အစိုးရသစ်လက်ထက်တွင်ထမဦးဆုံးစတင်မည့်မအူပင်စက်မှုဇုန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေလ ၉ရက် က ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်၊ညောင်ဝိုင်းကျေးရွာအနီး စီမံကိန်းမြေနေရာတွင်ပြုလုပ်ခဲ့သည်။
အကျယ်၂၈၃ ဒသမ ၄၁ ဧကရှိသော ယင်းစီမံကိန်းကို Maubin United Development co.ltd (JV) မှ ဦးဆောင်၍ ၂၄၉ ဒသမ ၄၈ ဧက ကို စက်မူဇုန်စီမံကိန်း၊ ၃၃ ဒသမ ၉၃ ဧက ကို အိမ်ရာမြေကွက်စီမံကိန်းများ တည်ဆောက်မည် ဖြစ်ကြောင်း ၊ လွန်ခဲ့သော၂၀၁၅-၂၀၁၆ခုနှစ်ကပင်မြေယာလုပ်ငန်းများ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ကြောင်း၊စီမံကိန်းကို လာမည့် ၂၀၂၀ ပြည့်နှစ် အတွင်း အပြီးသတ်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
"ဒီစက်မူဇုန်စီမံကိန်းကရှန်ဟိုင်းကစီးပွားရေးလုပ်ငန်းရှင်အသင်းနဲ့မြန်မာလယ်သမားတွေပူးပေါင်းပါဝင်ခွင့်ရပြီးလုပ်ကိုင်တာဖြစ်ပါတယ်ဒီစက်မူဇုန်စီမံကိုအကောင်အထည်ဖော်ခြင်းအားဖြင့်လည်းဒီဒေသကနေရွေ့ပြောင်းလုပ်ကိုင်တဲ့
သူတွေကမိသားစုနဲ့နေရပ်ကိုပြန်ပြီးလုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်၊ပြီးတော့ကုန်သွယ်ခွင့်လမ်း ကြောင်းနဲ့ပတ်သက်ပြီးတော့လည်းသီလဝါဆိပ်ကမ်းနဲ့ ကုန်းလမ်းကြောင်းနဲ့ဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ကုန်စည်စီးဆင်းမူမြန်ဆန်စေမှာဖြစ်ပါ တယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးအောင်ထူးကအဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါစက်မူဇုန်စီမံကိန်းကိုနိုင်ငံခြားသား ၅၅ ရာခိုင်နှုန်း ၊ မြန်မာနိုင်ငံသားမှ ၄၅ ရာခိုင်နှုန်း ပူးပေါင်းရင်းနှီးမြုပ်နှံကြမည်ဖြစ်ကြောင်းသိရသည်။
ယခင်အစိုးရလက်ထက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း လက်ရှိစက်မှုဇုန်ထက် အဆင့်မီသော စက်မှုဇုန်တစ်ခုဖော်ဆောင်ရန် စီစဉ်ခဲ့သေးသော်လည်းမအောင်မြင်ခဲ့ပေ။
Credit: Pyi Myanmar