ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းဆွဲတင်မှုကြောင့် ပြင်ပ ငွေကြေးဈေးကွက် ကန်ဒေါ်လာဈေးတည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲများနေသည်။
မေလ ၉ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ် လာလျှင် ၁,၃၆၂ ကျပ်ဖြစ်၍ မေ လ ၈ ရက်ထက် တစ်ဒေါ်လာလျှင်၃ ကျပ်ခန့် မြင့်တက်လာသည်။
ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ပြင်ပငွေကြေးဈေးကွက် ထက် မြင့်တက်ခြင်းသည် ပုဂ္ဂလိ ကဘဏ်များရှိ ငွေလဲကောင်တာ များတွင် ကန်ဒေါ်လာအရောင်းအ၀ယ်ပြုလုပ်ခြင်း၌ အခက်အခဲဖြစ်နိုင်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။ဗဟိုဘဏ်ရည်ညွှန်းငွေ
လဲ နှုန်းမြင့်တက်ရခြင်းသည် ဗဟို ဘဏ်တွင် နေ့စဉ်ပြုလုပ်သော ပုဂ္ဂလိကဘဏ်များ၏ လေလံဈေး ကွက်တွင် တန်ဖိုးတိုးမြှင့်သတ် မှတ်ခြင်းကြောင့်ဟု ပုဂ္ဂလိက ဘဏ်မှ အရာရှိတစ်ဦးကပြော သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်း များအတွက် ငွေပေးငွေယူမှုလျော့
နည်းနေသည့် အခြေအနေမျိုးဖြစ် နေ၍ ပြင်ပဈေးကွက်တွင် ဒေါ်လာအရောင်းအ၀ယ်လျော့နည်းနေသည်ဟု ပို့ကုန်လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။
ပြင်ပဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးတည်ငြိမ်သော်လည်း ကမ္ဘာရွှေဈေးကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေးလိုက်ပါကျဆင်းခဲ့သည်။ ကမ္ဘာရွှေဈေးသည် မေလ ၂ ရက်က တစ်အောင်စလျှင် ၁,၂၃၆
ဒေါ်လာမှ မေလ ၈ ရက်တွင် ၁,၂၂၉ ဒေါ်လာသို့ ကျဆင်းလာသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေး တစ်ကျပ် သားလျှင် ရှစ်သိန်းကိုးသောင်း ခြောက်ထောင်ကျပ်မှ ရှစ်သိန်းကိုး သောင်းသုံးထောင်ကျပ်သို့ ကျ ဆင်းလာသည်။
Credit: 7Daydaily