တက်ခဲ့ရာ ၁၂၉၁ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၁ ရက် နောက်ပိုင်း တအိအိ ပြန်လည်ကျဆင်းခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၁၂၆၆ ဒေါ်လာ အထိေ ရာက်ရှိခဲ့သည်။ မေ ၁ ရက်တွင် ၁၂၆၁ ဒေါ်လာဖြင့် စဖွင့်ခဲ့ပြီး မေ ၂ ရက် တွင် ၁၂၅၅ ဒေါ်လာ၊ မေ ၃ ရက်တွင် ၁၂၄၆ ဒေါ်လာ၊ မေ ၄ ရက်တွင် ၁၂၃၄ ဒေါ်လာ၊ မေ ၅ ရက်တွင် ၁၂၃၃ ဒေါ်လာ၊ မေ ၈ ရက်တွင် ၁၂၂၅ ဒေါ်လာ၊ မေ ၉ ရက်တွင် ၁၂၁၄ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၁၂၂၁ ဒေါ်လာအထိ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ် လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဇန်န၀ါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၂၄ တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေး သည် ပြန်လည် ကျဆင်းခဲ့ရာ မတ် ၁၀ ရက် တွင် ဒေါ်လာ ၁၂၀၀ အောက် အထိ ရောက်ရှိခဲ့ပြီး မတ် ၂၀ ရက်တွင် ဒေါ်လာ ၁၂၃၀ အထက်၊ မတ် ၂၂ ရက်တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ မတ် ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် ၁၂၄၁ေ ဒ်ါလာအထိ ကျဆင်းခဲ့ပြီး ဧပြီ ၇ ရက်တွင် ဒေါ်လာ ၁၂၇၀ အထက်၊ ဧပြီ ၁၄ ရက်တွင် ဒေါ်လာ ၁၂၈၀ အထက်၊ ဧပြီ ၁၈ ရက်တွင် ဒေါ်လာ ၁၂၉၀ အထက်သို့ ဆက်တိုက် မြင့်တက်ခဲ့ကာ ဧပြီ ၂၁ ရက်တွင် ၁၂၈၀ ကျော်၊ ဧပြီ ၂၄ ရက်တွင် ၁၂၇၀ ကျော်၊ ဧပြီ ၂၅ ရက်တွင် ၁၂၆၀ ကျော်၊ မေ ၄ ရက် တွင် ၁၂၃၀ ကျော်၊ မေ ၈ ရက်တွင် ၁၂၂၀ ကျော်၊ မေ ၉ ရက်တွင် ၁၂၁၀ေ ကျာ်အထိ ပြန်လည် ကျဆင်းခဲ့သည်။

ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်ပြီး မတ် ၃၁ ရက်တွင် ကျပ် ၈၉၈၉၀၀ သာ ရှိခဲ့ခြင်းဖြစ်သည်။ ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက်တွင် ကျပ် ၉၀၉၈၀၀ အထိ ရောက်ရှိခဲ့ပြီး သင်္ကြန်ကာလပြီးနောက်ေ ဈးကွက် ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်တွင် ကျပ် ၉၁၁၈၀၀ ဖြင့် စံချိန်သစ် တင်ခဲ့သည်။ ဧပြီ ၄ ရက်ကစပြီး မေ ၃ ရက်အထိ ပြည်တွင်း ရွှေဈေးသည် ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ပြီး မေ ၄ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အောက် ဆင်းခဲ့ပြီး မေ ၁၀ ရက်တွင် ကျပ် ၈၉၁၄၀၀ အထိ ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service